ချိတ်ပိတ်စျေးနှုန်းလွှာများခေါ်ယူခြင်း
“ ပစ္စည်းဝယ်ယူရေးအဖွဲ့ ”
မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာနခွဲမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် e-Pension လုပ်ငန်းအသုံးပြုရန် Paper Roll (၄၅၀၀)လိပ် ဝယ်ယူရန် အောက်ဖော်ပြပါစည်းကမ်းချက်များနှင့် ချိတ်ပိတ်စျေးနှုန်းလွှာများကို တင်သွင်းရန် ဖိတ်ခေါ်ပါသည်။
(၁) ပစ္စည်းအရည်အသွေးသည် အောက်ပါလိုအပ်ချက်ဖြင့် ပြည့်စုံရမည် -
Double Paper Roll ( 2 ply, 3” inches )
(၂) ချိတ်ပိတ်စျေးနှုန်းလွှာများကို (၂၁-၁၀-၂၀၂၅) ရက်နေ့ ညနေ(၄:၀၀)နာရီနောက်ဆုံးထား၍ ပေးပို့ရမည်။ စာအိတ်တွင် “ဥက္ကဋ္ဌ၊ ပစ္စည်း ဝယ်ယူရေးအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာနခွဲ၊ နေပြည်တော်” ဟု ဖော် ပြရမည်။
(၃) ရွေးချယ်ခံရသည့် ပစ္စည်းတင်သွင်းခွင့်ရသူသည် (၁)လအတွင်း ပစ္စည်းပေးသွင်းအပ်နှံမှု ပြုရမည်။
(၄) အကြောင်းတစ်စုံတစ်ရာတင်ပြခြင်းမရှိဘဲ စျေးနှုန်းတင်သွင်းလွှာများကို ပယ်ဖျက်ပိုင်ခွင့်မရှိပါ။
(၅) အသေးစိတ်သိရှိလိုပါကရုံးချိန်အတွင်းမြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာနခွဲ၊ e-Pension ဌာနစိတ်၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၄၉၀၁ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။