အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များအား ဒုစရိုက်သမားများ၏ တလွဲအသုံးချမှုမခံရစေရေးအတွက် ပြည်သူများသို့ သတိပေးနှိုးဆောက်ချက်
- “မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ကို မျှဝေခြင်းသည် မိမိကိုယ်ကို အန္တရာယ်ပေးခြင်းနှင့် တူသည်”
- “မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ခြင်းသည် မိမိ၏တာဝန်ဖြစ်သည်”
- “နိုင်ငံသားစိစစ်ရေးကတ်အတုများသည် သင့်အား အမှုအခင်းပြဿနာများထဲသို့ ဆွဲခေါ်နိုင်သည်၊ သတိထားပါ”
- “စစ်မှန်သော နိုင်ငံသားစိစစ်ရေးကတ်ဖြင့်သာ နိုင်ငံသားအဖြစ် ဂုဏ်ယူပါ”
- “နိုင်ငံသားစိစစ်ရေးကတ်အတုများကိုသုံးစွဲသူများသည် ရာဇဝတ်မှုတွင် ပါဝင်နေပါသည်”
- “နိုင်ငံသားစိစစ်ရေးကတ်အတုများကိုသုံးစွဲခြင်းသည် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်သည်”
အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များအား ဒုစရိုက်သမားများ၏ တလွဲအသုံးချမှုမခံရစေရေးအတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် သတိပေးချက်
- မိမိ၏နိုင်ငံသားစိစစ်ရေးကတ်အား တရားဝင်လုပ်ငန်းကိစ္စရပ်များမှတစ်ပါး အခြားသူတစ်ဦး တစ်ယောက်ထံ မပေးပါနှင့်၊
- မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား မလိုအပ်ပဲ မိတ္တူကူးယူ၍ မသက်ဆိုင်သူထံ ပေးအပ်ခြင်း မပြုပါနှင့်၊
- နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များကို အွန်လိုင်းပေါ်တွင် မျှဝေခြင်း မပြုပါနှင့်။

