ချိတ်ပိတ်စျေးနှုန်းလွှာများခေါ်ယူခြင်း

ပစ္စည်းဝယ်ယူရေးအဖွဲ့

 

          မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာနခွဲမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် e-Pension လုပ်ငန်းအသုံးပြုရန် Paper Roll(၄၅၀၀)လိပ်ဝယ်ယူရန် အောက်ဖော်ပြပါစည်းကမ်းချက်များနှင့် ချိတ်ပိတ်စျေးနှုန်းလွှာများကို တင်သွင်းရန် ဖိတ်ခေါ်ပါသည်။  

(၁)  ပစ္စည်းအရည်အသွေးသည် အောက်ပါလိုအပ်ချက်ဖြင့် ပြည့်စုံရမည် -  

       Double Paper Roll ( 2 ply, 3” inches )  

(၂)  ချိတ်ပိတ်စျေးနှုန်းလွှာများကို (၂၁-၁၀-၂၀၂၅) ရက်နေ့ ညနေ(၄:၀၀)နာရီနောက်ဆုံးထား၍ ပေးပို့ရမည်။ စာအိတ်တွင် “ဥက္ကဋ္ဌ၊ ပစ္စည်း         ဝယ်ယူရေးအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာနခွဲ၊ နေပြည်တော်”ဟု ဖော်         ပြရမည်။  

(၃)  ရွေးချယ်ခံရသည့် ပစ္စည်းတင်သွင်းခွင့်ရသူသည် (၁)လအတွင်း ပစ္စည်းပေးသွင်းအပ်နှံမှုပြုရမည်။  

(၄)   အကြောင်းတစ်စုံတစ်ရာတင်ပြခြင်းမရှိဘဲ စျေးနှုန်းတင်သွင်းလွှာများကို ပယ်ဖျက်ပိုင်ခွင့်မရှိပါ။  

(၅)  အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်းမြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာနခွဲ၊ e-        Pension ဌာနစိတ်၊ နေပြည်တော်၊  ဖုန်း-၀၆၇-၃၄၁၄၉၀၁ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။            

           

Leave a comment

Your email address will not be published. Required fields are marked *