နောက်ဆုံးရသတင်းများ

မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မွန်၊ ကချင်၊ ကယား၊ ကရင်၊  ရခိုင်၊ ရှမ်း ၊ တနင်္သာရီနှင့် ချင်းပြည်နယ်ဒေသများရှိ မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်၊ မြို့နယ်ဘဏ်ခွဲပေါင်း (၂၈၀)ဘဏ်သည် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုကို မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အင်းဝဘဏ်လီမိတက်၊ Myanmar Mobile Money (MMM)နှင့် အကျိုးတူပူးပေါင်း၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ပြည်သူများအနေဖြင့် MPT, MECTel, Mytel Sim Card အသုံးပြု၍ မိုဘိုင်းဝန်ဆောင်မှုချိတ်ဆက်ထားခြင်းဖြင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ငွေသားပေးသွင်းခြင်း၊ ထုတ်ယူခြင်း၊ ဖုန်းပြောဆိုခငွေဖြည့်တင်းခြင်းနှင့်အငြိမ်းစားများသည် စဉ်ဆက်မပြတ်ဆောင်ရွက်ရန် ညွှန်ကြားချက်ပေးထားခြင်းဖြင့် ဘဏ်သို့ အကြိမ်ကြိမ်လာရောက်ရန်မလိုဘဲ ကိုယ်တိုင်အငြိမ်းစားလစာဖြစ်ပါက (၆)လတစ်ကြိမ်၊ မိသားစုအငြိမ်းစားလစာဖြစ်ပါက (၃)လတစ်ကြိမ်သာ လူတွေ့စစ်ဆေးခံရန်လိုအပ်ပြီး မိမိတို့လွယ်ကူအဆင်ပြေသည့် မြန်မာ့စီးပွားရေးဘဏ် သို့မဟုတ် MMM ကခန့်အပ်ထားသော နီးစပ်ရာ ပြင်ပအေးဂျင့်များတွင် လစာကို ရိုးရှင်းလွယ်ကူစွာထုတ်ယူနိုင်မည်ဖြစ်ပါသည်။