ငွေစုဘဏ်လုပ်ငန်း
မြန်မာ့စီးပွားရေးဘဏ်သည် ပြည်သူများ၏ ချွေတာစုဆောင်းခြင်းအလေ့အထကို ပြုစုပျိုးထောင်ရန်၊ လုံခြုံစိတ်ချရသော ငွေစုနည်းဖြင့် စုဆောင်းကြစေရန်၊ ငွေအရင်းအနှီး စုဆောင်းခြင်းအလေ့အထ တိုးတက်စေရန်၊ ပြည်သူများ၏ စားဝတ်နေရေးအဆင့်အတန်
ချေးငွေလုပ်ငန်း
မြန်မာ့စီးပွားရေးဘဏ်သည် ချေးငွေများကိုထုတ်ချေးရာတွင် ဦးစားပေးကဏ္ဍများအဖြစ် နိုင်ငံတော်အစိုးရမှ အခါအားလျော်စွာ လမ်းညွှန်ချမှတ်သော လုပ်ငန်းကဏ္ဍများ၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍ (Production)၊ ဝန်ဆောင်မှုကဏ္ဍ (Servicing)၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ (Transportation)၊ ကုန်သွယ်မှုကဏ္ဍ(Trading)၊ တည်ဆောက်မှုကဏ္ဍ (Construction) များကို ကာလအလိုက် ချေးငွေအမျိုးအစား၊ သက်တမ်းနှင့်အတိုးနှုန်းများကို တစ်ဖက်ပါအတိုင်း သတ်မှတ်ထားကာ ထုတ်ချေးလျက်ရှိပါသည်-
နိုင်ငံခြားငွေလုပ်ငန်း
ပြည်တွင်းဘဏ်လုပ်ငန်းများအပြင် နိုင်ငံခြားငွေလုပ်ငန်းများကိုလည်း ၁၉၉၆ ခုနှစ်မှစ၍ စတင်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံခြားအဆက်အသွယ်ဘဏ် (၇၇) ဘဏ်နှင့် အဆက်အသွယ်ဘဏ်ထူထောင်ကာ နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့များတွင် အဓိကထားဆောင်ရွက်ပေးလျက်ရှိပါသည်။
နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း
မြန်မာ့စီးပွားရေးဘဏ်၏ AD လိုင်စင်ရဘဏ်ခွဲ(၁၀၀) ခုနှင့် AH လိုင်စင်ရ (၂၀၁)ခုတွင် နိုင်ငံခြားငွေလုပ်ငန်း၊ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဌာနဆိုင်ရာအခွန်အခပေးသွင်းငွေများအား လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။
Two-Step Loan (PMU) အစီအစဉ်ဖြင့် SMEs လုပ်ငန်းရှင်များသို့ ချေးငွေများ ထုတ်ချေးခြင်း
ဂျပန်နိုင်ငံမှ ODA ချေးငွေရယူ၍ SMEs များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း (Participating Financial Institutions) ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် Two-Step Loans အစီအစဉ်ဖြင့် SMEs လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးရာတွင် မြန်မာ့စီးပွားရေးဘဏ်မှ Executing Agency (EA) အဖြစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ပြည်တွင်းငွေလွှဲလုပ်ငန်း
စီးပွားရေးအချက်အချာကျ၍ ဆက်သွယ်ရေးကောင်းမွန်သောမြို့များရှိဘဏ်များကို အုပ်စု A အဖြစ်သတ်မှတ်ပြီး၊ ဝေးလံခေါင်ပါးသောမြို့များရှိဘဏ်များကို အုပ်စု B အဖြစ်သတ်မှတ်ကာ အုပ်စု A ဘဏ်ခွဲအချင်းချင်း အပြန်အလှန်ငွေလွှဲပို့ပါက ငွေကျပ်-၁၀၀/- လျှင် ၅ ပြားနှုန်းဖြင့်လည်းကောင်း၊ အုပ်စု B ဘဏ်ခွဲအချင်းချင်းနှင့် အုပ်စု A နှင့် အုပ်စု B ဘဏ်ခွဲများအကြား ငွေလွှဲပို့ပါက ငွေကျပ်-၁၀၀/-လျှင် ၁၀ ပြားနှုန်းဖြင့်လည်းကောင်း၊ ဖက်စ်၊ ကြေးနန်း အသုံးပြုကာ ဝန်ဆောင်မှုပေးလျက်ရှိရာမှ
Automated Teller Machine (ATM) ဝန်ဆောင်မှုလုပ်ငန်း
မြန်မာ့စီးပွားရေးဘဏ်သည် Myanmar Payment Union (MPU) အဖွဲ့ဝင်အဖြစ်ပါဝင်လျက်ရှိပြီး ဘဏ်နှင့်ဆက်သွယ်သူ Customer များအနေဖြင့် ငွေသားကိုင်ဆောင်ရခြင်းမှ ကင်းဝေးစေရုံသာမက လုံခြုံစိတ်ချရသည့် ဘဏ်ဝန်ဆောင်မှုအသစ်အဖြစ် မြန်မာ့စီးပွားရေးဘဏ် ATM ကတ်အသုံးပြု၍ မိမိတို့နှစ်သက်ရာ မြန်မာ့စီးပွားရေးဘဏ် ATM စက်များနှင့် MPU အဖွဲ့ဝင်ဘဏ်များ၏ ATM စက်များ၌ လွယ်ကူလျင်မြန်စွာ ငွေသားထုတ်ယူနိုင်သည့်
Mobile Payment ဝန်ဆောင်မှုလုပ်ငန်း
(၁၅.၁၀.၂၀၁၅) ရက်နေ့မှစတင်ကာ မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အင်းဝဘဏ်လီမိတက်၊ Myanmar Mobile Money (MMM) တို့အကျိုးတူပူးပေါင်း၍ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုရှိ မြန်မာ့စီးပွားရေးဘဏ် ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲ (၂၈၁) ဘဏ်တွင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ပြည်သူများအနေဖြင့် MPT၊ MECTel နှင့် Mytel Sim Card အသုံးပြု၍ မိုဘိုင်းဝန်ဆောင်မှုချိတ်ဆက်ထားခြင်းဖြင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။
E-Pension စနစ်ဖြင့် အငြိမ်းစားလစာထုတ်ပေးခြင်းလုပ်ငန်း
အငြိမ်းစားဝန်ထမ်းများသို့ ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းကို (၁.၁၀.၁၉၇၂) နေ့မှစတင်ဆောင်ရွက်ခဲ့ပြီး ပင်စင်လစာကို လွယ်ကူလျင်မြန်စွာ အချိန်မရွေးထုတ်ယူနိုင်ရန် ရည်ရွယ်၍ IT နည်းပညာကို အသုံးပြုသည့် E-Pension စနစ်ဖြင့် အငြိမ်းစားလစာထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၁၂ခုနှစ်၊ ဩဂုတ်လမှစတင်ဆောင်ရွက်ခဲ့ရာ ဘဏ်ခွဲပေါင်း (၃၀၂) ဘဏ်ဖြင့် အငြိမ်းစားဦးရေ (၇၃၇,၃၃၃)ကို ပင်စင်လစာထုတ်ပေးလျက်ရှိပါသည်။ E-Pension စနစ်ဖြင့် ထုတ်ပေးခြင်းကြောင့် အငြိမ်းစားသည် E-Pension ကတ်မှ Saving Account, Current Account, Myanmar Mobile Money Account, ATM Account များသို့ စာရင်းပြောင်းထုတ်ယူနိုင်ခြင်း၊