နိုင်ငံခြားငွေလုပ်ငန်း

          မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ကူးသန်းရောင်းဝယ်ရေးနှင့်ဖွံ့ဖြိုးရေးဘဏ်ကြီး ဖြစ်ပါသည်။ နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကူးသန်းရောင်းဝယ်ရေး၊ ဘဏ်လုပ်ငန်း၊ အစိုးရငွေတိုက်ဘဏ်လုပ်ငန်း၊ ငွေစုဘဏ်လုပ်ငန်းများနှင့် အခြားငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတစ်ဝန်းဘဏ်ခွဲပေါင်း(၃၃၅)ဘဏ်ဖြင့် ပြည်တွင်း၊ ပြည်ပဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံခြားငွေဖြင့် ဘဏ်လုပ်ငန်းများကို ၁၉၉၆ ခုနှစ်မှစ၍ မြန်မာ့စီးပွားရေးဘဏ်၊ နိုင်ငံခြားငွေလုပ်ငန်းဌာနကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကာ ယခုအခါ ‘နိုင်ငံခြားငွေလုပ်ငန်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး’ တို့တွင် AD လိုင်စင်ရ ခရိုင်ဘဏ်ခွဲများ၌ နိုင်ငံခြားငွေဖြင့် အောက်ဖော်ပြပါ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်-

(က)      အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ၊ ဂျပန်ယန်း၊ ထိုင်းဘတ်တို့ဖြင့် စာရင်းရှင်စာရင်းဖွင့်လှစ်ပေးခြင်း၊

( ခ)       မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲအချင်းချင်းနှင့် ပြည်တွင်း/ပြည်ပဘဏ်များအကြား နိုင်ငံခြားငွေစာရင်းတစ်ခုမှတစ်ခုသို့ လွှဲပြောင်းပေးခြင်း၊

(ဂ)        ပို့ကုန်/သွင်းကုန်ငွေလွှဲစာတမ်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊

(ဃ)      နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေကြေးလွှဲပြောင်းမှုများကို လက်ခံဆောင်ရွက်ပေးခြင်း၊

(င)        ပြည်ပသွားရောက် မြန်မာကိုယ်စားလှယ်များအတွက် ဆောင်ငွေနှင့်အသုံးစရိတ်များထုတ်ပေးခြင်း၊

(စ)        IME ငွေလွှဲလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ (မြန်မာ့စီးပွားရေးဘဏ်ခွဲအားလုံးတွင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။)

နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်း

ပုဂ္ဂလိကလုပ်ငန်းရှင်များ

       နိုင်ငံခြားငွေတရားဝင်ကိုင်ဆောင်ခွင့်ရရှိထားသည့် ကုမ္ပဏီများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ၊ ကျောက်မျက်အရောင်းဆိုင်နှင့်လုပ်ငန်းရှင်များ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ ဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့် အခြားသောလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားငွေဖြင့်ငွေပေးချေမှုများအား ဘဏ်စနစ်ဖြင့်ငွေပေးချေနိုင်ရန်အတွက် အောက်ပါအထောက်အထားများတင်ပြ၍ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ၊ ဂျပန်ယန်းတို့ဖြင့် နိုင်ငံခြားငွေစာရင်းရှင်စာရင်းများဖွင့်လှစ်နိုင်ပါသည်။

–      စာရင်းဖွင့်လျှောက်လွှာ

–      ကုမ္ပဏီ၊ လုပ်ငန်းနှင့်သက်ဆိုင်သော သက်တမ်းရှိ အထောက်အထားစာရွက်စာတမ်းများ၊

–      ဝန်ဆောင်မှုလုပ်ငန်းနှင့်သက်ဆိုင်သော ကန်ထရိုက်စာချုပ် (Services Contract)

–      စာရင်းတွင်ငွေသွင်း၊ ငွေထုတ်လက်မှတ်ရေးထိုးမည့်သူ၏ မှတ်ပုံတင်မူရင်း၊ ဓါတ်ပုံ(၂)ပုံ၊

–      USD-10000 ထက်ပိုသောငွေဖြစ်ပါက နိုင်ငံခြားငွေရရှိသည့် အထောက်အထား၊

–      ကနဦးအပ်နှံငွေ အနည်းဆုံး USD-100(သို့မဟုတ်) Euro-100၊

နိုင်ငံခြားသံရုံးအဖွဲ့အစည်းမှ ဝန်ထမ်းများ

–      နိုင်ငံခြားငွေရရှိခြင်းဖြစ်ပါက လစာရရှိသည့် အလုပ်ခန့်အပ်မှုအထောက်အထား၊ မှတ်ပုံတင် မူရင်း/ မိတ္တူ၊ ဓါတ်ပုံ(၂)ပုံ၊

–      နိုင်ငံခြားသားဖြစ်ပါက Passport ဗီဇာမိတ္တူများ၊

–      USD-10000 ထက်ပိုသောငွေဖြစ်ပါက နိုင်ငံခြားငွေရရှိသည့် အထောက်အထား၊

–      ကနဦးအပ်နှံငွေ USD-100(သို့မဟုတ်) Euro-100၊

အစိုးရဌာနဆိုင်ရာများ

–      စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ရန်ခွင့်ပြုမိန့်၊

–      နိုင်ငံခြားငွေဖြင့် စာရင်းရှင်စာရင်းဖွင့်လှစ်ရန်နှင့် စာရင်းရှင်စာရင်းတွင် ငွေသွင်း/ငွေထုတ် ခွင့်ပေးသည့် အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း၊

–      ချေးငွေအထောက်အပံ့လက်ခံဆောင်ရွက်မည့် ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အထက်ပါအထောက်အထားများဖော်ပြပြီး လက်ခံမည့် နိုင်ငံခြားငွေကြေးစာရင်း (Designated Account)
ဖွင့်လှစ်နိုင်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်၏ နိုင်ငံခြားအဆက်အသွယ်ဘဏ်များ

          မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် နိုင်ငံခြားအဆက်အသွယ်ဘဏ် (၆၉)ဘဏ်နှင့် အဆက်အသွယ်ဘဏ်ထူထောင်ထားပြီး အောက်ဖော်ပြပါနိုင်ငံခြားဘဏ်များတွင် မြန်မာ့စီးပွားရေးဘဏ်၏ နိုင်ငံခြားငွေစာရင်းများဖွင့်လှစ်ထားရှိ၍ နိုင်ငံခြားငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်-

(1)      Development Bank Ltd, Singapore

(2)      United Overseas Bank, Singapore

(3)      Sumitomo Mitsui Bank Cor; Singapore

(4)      Overseas Chinese Banking Cor; Singapore

(5)      Thanachart Bank Ltd, Bangkok

(6)      Krung Thai Bank, Bangkok

(7)      Siam Commercial Bank PCL, Bangkok

(8)      Bangkok Bank, Bangkok

(9)      Overseas Chinese Banking Cor; Shanghai

(10)    Mizuho Bank Ltd,Tokyo

(11)    Sumitomo Mitsui Banking Co,Ltd (Tokyo)

(12)    Bank of Tokyo Mitsubishi , UFJ Co.Ltd Japan

(13)    May Bank, Malaysia

(14)    Sonali Bank Ltd, Dhaka

(15)    Arab Bangladesh Bank Ltd, Dhaka

(16)    United Bank of India, Mumbai

(17) Bank of China (Hong Kong), Yangon Branch

(18) Industrial & Commercial Bank of China, Yangon Branch

(19) China Construction Bank, China

(20) Panjab National Bank, Kolkata-Calutta

(21) Bangkok Bank, Yangon Branch

နိုင်ငံခြားငွေစာရင်းပြောင်းရွှေ့ခြင်း

          မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ နိုင်ငံခြားငွေစာရင်းရှင်စာရင်းတစ်ခုမှတစ်ခုသို့ စာရင်းပြောင်းခြင်းနှင့် မြန်မာ့စီးပွားရေးဘဏ်ခွဲများရှိ မြန်မာကျပ်ငွေ စာရင်းရှင်စာရင်း၊ ဌာနဆိုင်ရာစာရင်းများသို့ နိုင်ငံခြားငွေနှင့်ညီမျှသော မြန်မာကျပ်စာရင်းပြောင်းခြင်းများကို ဆောင်ရွက်နိုင်ပါသည်။ MFTB,MICBရှိ နိုင်ငံခြားငွေစာရင်းများမှ မြန်မာ့စီးပွားရေးဘဏ်ရှိ နိုင်ငံခြား ငွေစာရင်းရှင်စာရင်းများနှင့် မြန်မာကျပ်ငွေစာရင်းများသို့ စာရင်းပြောင်းလွှဲပို့နိုင်ပါသည်။ မြန်မာ့စီးပွားရေးဘဏ်သည် အစိုးရဌာနဆိုင်ရာကျပ်ငွေစာရင်းများကိုထိန်းသိမ်းသည့် တစ်ခုတည်းသောဘဏ်ဖြစ်၍ ဌာန ဆိုင်ရာများနှင့်ဆက်သွယ်ရာတွင် နေ့ချင်းပြီးဆောင်ရွက်နိုင်ပါသည်။

RIA(IME)စနစ်ဖြင့်ငွေလွှဲလုပ်ငန်း

       မလေးရှားနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ၏လစာငွေများကို မိသားစုများထံသို့ လုံခြုံစိတ်ချစွာလွှဲပို့နိုင်ပါသည်။

       မလေးရှားနိုင်ငံ၏ အကြီးဆုံးဘဏ်ကြီးဖြစ်သောမေဘဏ်နှင့် မြန်မာနိုင်ငံ၏နိုင်ငံပိုင်အကြီးဆုံးဘဏ်ကြီးဖြစ်သော မြန်မာ့စီးပွားရေးဘဏ်တို့၏ ပူးတွဲ ဝန်ဆောင်မှုအစီအစဉ်ဖြစ်ပါသည်။ မေဘဏ်(သို့မဟုတ်)မေဘဏ်ကိုယ်စားလှယ်များမှတစ်ဆင့် မြန်မာနိုင်ငံရှိ မည်သည့်မြန်မာ့စီးပွားရေးဘဏ်ခွဲကိုမဆို တိုက်ရိုက်ငွေလွှဲပေးသည်။ မြန်မာနိုင်ငံတစ်ဝှမ်း မြန်မာ့စီးပွားရေးဘဏ်ခွဲပေါင်း(၃၁၁)ဘဏ်ရှိသဖြင့် အကျယ်ပြန့်ဆုံး ဝန်ဆောင်မှုရရှိနိုင်ပါသည်။ နိုင်ငံပိုင်ဘဏ်ကြီးက တာဝန်ယူစီစဉ်ဆောင်ရွက်ခြင်းဖြစ်၍ လွှဲငွေအတွက်အထူးစိတ်ချရသည်။ ငွေလွှဲနှုန်းအား အမြင့်ဆုံးငွေလွှဲနှုန်းရရန်အာမခံသည်။ လွှဲငွေကိုနေ့ချင်းပြီးထုတ်ပေးသည်။ လွှဲငွေရောက်လျှင်ဆက်သွယ်ရန် ဖုန်းနံပါတ်ပေးထားပါက မိသားစုထံချက်ချင်းအကြောင်းကြားပေးသည်။

       မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မည်သည့်မြန်မာ့စီးပွားရေးဘဏ်ခွဲတွင်မဆို ထုတ်ယူနိုင်သည်။ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေလွှဲခလုံးဝမကောက်ခံပါ။ အခြားဝန်ဆောင်မှုစရိတ်များလုံးဝမရှိပါ။ ကျေနပ်မှုအပြည့်အဝရှိစေရမည်။

       ထိုင်းနိုင်ငံရှိ Krung Thai Bank-KTB တို့နှင့် အကျိုးတူပူးပေါင်း၍ Corporate Online Asean Payment Gateway စနစ်ဖြင့် မြန်မာအလုပ်သမား များ၏ လစာငွေများကို မြန်မာနိုင်ငံရှိ မိသားစုများထံသို့လွှဲပို့နိုင်ရေးအတွက် ငွေလွှဲဝန်‌ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

               ပြည်ပရောက်မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေနှင့်ပတ်သက်၍ (၁.၁၁.၂၀၂၂) ရက်နေ့မှစတင်၍ အပိုဆောင်းငွေအဖြစ် အမေရိကန်(၁)ဒေါ်လာလျှင် မြန်မာကျပ်(၃၀)နှုန်းဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။

  မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ ချေးငွေစိစစ်ကြီးကြပ်ကွပ်ကဲရေးဌာနခွဲ၊ နိုင်ငံခြားငွေလုပ်ငန်း၊နေပြည်တော်၊ နိုင်ငံခြားငွေလုပ်ငန်း၊ရန်ကုန်မြို့နှင့် နိုင်ငံခြားငွေ လုပ်ငန်း၊ဘဏ်ခွဲ(၁)မန္တလေးတို့တွင်(၃-၆-၂၀၁၉) နေ့မှစတင်ပြီး Money Changer Counter များဖွင့်လှစ်၍ နိုင်ငံခြားငွေအရောင်း/အဝယ်များ ဆောင်ရွက်ပေးလျက်ရှိပါသည်။