မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများတွင် အငြိမ်းစားလစာထုတ်ယူသူ အငြိမ်းစားဝန်ထမ်းဦးရေ(၇)သိန်းကျော်ရှိပြီး အငြိမ်းစားလစာများကို လစဉ် ၂၁ ရက်နေ့မှ စ၍ ထုတ်ယူလျက်ရှိကြပါသည်။ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားလစာထုတ်ယူမှု အဆင်ပြေချောမွေ့စေရေးအတွက် e-pension စနစ်ကို ၂၀၁၂ ခုနှစ်မှ စတင်အသုံးပြုဆောင်ရွက်ပေးလျက်ရှိပါသည်။ အငြိမ်းစားလစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင်ဖွင့်လှစ်ထားသော ငွေစာရင်းမှထုတ်ယူခြင်း၊ ATM စာရင်းဖွင့်လှစ်၍ ATM စက်များမှ ငွေထုတ်ယူခြင်း၊ Myanmar Mobile Money (MMM) စနစ်နှင့် Wave Money စနစ်တို့ကို အသုံးပြု၍ထုတ်ယူခြင်း၊ Mobile Agent များမှ တစ်ဆင့်ထုတ်ယူခြင်း… အသေးစိတ်ဆက်လက်ဖတ်ရန်…

၁။ မြန်မာ့စီးပွားရေးဘဏ်သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုအောက်တွင် ရုံးချုပ်ဌာနကြီး(၇)ခု၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံး(၁၄)ခုနှင့် ဘဏ်ခွဲပေါင်း (၃၁၅)ဘဏ် ပါဝင်သည့် ကွန်ယက်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းနှင့်ဖွံ့ဖြိုးရေးဘဏ်လုပ်ငန်းများကိုလည်း ဆောင်ရွက်ပြီး နိုင်ငံတော်နှင့်ပုဂ္ဂလိက ကဏ္ဍ(၂)ရပ်စလုံးသို့ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂။ မြန်မာ့စီးပွားရေးဘဏ်သည် အပ်ငွေများလက်ခံခြင်း၊ ချေးငွေများထုတ်ချေးခြင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေစာရင်းများထိန်းသိမ်းခြင်း၊ အငြိမ်းစားယူသောနိုင်ငံ့ဝန်ထမ်းများအတွက် ပင်စင်လစာထုတ်ပေးခြင်း၊ E-Pension စနစ်ဖြင့် အငြိမ်းစားပင်စင်လစာများ ထုတ်ပေးခြင်းစသည်တို့အား နိုင်ငံတော်အစိုးရကိုယ်စား အများပြည်သူသို့ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ၃။ မြန်မာ့စီးပွားရေးဘဏ်သည် ချေးငွေများကို ထုတ်ချေးရာတွင် ဦးစားပေးကဏ္ဍများအဖြစ် နိုင်ငံတော်အစိုးရမှအခါအားလျော်စွာ လမ်းညွှန်ချမှတ်သော လုပ်ငန်းကဏ္ဍများ၊… အသေးစိတ်ဆက်လက်ဖတ်ရန်…

ကြော်ငြာစာအမှတ် (၂/ ၂၀၂၂) လျှောက်လွှာခေါ်ယူခြင်း   ၁။      စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော ရုံးအကူ/ အစောင့် (လစာနှုန်းကျပ် ၁၄၄၀၀၀ – ၂၀၀၀ – ၁၅၄၀၀၀) ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်။ ၂။       အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည် – (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ ( ခ )   အခြေခံပညာ အလယ်တန်းအောင်မြင်ပြီးသူ အမျိုးသားများသာဖြစ်ရမည်။ ( ဂ )   နယ်စပ်ဒေသအပါအဝင် ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။ (ဃ)    ရွေးချယ်ခန့်ထားခြင်းခံရပါက စတင်တာဝန်ထမ်းဆောင်ရသည့်ဒေသတွင်… အသေးစိတ်ဆက်လက်ဖတ်ရန်…

ကြော်ငြာစာအမှတ် (၁/ ၂၀၂၂) လျှောက်လွှာခေါ်ယူခြင်း   ၁။      စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး/ ငွေကိုင် – ၄ (လစာနှုန်းကျပ် ၁၈၀၀၀၀ – ၂၀၀၀ – ၁၉၀၀၀၀) ရာထူး နေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်။ ၂။       အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည် – (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ ( ခ )   တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။ (စီးပွားရေးဘွဲ့၊ ဥပဒေဘွဲ့၊ အင်္ဂလိပ်စာဘွဲ့၊ ကွန်ပျူတာဘွဲ့၊ အင်ဂျင်နီယာဘွဲ့ ရရှိပြီးသူများကို… အသေးစိတ်ဆက်လက်ဖတ်ရန်…

၁။ မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ အငြိမ်းစားလစာများကို အချိန်ကုန်သက်သာပြီး လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်ရန်အတွက် Myanmar Mobile Money(MMM)နှင့် အကျိုးတူပူးပေါင်း၍ Point of Sale (POS)စက်များဖြင့် ဘဏ်ခွဲပေါင်း(၂၈၀)တွင် ငွေလက်ခံခြင်း/ငွေထုတ်ပေးခြင်း(Cash In/ Cash Out) တယ်လီဖုန်းဘီလ်ဖြည့်တင်းခြင်း(Top-Up)၊အငြိမ်းစား လစာများထုတ်ပေးခြင်းစသည့်လုပ်ငန်းများကို မိမိတို့နှင့်နီးစပ်ရာမိုဘိုင်းလ်အေးဂျင့်များထံတွင် လွယ်ကူလျင်မြန်စွာထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂။ Digital Money Myanmar (Wave Money) ၊ MPT Pay တို့နှင့်လည်း အကျိုးတူပူးပေါင်း၍ သက်ဆိုင်ရာမိုဘိုင်းလ်အေးဂျင့်များထံတွင် အငြိမ်းစားလစာများ ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်… အသေးစိတ်ဆက်လက်ဖတ်ရန်…

နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်း       မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေကြသော ကုမ္ပဏီလီမိတက်များ၊ လုပ်ငန်းရှင်များသည် ကျပ်/ ယွမ်အသုံးပြု၍ ငွေပေးချေမှု လုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် စာရင်းရှင်စာရင်း (မြန်မာကျပ်ငွေ)နှင့် (ယွမ်ငွေစာရင်း) များကိုစာရင်းဖွင့်လုပ်ထုံးလုပ်နည်းများနှင့်အညီဖွင့်လှစ်ရမည်။ စာရင်းဖွင့်လှစ်သည့်အခါ အောက်ပါစာရွက်စာတမ်းအထောက်အထားများ ဘဏ်သို့တင်ပြရမည်ဖြစ်ပါသည် – (က) လုပ်ငန်းရှင်များအတွက် (၁)   စာရင်းဖွင့်လျှောက်လွှာ (၂)    ကုမ္ပဏီမှတ်ပုံတင် (၃)   နိုင်ငံခြားသုံးငွေရရှိသည့်အထောက်အထား (ယွမ်ငွေပေးသွင်းပါက) (၄)   ကနဦးအပ်နှံငွေ Yuan-300 သို့မဟုတ် ယင်းနှင့်ညီမျှသောကျပ် (ခ)  ကုမ္ပဏီ/သမဝါယမ/ဖက်စပ်လုပ်ငန်းများ (၁)   စာရင်းဖွင့်လျှောက်လွှာ… အသေးစိတ်ဆက်လက်ဖတ်ရန်…