မြန်မာ့စီးပွားရေးဘဏ်တွင် ပြည်သူ့ဗဟိုပြုငွေလွှဲလုပ်ငန်းအား ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖက်စ်၊ ကြေးနန်း၊ ငွေလွှဲလက်မှတ်များဖြင့် အသုံးပြု၍ ဝန်ဆောင်မှုပေးလျက်ရှိရာ (၂.၁.၂၀၁၈)ရက်နေ့မှစတင်ကာ မည်သည့်ဘဏ်ခွဲမဆို ငွေလွှဲခနှုန်းထားအား ကျပ်၁၀၀လျှင် ၅ပြားနှုန်းဖြင့် ဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။ ပြည်တွင်းငွေလွှဲဝန်ဆောင်မှုကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ပေးရန်ရည်ရွယ်၍ (၁.၆.၂၀၁၅)ရက်နေ့မှစတင်ကာ Online မှတစ်ဆင့်လွှဲပို့ပေးသည့် E-Remittance System ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
- အွန်လိုင်းဖြင့်လွှဲပို့နိုင်သောဘဏ်ခွဲပေါင်း (၆၅) ဘဏ်
- ဖက်စ်ဖြင့် လွှဲပို့နိုင်သောဘဏ်ခွဲပေါင်း (၂၁၉) ဘဏ်
- ကြေးနန်းဖြင့် လွှဲပို့နိုင်သောဘဏ်ခွဲပေါင်း (၂၉) ဘဏ်
ငွေလွှဲခနှုန်းထားများမှာ-
-၁/-ကျပ် မှ ကျပ်-၄၀၀,၀၀၀/- အထိ ၂၀၀/- ကျပ်
ကျပ်-၄၀၀,၀၀၁/- မှ အထက် ကျပ်- ၁၀၀/- လျှင် (၅) ပြားနှုန်း
အွန်လိုင်း/ဖက်စ်/ကြေးနန်း အသုံးပြုခ ကျပ်-၅၀၀/-