ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
မြန်မာ့စီးပွားရေးဘဏ်
ကြော်ငြာစာအမှတ် (၃/ ၂၀၂၅)
လျှောက်လွှာခေါ်ယူခြင်း
၁။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော သန့်ရှင်းရေးအကူ (လစာနှုန်းကျပ် ၁၄၄၀၀၀ - ၂၀၀၀ - ၁၅၄၀၀၀) ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်။
၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည် -
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) အခြေခံပညာ အလယ်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
( ဂ ) အမျိုးသမီးများ ဦးစားပေးရွေးချယ်မည်။
(ဃ) နယ်စပ်ဒေသအပါအဝင် ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
( င ) ရွေးချယ်ခန့်ထားခြင်းခံရပါက စတင်တာဝန်ထမ်းဆောင်ရသည့်ဒေသတွင် အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်ရမည်။
( စ ) ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၃၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဆ) ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဘူးခြင်း မရှိသူဖြစ်ရမည်။
၃။ လျှောက်လွှာပုံစံများကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင်ရယူနိုင်ပြီး စာမေးပွဲဝင်ကြေးငွေ ကျပ် ၁၀၀၀/- (ကျပ် တစ်ထောင်တိတိ) ကို မိမိဖြေဆိုလိုသည့်စာစစ်ဌာန (နေပြည်တော်ဘဏ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး) များတွင် Sundry Deposit A/C Miscellaneous သို့ ပေးသွင်းရပါမည်။
၄။ လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည် -
(က) အခြေခံပညာအလယ်တန်းအောင်မြင်ကြောင်း ထောက်ခံစာမိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေး ထိုးရန်)
( ခ ) ပတ်စ်ပို့အရွယ်ဓါတ်ပုံ (၅) ပုံ
( ဂ ) (၁) လအတွင်းရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း
(ဃ) သက်ဆိုင်ရာ ရဲစခန်းမှ (၁) လအတွင်း ရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း
( င ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( စ ) အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
(ဆ) ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဘူးခြင်းမရှိကြောင်း ကိုယ်တိုင်ဝန်ခံချက်
၅။ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ သန့်ရှင်းရေးအကူ ရာထူးနေရာများအား အောက်ဖော်ပြပါ အရေအတွက်အတိုင်း ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ပါသည် -
စဉ် | နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် | ခန့်ထားမည့်ဦးရေ | |
သန့်ရှင်းရေးအကူ | |||
၁ | နေပြည်တော် | (၂) | ဦး |
၂ | ကချင်ပြည်နယ် | (၁) | ဦး |
၃ | ကယားပြည်နယ် | (၁) | ဦး |
၄ | ကရင်ပြည်နယ် | (၂) | ဦး |
၅ | စစ်ကိုင်းတိုင်းဒေသကြီး | (၄) | ဦး |
၆ | တနင်္သာရီတိုင်းဒေသကြီး | (၂) | ဦး |
၇ | ပဲခူးတိုင်းဒေသကြီး | (၁၅) | ဦး |
၈ | မန္တလေးတိုင်းဒေသကြီး | (၄) | ဦး |
၉ | မွန်ပြည်နယ် | (၁) | ဦး |
၁၀ | ရန်ကုန်တိုင်းဒေသကြီး | (၁၂) | ဦး |
၁၁ | ရှမ်းပြည်နယ် | (၂) | ဦး |
၁၂ | ဧရာဝတီတိုင်းဒေသကြီး | (၄) | ဦး |
စုစုပေါင်း | (၅၀) | ဦး |
၆။ လျှောက်ထားသူများသည် လျှောက်လွှာကို မိမိလျှောက်လွှာရယူခဲ့သည့် စာစစ်ဌာန (နေပြည်တော်ဘဏ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး) များသို့ (၃၀ - ၁၀ - ၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။
၇။ လျှောက်ထားသူများကို (၃ - ၁၁ - ၂၀၂၅) ရက်နေ့ နံနက် (၉) နာရီ၌ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် လူတွေ့စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခန့်ထားသည့်အမည်စာရင်းကို သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ပါသည်။
၈။ ဖြေဆိုခွင့်ကတ်ပြားများကို (၃၁ - ၁၀ - ၂၀၂၅) ရက်နေ့တွင် မိမိလျှောက်ထားသည့် စာစစ်ဌာနများ၌ ထုတ်ပေးမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရန်ဖြစ်ပါသည်။
၉။ အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက နေပြည်တော်ဘဏ်သို့ဖြစ်စေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများသို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်