၁။     ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး/ ငွေကိုင် (၄) (လစာနှုန်းကျပ် ၁၈၀၀၀၀ - ၂၀၀၀ - ၁၉၀၀၀၀) ရာထူး နေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း ဖြစ်ပါသည်။ 

၂။       အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည် - 

          (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

          ( ခ )   တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။

          (စီးပွားရေးဘွဲ့၊ ဥပဒေဘွဲ့၊ အင်္ဂလိပ်စာဘွဲ့၊ ကွန်ပျူတာဘွဲ့ ရရှိပြီးသူများကို ဦးစားပေးမည်)

          ( ဂ )   အိမ်ထောင်မရှိသူ အမျိုးသားများအား ဦးစားပေးရွေးချယ်မည်။

          (ဃ)    နယ်စပ်ဒေသအပါအဝင် ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

          ( င )   ရွေးချယ်ခန့်ထားခြင်းခံရပါက စတင်တာဝန်ထမ်းဆောင်ရသည့်ဒေသတွင် အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်ရမည်။

                             ( စ )   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၃၀) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

၃။      လျှောက်လွှာပုံစံများကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်း​ဒေသကြီး/ ပြည်နယ်ရုံးများတွင် ရယူနိုင်ပြီး စာမေးပွဲဝင်ကြေးငွေ ကျပ် ၁၀၀၀/- (ကျပ် တစ်ထောင်တိတိ) ကို မိမိဖြေဆိုလိုသည့်စာစစ်ဌာန (နေပြည်တော်ဘဏ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး) များတွင် Sundry Deposit A/C Miscellaneous သို့ ပေးသွင်းရပါမည်။ 

၄။      လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည် -

          (က)    ဘွဲ့လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

          ( ခ )   အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်လက်မှတ်/ အခြေခံပညာအထက်တန်း              အောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

          ( ဂ )   တက္ကသိုလ်ဝင်တန်း/ အခြေခံပညာအထက်တန်းအောင်အမှတ်စာရင်း

          (ဃ)    ပတ်စ်ပို့အရွယ်ဓါတ်ပုံ (၅) ပုံ

          ( င )   (၁) လအတွင်းရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း

          ( စ )   သက်ဆိုင်ရာ ရဲစခန်းမှ (၁) လအတွင်းရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း

          (ဆ)    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

          ( ဇ )   အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

          ( ဈ )   ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဘူးခြင်းမရှိကြောင်း ကိုယ်တိုင်ဝန်ခံချက်

၅။          နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ အငယ်တန်းစာရေးနှင့် ငွေကိုင် (၄) ရာထူးနေရာများအား အောက်ဖော်ပြပါ အရေအတွက်အတိုင်း ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ပါသည် -

စဉ်

နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်

ခန့်ထားမည့်ဦးရေ

အငယ်တန်းစာရေး/ ငွေကိုင် (၄)

နေပြည်တော်

    (၁၈)

ဦး

ကချင်ပြည်နယ်

(၇)

ဦး

ကယားပြည်နယ်

(၄)

ဦး

ကရင်ပြည်နယ်

(၅)

ဦး

စစ်ကိုင်းတိုင်းဒေသကြီး

(၂၁)

ဦး

တနင်္သာရီတိုင်းဒေသကြီး

(၉)

ဦး

ပဲခူးတိုင်းဒေသကြီး

(၉)

ဦး

မကွေးတိုင်းဒေသကြီး

(၇)

ဦး

မန္တလေးတိုင်းဒေသကြီး

(၁၁)

ဦး

၁၀

မွန်ပြည်နယ်

(၃)

ဦး

၁၁

ရန်ကုန်တိုင်းဒေသကြီး

(၄၁)

ဦး

၁၂

ရှမ်းပြည်နယ်

(၂၈)

ဦး

၁၃

ဧရာဝတီတိုင်းဒေသကြီး

(၇)

ဦး

စုစုပေါင်း

(၁၇၀)

ဦး

၆။      လျှောက်ထားသူများသည် လျှောက်လွှာကို မိမိလျှောက်လွှာရယူခဲ့သည့် စာစစ်ဌာန (နေပြည်တော်ဘဏ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး) များသို့ (၃၀ - ၁၀ - ၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။

၇။      နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ကင်းရှင်းကြောင်း သက်ဆိုင်ရာဌာန၏ ထောက်ခံချက်နှင့်အတူ လျှောက်လွှာပုံစံ (၁) စုံအား သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသို့ ပေးပို့လျှောက်ထားစေရန်နှင့် မြန်မာ့စီးပွားရေးဘဏ်၊ ဌာနတွင်းဝန်ထမ်းဖြစ်ပါက လျှောက်လွှာအား သက်ဆိုင်ရာ ဌာနခွဲ/ တိုင်းဒေသကြီး/ ပြည်နယ်ရုံး၏ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ကင်းရှင်းကြောင်း ထောက်ခံချက်ဖြင့် (၃၀ - ၁၀ - ၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။

၈။     လျှောက်ထားသူများကို (၁ - ၁၁ - ၂၀၂၅) ရက်နေ့နှင့် (၂ - ၁၁ - ၂၀၂၅) ရက်နေ့များ၌ သက်ဆိုင်ရာစာစစ်ဌာနများတွင် အောက်ပါအတိုင်း အရည်အချင်းစစ်ခြင်း ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ် ခန့်ထားသည့်အမည်စာရင်းကို သက်ဆိုင်ရာစာစစ်ဌာနတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်-

         စဉ်     အကြောင်းအရာ             နေ့ရက်                      အချိန်

 

          (က)    အင်္ဂလိပ်စာ (ရေးဖြေ)       ၁ - ၁၁ - ၂၀၂၅      နံနက် (၉:၃၀) နာရီ မှ (၁၀:၃၀) နာရီထိ 

 

          ( ခ )   ကွန်ပျူတာကျွမ်းကျင်မှု     ၁ - ၁၁ - ၂၀၂၅       နေ့လယ် (၁) နာရီ မှ (၂) နာရီထိ

                   (လက်တွေ့)

 

          ( ဂ )   အထွေထွေဗဟုသုတ       ၂ - ၁၁ - ၂၀၂၅       နံနက် (၉) နာရီ     

                   (လူတွေ့)                                    

၉။      ဖြေဆိုခွင့်ကတ်ပြားများကို (၃၁ - ၁၀ - ၂၀၂၅) ရက်နေ့တွင် မိမိလျှောက်ထားသည့် စာစစ်ဌာနများ၌ ထုတ်ပေးမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရန်ဖြစ်ပါသည်။

၁၀။    အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက နေပြည်တော်ဘဏ်သို့ဖြစ်စေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများသို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Leave a comment

Your email address will not be published. Required fields are marked *