JICA(ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်း အစီအစဉ်ဖြင့် SMEs လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးခြင်း
၁။ JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းကို စီမံကိန်း အဆင့် - ၁၊ အဆင့် - ၂ နှင့် အဆင့် - ၃ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ စီမံကိန်းအဆင့် - ၁ (MY-P 12) ကို ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။စီမံကိန်းအဆင့် - ၁ တွင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ဂျပန်ယန်း ( ၄ . ၇၇၄ )ဘီလီယံနှင့်ညီမျှသော မြန်မာကျပ် ( ၅၇ . ၆၃၄ )ဘီလီယံကို ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်း (Participating Financial Institution-PFIs) ဖြစ်သော ကမ္ဘောဇဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ CB Bank PCL နှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် စသည့် ပုဂ္ဂလိကဘဏ် ( ၆ )ဘဏ်မှတစ်ဆင့် SMEs လုပ်ငန်းရှင် ( ၂၆၉ ) ဦးသို့ ငွေကျပ်(၅၇.၆၃၄)ဘီလီယံထုတ်ချေးခဲ့ပါသည်။ PFIs ဘဏ်များမှ အရင်းပြန်လည်ပေးဆပ်ငွေများကို Revolving Fund A/C တွင် ထည့်သွင်းထားရှိပြီး ပြန်လည်ထုတ်ချေးခဲ့ရာ ( ၃၀-၉ - ၂၀၂၅ )ရက်နေ့အထိ SME လုပ်ငန်းရှင်( ၄၄၈ )ဦးသို့ ငွေကျပ်( ၁၁၇.၂၅၁ )ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် စီမံကိန်းအဆင့် - ၁ အတွက် စုစုပေါင်း SME လုပ်ငန်းရှင်( ၇၁၇ )ဦးသို့ ချေးငွေကျပ် ( ၁၇၄.၈၈၅ ) ဘီလီယံထုတ်ချေးခဲ့ပြီး ဖြစ်ပါသည်။
၃။ စီမံကိန်းအဆင့် - ၂ (MY-P 23) ကို ၂၀၁၈ ခုနှစ်၊ Mini-Budget တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအဆင့် - ၂ တွင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ဂျပန်ယန်း ( ၁၄ . ၅ )ဘီလီယံနှင့်ညီမျှသော မြန်မာကျပ် ( ၁၉၄ . ၉၆၅ )ဘီလီယံကို ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်း (Participating Financial Institution-PFIs)ဖြစ်သော ကမ္ဘောဇဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ CB Bank PCL ၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊ မြန်မာ့စီးပွားရေးဘဏ်၊ ပထမပုဂ္ဂလိကဘဏ်လီမိတက်၊ ယူအေဘီဘဏ်လီမိတက်နှင့်နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်စသည့်ပုဂ္ဂလိကဘဏ်(၁၁)ဘဏ်မှတစ်ဆင့်(၃၀-၉-၂၀၂၅) ရက်နေ့အထိ ပုံမှန်ချေးငွေ (Ordinary Loan) အဖြစ် SMEs လုပ်ငန်းရှင် ( ၇၃၃ )ဦးသို့ ချေးငွေကျပ် ( ၁၂၃.၁၃၄ ) ဘီလီယံထုတ်ချေးခဲ့ပါသည်။ COVID-19 ကြောင့် စီးပွားရေးထိခိုက်ခဲ့သော အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များသို့ ( ၂၆ - ၆ - ၂၀၂၀ ) ရက်နေ့မှစတင်၍ ( ၃၀-၉ - ၂၀၂၅ )ရက်နေ့အထိ SME လုပ်ငန်းရှင် ( ၅၇၅ ) ဦးသို့ ချေးငွေကျပ် ( ၇၁ . ၈၃၁ ) ဘီလီယံအား Emergency Loan အဖြစ် ထုတ်ချေးခဲ့ပါသည်။ PFIs ဘဏ်များမှ အရင်းပြန်လည်ပေးဆပ်ငွေများကို Revolving Fund A/C တွင် ထည့်သွင်းထားရှိပြီး ပြန်လည်ထုတ်ချေးခဲ့ရာ ( ၃၀-၉ - ၂၀၂၅ ) ရက်နေ့အထိ SME လုပ်ငန်းရှင် ( ၇၃၆ ) ဦးသို့ ငွေကျပ် ( ၂၂၄.၉၀၅ )ဘီလီယံထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် စီမံကိန်းအဆင့် - ၂ အတွက် စုစုပေါင်း SME လုပ်ငန်းရှင် (၂၀၄၄)ဦးသို့ ချေးငွေကျပ် ( ၄၁၉.၈၇၀ ) ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။
၄။ စီမံကိန်းအဆင့် - ၃ (MY-P 34) နှင့်ပတ်သက်၍ ( ၄ - ၁၁ - ၂၀၂၀ ) ရက်နေ့တွင် ဂျပန်နိုင်ငံအစိုးရကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံအစိုးရကိုယ်စား ငွေတိုက်ဦးစီးဌာနတို့အကြား ချေးငွေစာချုပ် (Loan Agreement) ကို ချုပ်ဆိုခဲ့ပြီးဖြစ်ပါသည်။ ချေးငွေထုတ်ချေးခြင်း အစီအစဉ်များကို JICA မှ ယာယီဆိုင်းငံ့ထားပါသည်။
စီမံကိန်းကြီးကြပ်မှုအဖွဲ့ (PMU)