နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေကြသော ကုမ္ပဏီလီမိတက်များ၊ လုပ်ငန်းရှင်များသည် ကျပ်/ ယွမ်အသုံးပြု၍ ငွေပေးချေမှု လုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် စာရင်းရှင်စာရင်း (မြန်မာကျပ်ငွေ)နှင့် (ယွမ်ငွေစာရင်း) များကိုစာရင်းဖွင့်လုပ်ထုံးလုပ်နည်းများနှင့်အညီဖွင့်လှစ်ရမည်။ စာရင်းဖွင့်လှစ်သည့်အခါ အောက်ပါစာရွက်စာတမ်းအထောက်အထားများ ဘဏ်သို့တင်ပြရမည်ဖြစ်ပါသည် – (က) လုပ်ငန်းရှင်များအတွက် (၁) စာရင်းဖွင့်လျှောက်လွှာ (၂) ကုမ္ပဏီမှတ်ပုံတင် (၃) နိုင်ငံခြားသုံးငွေရရှိသည့်အထောက်အထား (ယွမ်ငွေပေးသွင်းပါက) (၄) ကနဦးအပ်နှံငွေ Yuan-300 သို့မဟုတ် ယင်းနှင့်ညီမျှသောကျပ် (ခ) ကုမ္ပဏီ/သမဝါယမ/ဖက်စပ်လုပ်ငန်းများ (၁) စာရင်းဖွင့်လျှောက်လွှာ… အသေးစိတ်ဆက်လက်ဖတ်ရန်…
မြန်မာ့စီးပွားရေးဘဏ်မှ အများပြည်သူသို့ အသိပေးကြေညာချက် ၁။ နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်သည် အများပြည်သူ၏အပ်နှံငွေများကို လက်ခံထိန်းသိမ်း ပေးပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် အစိုးရဌာနများ အားလုံး၏ငွေစာရင်းများကို ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများ၏ အငြိမ်းစား လစာများ ကိုလည်း တာဝန်ယူထုတ်ပေးလျက်ရှိပါသည်။ ၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၁ခုနှစ်၊ ဧပြီလ(၂၇)ရက်စွဲဖြင့် “ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားများကို လုံခြုံမှုအတွက် ဘဏ်များတွင် အပ်နှံလိုပါက အထူးကိစ္စရပ်အနေဖြင့် ၂၀၂၁ ခုနှစ်၊မေလ (၃)ရက်နေ့မှစပြီး ဘဏ်များတွင် ဘဏ်စာရင်းအသစ်များဖွင့်လှစ်၍ ငွေသားအပ်နှံ ထည့်သွင်းခွင့်ပြုမည်ဖြစ်ပြီး ထိုစာရင်းအသစ်မှငွေသားပြန်လည်ထုတ်ယူလိုပါက အပ်နှံငွေသားပမာဏ… အသေးစိတ်ဆက်လက်ဖတ်ရန်…
မြန်မာ့စီးပွားရေးဘဏ်၊ရန်ကုန်မြို့ ATM Data Center ရှိ Main Server များကို မဟာသင်္ကြန်ရုံးပိတ်ရက် ကာလဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)နာရီမှ (၂၀)ရက်နေ့၊ နံနက်(၉း၀၀)နာရီ အထိ ပိတ်ထားပြီး ATM ဝန်ဆောင်မှုများ ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ပါကြောင်း Customer များအား လေးစားစွာဖြင့် ကြိုတင်အသိပေး မေတ္တာရပ်ခံအပ်ပါသည်။
Myanmar Mobile Money(MMM) နည်းလမ်းဖြင့် ပင်စင်ထုတ်ယူနိုင်သော ဘဏ်ခွဲများ နေပြည်တော်(၅)ဘဏ် ၁။ ပျဉ်းမနား ၂။ လယ်ဝေး ၃။ တပ်ကုန်း ၄။ နေပြည်တော်ဘဏ် ၅။ ပုဗ္ဗသီရိ ရန်ကုန်တိုင်း(၃၃)ဘဏ် ၁။ ဘဏ်ခွဲ(၁)ရန်ကုန် ၂။ ဘဏ်ခွဲ(၂)ရန်ကုန် ၃။ ဘဏ်ခွဲ(၅)ရန်ကုန် ၄။ ငွေစုဘဏ်ခွဲ(၃)ရန်ကုန် ၅။ ဘဏ်ခွဲ(၃)ရန်ကုန် ၆။ ဘဏ်ခွဲ(၄)ရန်ကုန် ၇။ ဘဏ်ခွဲ(၆)ရန်ကုန် ၈။ ငွေစုဘဏ်ခွဲ(၁)ရန်ကုန် ၉။ ငွေစုဘဏ်ခွဲ(၂)ရန်ကုန် ၁၀။ ငွေစုဘဏ်ခွဲ(၄)ရန်ကုန် ၁၁။ … အသေးစိတ်ဆက်လက်ဖတ်ရန်…