၁။      တတိယအကြိမ်မြောက်(၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်)နှင့် စတုတ္ထအကြိမ်မြောက်(၂၀၁၇ -၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်) မြန်မာနိုင်ငံ EITI သစ်တောကဏ္ဍအစီရင်ခံစာများအား မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် Independent Administrator(IA)ဖြစ်သည့် BDO မှသက်ဆိုင်ရာ အစိုးရဌာနများ၊ ကုမ္ပဏီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ ဝိုင်းဝန်းပံ့ပိုးမှုဖြင့် ရေးသားပြုစုခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၅)ရက် နေ့၌ မြန်မာ နိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အတည်ပြုချက်ဖြင့် နိုင်ငံတကာ EITI အတွင်း ရေးမှူးရုံးသို့ ယင်းအစီရင်ခံစာအား… အသေးစိတ်ဆက်လက်ဖတ်ရန်…

မြန်မာ့စီးပွားရေးဘဏ်၊ ရန်ကုန်တိုင်းဒေသကြီးရုံး ATM Data Center ရှိ Main Server နှင့် ATM စက်များ လုံခြုံမှုရှိစေရန်၊ မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၉) ရက်နေ့၊ ညနေ(၄:၀၀) နာရီအချိန်မှ ဧပြီလ (၁၉) ရက်နေ့၊ ညနေ (၃:၀၀) နာရီအချိန်အထိ မြန်မာ့စီးပွားရေးဘဏ်၏ ATM ဝန်ဆောင်မှု ခေတ္တရပ်ဆိုင်းမည်ဖြစ်ပါကြောင်း Customer များအား လေးစားစွာဖြင့် ကြိုတင်အသိပေးမေတ္တာရပ်ခံအပ်ပါသည်။

မိုဘိုင်းလ်စနစ်ဖြင့် အငြိမ်းစားလစာထုတ်ပေးလျက်ရှိရာ အငြိမ်းစားများအနေဖြင့် Wave Money မှခန့်အပ်ထားသော ပြင်ပအေးဂျင့်များထံတွင် အငြိမ်းစားလစာထုတ်ယူသည့်အခါ အခက်အခဲတစ်စုံတစ်ရာရှိပါက လွယ်ကူလျှင်မြန်စေရန်အတွက် တယ်လီဖုန်းအမှတ်-09790009911 သို့ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိ ပေးကြေငြာအပ်ပါသည်။

မြန်မာ့စီးပွားရေးဘဏ် Narada ATM Switch နှင့် MPU New IST Switch တို့ Production တွင် Migration ချိတ်ဆက်ခြင်း ဆောင်ရွက်မည့်(၆.၁၁.၂၀၁၉)ရက်နေ့ ည(၈း၀၀)နာရီမှ (၇.၁၁.၂၀၁၉)ရက်နေ့ ည(၁၂း၀၀)နာရီအချိန်အတွင်း မြန်မာ့စီးပွားရေးဘဏ် ATM စနစ်ဝန်ဆောင်မှုလုပ်ငန်းများအား ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း Customer များအား လေးစားစွာဖြင့် ကြိုတင်အသိပေးကြေငြာအပ်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်၊ ရန်ကုန်တိုင်းဒေသကြီးရုံးရှိ Recovery Data Center တွင် Network Cable များအသစ်ပြောင်းလဲ တပ်ဆင်မည် ဖြစ်ပါသဖြင့် (၁၇.၈.၂၀၁၉)နံနက် (၉း၀၀)နာရီအချိန်မှ (၁၈.၈.၂၀၁၉)ရက်နေ့ညနေ (၇း၀၀)နာရီ အချိန်အထိ မြန်မာ့စီးပွားရေးဘဏ်၊ ရန်ကုန်မြို့ ATM Data Center ရှိ Main Server များအားခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း Customer များအား လေးစားစွာဖြင့် ကြိုတင်အသိပေး ကြေငြာအပ်ပါသည်။

                မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း၍ ရန်ကုန်၊ မန္တလေးဒေသအပြင် မကွေး၊ မော်လမြိုင်နှင့် ပုသိမ်ဒေသရှိ Post Paid အသုံးပြုကြိုးဖုန်း၊ မိုဘိုင်းလ်ဖုန်းနှင့် အိမ်သုံးဖိုက်ဘာအင်တာနက်လိုင်း(FTTH) ဘီလ်အချက်အလက်များကို Webportal တိုးချဲ့လွှင့်တင်ပေးလျက်ရှိပါသည်။                ထို့အပြင် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်၊ ရန်ကုန်(၁) (၂) (၅)၊ ငွေစု(၃)၊ မန္တလေး(၁) (၂)၊… အသေးစိတ်ဆက်လက်ဖတ်ရန်…

မြန်မာ့စီးပွားရေးဘဏ်၊ ရန်ကုန်တိုင်းဒေသကြီးရုံးရှိ Recovery Data Center အခန်းပြင်ဆင်ပြီးဖြစ်ပါ၍ ATM Data Center Main Server နှင့် စက်ပစ္စည်းများနေရာပြောင်းရွှေ့တပ်ဆင်မည်ဖြစ်ပါသဖြင့် ၂၀၁၉ခုနှစ် မေလ ( ၄ ၊ ၅ )ရက်နေ့များတွင် မြန်မာ့စီးပွားရေးဘဏ်၊ ရန်ကုန်မြို့ ATM Data Center ရှိ Main Server များအားခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း Customer များအားလေးစားစွာဖြင့် ကြိုတင်အသိပေး ကြေငြာအပ်ပါသည်။              … အသေးစိတ်ဆက်လက်ဖတ်ရန်…