အကျိုးကျေးဇူးများ
(၁) မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုကို မြို့ပြ၊ ကျေးလက်အထိ ပြည်သူများ ရယူနိုင်ခြင်း။
(၂) မိုဘိုင်းဝန်ဆောင်မှု ချိတ်ဆက်ထားခြင်းဖြင့် ငွေသားပေးသွင်းခြင်း၊ ထုတ်ယူခြင်း၊ ဖုန်းပြောဆိုခငွေဖြည့်တင်းခြင်း၊ အငြိမ်းစားလစာထုတ်ယူခြင်းတို့ကို ရိုးရှင်းလွယ်ကူစွာ ရယူနိုင်ခြင်း။
(၃) အငြိမ်းစားများသည် စဉ်ဆက်မပြတ်ဆောင်ရွက်ရန် (Standing Instruction) ညွှန်ကြားချက်ပေးထားခြင်းဖြင့် ဘဏ်သို့ အကြိမ်ကြိမ်လာရောက်ရန်မလိုဘဲ ကိုယ်တိုင်အငြိမ်းစားလစာဖြစ်ပါက (၆)လတစ်ကြိမ်၊ မိသားစုအငြိမ်းစားလစာဖြစ်ပါက (၃)လတစ်ကြိမ် လူတွေ့စစ်ဆေးခံရပါမည်။ အငြိမ်းစားများသည် မိမိတို့လွယ်ကူအဆင်ပြေသည့် မြန်မာ့စီးပွားရေးဘဏ် (သို့မဟုတ်) MMM မှ ခန့်အပ်ထားသော နီးစပ်ရာပြင်ပအေးဂျင့်များတွင် အငြိမ်းစားလစာထုတ်ယူနိုင်ခြင်း။
(၄) မိုဘိုင်းဖုန်းအသုံးပြု၍ တစ်ဦးနှင့်တစ်ဦးအကြား ငွေလွှဲခြင်း၊ ငွေပေးချေခြင်းတို့ကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ခြင်း။
(၅) တိုင်းဒေသကြီး၊ ပြည်နယ်ဒေသရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ( ၂၈၁ )ဘဏ်တွင် လွယ်ကူလျင်မြန်စွာ ဝန်ဆောင်မှုရယူနိုင်ခြင်း။
(၆) ငွေသားကိုင်တွယ်ထိန်းသိမ်းခြင်း။
(၇) ငွေသားလုံခြုံစိတ်ချရခြင်း။
(၈) အချိန်ကုန်သက်သာစေခြင်း။
Online Remittance လုပ်ငန်း
မလေးရှားနိုင်ငံ Digital Road Map (DRMI) နည်းပညာဖြင့် Online Remittance စနစ်ကို (၁.၆.၂၀၁၅)ရက်နေ့မှ စတင်ကာ နေပြည်တော်၊ ပျဉ်းမနား၊ မန္တလေးဘဏ်ခွဲ(၁)၊ (၂)၊(၃)၊ ရန်ကုန်ဘဏ်ခွဲ(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ ငွေစုဘဏ်ခွဲ( ၁)၊ (၂)၊ (၃)၊ (၄)၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ အင်းစိန်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ သန်လျင်၊ စစ်ကိုင်း၊ မုံရွာ၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မြဝတီ၊ ဘားအံ၊ မော်လမြိုင်(၁)၊(၂) ဘဏ်ခွဲ၊ ပဲခူး၊ မကွေး၊ ပြည်၊ ချောက်၊ ပခုက္ကူ၊ မြင်းခြံ၊ သရက်၊ မင်းဘူး၊ သာယာဝတီ၊ ညောင်ဦး၊ ကော့ကရိတ်၊ သထုံ၊ ရွှေဘို၊ တောင်ကြီး၊ တာချီလိတ်၊ လွိုင်ကော်၊ လွိုင်လင်၊ ကျိုင်းတုံ၊ မြစ်ကြီးနား၊ ရမည်းသင်း၊ မိုးညှင်း၊ ထားဝယ်၊ ကော့သောင်း၊ မြိတ်၊ ကျောက်ဖြူ၊ သံတွဲ၊ စစ်တွေ၊ ဗန်းမော်၊ တောင်ငူ၊ ပုသိမ်၊ မြောင်းမြ၊ သာပေါင်း၊ ရေကြည်၊ မအူပင်၊ ဖျာပုံ၊ ဟင်္သာတ၊ သိန္နီ၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ ကွမ်းလုံ၊ တန့်ယန်း၊ မြိုင်၊ ရေစကြို၊ ဆိပ်ဖြူ၊ နမ့်စန်(မြောက်)၊ စဉ့်ကူး၊ ကျွန်းလှ၊ ကန့်ဘလူ၊ ကောလင်း၊ ရေဦး၊ ယင်းမာပင်၊ ဝန်းသို၊ အရာတော်၊ ကသာ၊ အင်းတော်၊ ရွှေကူ၊ ထီးချိုင့် ၊ ဖားကန့်၊ တနိုင်း၊ ပေါက်၊ ကျောက်ပန်းတောင်း၊ ကျောက်မဲ၊ ပုလဲ၊ တန့်ဆည်၊မင်းတပ်၊ မတူပီ၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ ကလေး ၊ တမူး ၊တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီနှင့် ရွှေပြည်သာတို့တွင် ဝန်ဆောင်မှုပေးဆောင်ရွက်လျက်ရှိပါသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားလွှဲပို့ငွေများ အဆင်ပြေစွာလွှဲပို့နိုင်ရန်အတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် Krung Thai Bank (KTB) အကြား ဝန်ဆောင်မှုပေးနေသော Money Transfer Services
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏လစာငွေများကို မြန်မာနိုင်ငံရှိမိသားစုများထံ လုံခြုံစိတ်ချစွာ လွှဲပို့နိုင်ပြီဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ အကြီးဆုံးဘဏ်ကြီးဖြစ်သော Krung Thai Bank နှင့် မြန်မာနိုင်ငံ၏ နိုင်ငံပိုင်ဘဏ်ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်တို့၏ ပူးတွဲဝန်ဆောင်မှုအစီအစဉ် ဖြစ်ပါသည်။
Krung Thai Bank မှ ဖွင့်လှစ်ထားသော ဘဏ်ခွဲများအားလုံးနှင့် နိုင်ငံတစ်ဝှမ်းရှိ Krung Thai Bank ၏ ATM စက်များမှတစ်ဆင့် ငွေလွှဲပေးပို့နိုင်ပါသည်။ Krung Thai Bank နှင့် ချိတ်ဆက်ထားသော မြန်မာ့စီးပွားရေးဘဏ်များ၏ မည်သည့်ဘဏ်ခွဲတိုင်းတွင်မဆို အခကြေးငွေ ထပ်မံပေးဆောင်ရန်မလိုဘဲ လွှဲပို့ငွေကိုထုတ်ယူနိုင်ပါသည်။ ငွေလွှဲပို့မည့်သူသည် Krung Thai Bank ၏ နီးစပ်ရာဘဏ်ခွဲတိုင်းတွင် ဘဏ်စာရင်းဖွင့်လှစ်ပြီး ATM ကဒ်ကို လျှောက်ထားနိုင်ပါသည်။ ငွေလွှဲလက်ခံမည့်သူသည် မြန်မာနိုင်ငံရှိ Krung Thai Bank နှင့် ချိတ်ဆက်ထားသော မြန်မာ့စီးပွားရေးဘဏ်များမှတစ်ဆင့် အောက်ပါနည်းလမ်း (၂) မျိုးဖြင့် လွှဲငွေကိုထုတ်ယူနိုင်ပါသည်-
(၁) ငွေသားဖြင့်ထုတ်ယူခြင်း- မြန်မာနိုင်ငံရှိဘဏ်တွင် ငွေလွှဲထုတ်ယူမည့်သူ၏ မှတ်ပုံတင်ကဒ်ပြားနှင့် ငွေလွှဲပေးပို့သူမှ ငွေလွှဲထုတ်ယူမည့်သူထံ ကြိုတင်အကြောင်းကြားထားသော လျှို့ဝှက်ကုဒ်နံပါတ်(၁၂)လုံးအားပြသ၍ ထုတ်ယူနိုင်ပါသည်။
(၂) စာရင်းပြောင်းထုတ်ယူခြင်း- မြန်မာ့စီးပွားရေးဘဏ်များတွင် ဖွင့်လှစ်ထားသော ငွေစုဘဏ်စာရင်းနှင့် စာရင်းရှင်စာရင်းထဲသို့ တိုက်ရိုက်ထည့်သွင်းနိုင်ပါသည်။
မြန်မာနိုင်ငံတစ်ဝှမ်း မြန်မာ့စီးပွားရေးဘဏ်ခွဲပေါင်း (၃၀ဝ)ကျော်ဖြင့် အကျယ်ပြန့်ဆုံး ဝန်ဆောင်မှုရနိုင်ပါသည်။ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေလွှဲခလုံးဝမကောက်ခံခြင်းကြောင့် အခြားဝန်ဆောင်မှုစရိတ်များ လုံးဝမရှိပါ။ ကျေနပ်မှုအပြည့် ရှိစေရပါမည်။ စိတ်ချ၊ လုံခြုံ၊ မှန်ကန်၊ မြန်ဆန်မှုရှိစေရပါမည်။ အသေးစိတ်ကို မြန်မာ့စီးပွားရေးဘဏ်ခွဲအားလုံးတွင် စုံစမ်းသိရှိနိုင်ပါသည်။