၁။ JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းကို စီမံကိန်းအဆင့်-၁၊ အဆင့်-၂ နှင့် အဆင့်-၃ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၂။ စီမံကိန်းအဆင့်–၁ (MY-P 12) ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအဆင့်-၁ တွင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ဂျပန်ယန်း(၄.၇၇၄)ဘီလီယံနှင့်ညီမျှသော မြန်မာကျပ်(၅၇.၆၃၄)ဘီလီယံကို ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း (Participating Financial Institution-PFIs)ဖြစ်သော ကမ္ဘောဇဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ CB Bank PCL နှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်စသည့် ပုဂ္ဂလိကဘဏ်(၆)ဘဏ်မှတစ်ဆင့် SMEs လုပ်ငန်းရှင်(၂၆၉)ဦးသို့ ထုတ်ချေးခဲ့ပါသည်။ PFIs ဘဏ်များမှ အရင်းပြန်လည်ပေး ဆပ်ငွေများကို Revolving Fund A/C တွင် ထည့်သွင်းထားရှိပြီး ပြန်လည်ထုတ်ချေးခဲ့ရာ (၃၁-၁၀-၂၀၂၄)ရက်နေ့အထိ SME လုပ်ငန်းရှင်(၃၇၅)ဦးသို့ ငွေကျပ်(၉၂.၅၄၄)ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် စီမံကိန်း အဆင့်-၁ အတွက် စုစုပေါင်း SME လုပ်ငန်းရှင် (၆၄၄)ဦးသို့ ချေးငွေကျပ် (၁၅၀.၁၇၈) ဘီလီယံထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။
၃။ စီမံကိန်းအဆင့်–၂ (MY-P 23) ကို ၂၀၁၈ ခုနှစ်၊ Mini-Budget တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအဆင့်-၂ တွင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ဂျပန်ယန်း(၁၄.၅)ဘီလီယံနှင့်ညီမျှသော မြန်မာကျပ်(၁၉၄.၉၆၅)ဘီလီယံကို ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် သည့်အဖွဲ့အစည်း (Participating Financial Institution-PFIs) ဖြစ်သော ကမ္ဘောဇ ဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ် လီမိတက်၊ CB Bank PCL ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက်၊ မြန်မာ့စီးပွားရေးဘဏ်၊ ပထမပုဂ္ဂလိကဘဏ်လီမိတက်၊ ယူအေဘီဘဏ်လီမိတက်နှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်စသည့် ပုဂ္ဂလိကဘဏ်(၁၁)ဘဏ်မှတစ်ဆင့် (၃၁-၁၀-၂၀၂၄)ရက်နေ့အထိ ပုံမှန်ချေးငွေ(Ordinary Loan)အဖြစ် SMEs လုပ်ငန်းရှင်(၇၃၂)ဦးသို့ ချေးငွေကျပ် (၁၂၃.၁၃၄)ဘီလီယံ ထုတ်ချေးခဲ့ပါသည်။ COVID-19 ကြောင့် စီးပွားရေးထိခိုက်ခဲ့သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များသို့ (၂၆-၆-၂၀၂၀)ရက်နေ့မှစတင်၍ (၃၁-၁၀-၂၀၂၄) ရက်နေ့အထိ SME လုပ်ငန်းရှင်(၅၇၅)ဦးသို့ ချေးငွေကျပ်(၇၁.၈၃၀)ဘီလီယံအား Emergency Loan အဖြစ် ထုတ်ချေးခဲ့ပါသည်။ PFIs ဘဏ်များမှ အရင်းပြန်လည်ပေးဆပ်ငွေများကို Revolving Fund A/C တွင် ထည့်သွင်းထားရှိပြီး ပြန်လည်ထုတ်ချေးခဲ့ရာ (၃၁-၁၀-၂၀၂၄)ရက်နေ့အထိ SME လုပ်ငန်းရှင် (၆၁၉)ဦးသို့ ငွေကျပ်(၁၉၀.၃၈၉)ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် စီမံကိန်း အဆင့်-၂ အတွက် စုစုပေါင်း SME လုပ်ငန်းရှင်(၁၉၂၆)ဦးသို့ ချေးငွေကျပ် (၃၈၅.၃၅၄)ဘီလီယံထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။
၄။ စီမံကိန်းအဆင့်–၃ (MY-P 34) နှင့် ပတ်သက်၍ (၄-၁၁-၂၀၂၀) ရက်နေ့တွင် ဂျပန်နိုင်ငံ အစိုးရကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံအစိုးရကိုယ်စား ငွေတိုက်ဦးစီးဌာနတို့အကြား ချေးငွေစာချုပ် (Loan Agreement) ကို ချုပ်ဆိုခဲ့ပြီးဖြစ်ပါ သည်။ ချေးငွေထုတ်ချေးခြင်းအစီအစဉ်များကို JICA မှ ယာယီဆိုင်းငံ့ထားပါသည်။
Coronavirus Disease 2019 (COVID-19)ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ ခွင့်ပြုချေးငွေနှင့် ထုတ်ပေးပြီးချေးငွေစာရင်း-(ဘီလီယံ)
စဉ် COVID-19 Fund မှချေးငွေခွင့်ပြုဦးရေ ဦးရေ ငွေပမာဏ
၁ ပထမအကြိမ် (ပထမအသုတ်မှ အဌမအသုတ်အထိ) ၃၃၉၄ ၁၀၁.၉၂၈
၂ ဒုတိယအကြိမ် (ပထမအသုတ်) ၈၈၃ ၁၆.၇၄၀
၃ ဒုတိယအကြိမ် (ဒုတိယအသုတ်) ၁၁၆၃ ၁၉.၉၅၇
၄ ဒုတိယအကြိမ် (တတိယအသုတ်) ၆၂၃ ၁၇.၁၈၃
၁၅-၁၂-၂၀၂၀ နေ့အထိ စုစုပေါင်းခွင့်ပြုပြီး ဦးရေ ၆၀၆၃ ၁၅၅.၈၀၈
၁၅-၁၂-၂၀၂၀ နေ့အထိ စုစုပေါင်း ထုတ်ချေးပြီး ဦးရေ ၄၉၈၁ ၁၃၀.၄၀၁
၁၅-၁၂-၂၀၂၀ နေ့အထိ စုစုပေါင်းထုတ်ချေးရန်ကျန်ဦးရေ ၁၀၈၂ ၂၅.၄၀၇
အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများဖြစ်သော လ္ဘတ်ရည်ဆိုင်နှင့်စားသောက်ဆိုင်ငယ်များသို့ ခွင့်ပြုချေးငွေနှင့်ထုတ်ချေးထားငွေစာရင်း-(ဘီလီယံ)
စဉ် COVID-19 Fund မှချေးငွေခွင့်ပြုဦးရေ ဦးရေ ငွေပမာဏ
၁ ပထမအကြိမ် ၂၅ ၃၉.၆၁၈
၂ ဒုတိယအကြိမ် ၁၉ ၁၉.၈၈
၃ တတိယအကြိမ် ၆ ၀.၈၉၅
၄ စတုတ္ထအကြိမ် ၂ ၀.၃၀၀
၅ ပဥ္စမအကြိမ် ၁ ၀.၂၀၀
၆ ဆဌမအကြိမ် ၆ ၅.၉၆၀
၁၅-၁၂-၂၀၂၀ နေ့အထိ စုစုပေါင်းခွင့်ပြုပြီး ဦးရေ ၅၉ ၆၆.၈၅၃
၁၅-၁၂-၂၀၂၀ နေ့အထိ စုစုပေါင်း ထုတ်ချေးပြီး ဦးရေ ၅၂ ၆၅.၀၅၃
၁၅-၁၂-၂၀၂၀ နေ့အထိ စုစုပေါင်းထုတ်ချေးရန်ကျန်ဦးရေ ၇ ၁.၈၀၀