ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

မြန်မာ့စီးပွားရေးဘဏ်

ကြော်ငြာစာအမှတ် (၃/ ၂၀၂၅)

လျှောက်လွှာခေါ်ယူခြင်း

 

၁။  ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော သန့်ရှင်းရေးအကူ (လစာနှုန်းကျပ် ၁၄၄၀၀၀ - ၂၀၀၀ - ၁၅၄၀၀၀) ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်။ 

၂။       အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည် - 

          (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

          ( ခ )   အခြေခံပညာ အလယ်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

          ( ဂ )   အမျိုးသမီးများ ဦးစားပေးရွေးချယ်မည်။

          (ဃ)    နယ်စပ်ဒေသအပါအဝင် ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

          ( င )   ရွေးချယ်ခန့်ထားခြင်းခံရပါက စတင်တာဝန်ထမ်းဆောင်ရသည့်ဒေသတွင် အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်ရမည်။

          ( စ )   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၃၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

          (ဆ)    ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဘူးခြင်း မရှိသူဖြစ်ရမည်။

၃။    လျှောက်လွှာပုံစံများကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်း​ဒေသကြီး/ ပြည်နယ်ရုံးများတွင်ရယူနိုင်ပြီး စာမေးပွဲဝင်ကြေးငွေ ကျပ် ၁၀၀၀/- (ကျပ် တစ်ထောင်တိတိ) ကို မိမိဖြေဆိုလိုသည့်စာစစ်ဌာန (နေပြည်တော်ဘဏ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး) များတွင် Sundry Deposit A/C Miscellaneous သို့ ပေးသွင်းရပါမည်။ 

၄။      လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည် -

          (က)    အခြေခံပညာအလယ်တန်းအောင်မြင်ကြောင်း ထောက်ခံစာမိတ္တူ        (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

          ( ခ )   ပတ်စ်ပို့အရွယ်ဓါတ်ပုံ (၅) ပုံ

        ( ဂ )   (၁) လအတွင်းရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း

          (ဃ)    သက်ဆိုင်ရာ ရဲစခန်းမှ (၁) လအတွင်း ရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း

          ( င )   နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

          ( စ )   အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

          (ဆ)    ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဘူးခြင်းမရှိကြောင်း ကိုယ်တိုင်ဝန်ခံချက်

၅။     နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ သန့်ရှင်းရေးအကူ ရာထူးနေရာများအား အောက်ဖော်ပြပါ အရေအတွက်အတိုင်း ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ပါသည် -

စဉ်

နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်

ခန့်ထားမည့်ဦးရေ

သန့်ရှင်းရေးအကူ

နေပြည်တော်

   (၂)

ဦး

ကချင်ပြည်နယ်

(၁)

ဦး

ကယားပြည်နယ်

(၁)

ဦး

ကရင်ပြည်နယ်

(၂)

ဦး

စစ်ကိုင်းတိုင်းဒေသကြီး

(၄)

ဦး

တနင်္သာရီတိုင်းဒေသကြီး

(၂)

ဦး

ပဲခူးတိုင်းဒေသကြီး

(၁၅)

ဦး

မန္တလေးတိုင်းဒေသကြီး

(၄)

ဦး

မွန်ပြည်နယ်

(၁)

ဦး

၁၀

ရန်ကုန်တိုင်းဒေသကြီး

(၁၂)

ဦး

၁၁

ရှမ်းပြည်နယ်

(၂)

ဦး

၁၂

ဧရာဝတီတိုင်းဒေသကြီး

(၄)

ဦး

စုစုပေါင်း

(၅၀)

ဦး

၆။      လျှောက်ထားသူများသည် လျှောက်လွှာကို မိမိလျှောက်လွှာရယူခဲ့သည့် စာစစ်ဌာန (နေပြည်တော်ဘဏ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး) များသို့ (၃၀ - ၁၀ - ၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။

၇။      လျှောက်ထားသူများကို (၃ - ၁၁ - ၂၀၂၅) ရက်နေ့ နံနက် (၉) နာရီ၌ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်း​ဒေသကြီး/ ပြည်နယ်ရုံးများတွင် လူတွေ့စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခန့်ထားသည့်အမည်စာရင်းကို သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ပါသည်။

၈။      ဖြေဆိုခွင့်ကတ်ပြားများကို (၃၁ - ၁၀ - ၂၀၂၅) ရက်နေ့တွင် မိမိလျှောက်ထားသည့် စာစစ်ဌာနများ၌ ထုတ်ပေးမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရန်ဖြစ်ပါသည်။

၉။      အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက နေပြည်တော်ဘဏ်သို့ဖြစ်စေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများသို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

 

 

 

မြန်မာ့စီးပွားရေးဘဏ်

Leave a comment

Your email address will not be published. Required fields are marked *