၁။ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် One Stop Services အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်၊ နယ်စပ်ဘဏ်ခွဲ(၁၇)ခုတွင် မြန်မာ့စီးပွားရေးဘဏ်ကောင်တာများ ဖွင့်လှစ်၍ ကုန်သွယ်မှုလုပ်ငန်းများအတွက် ဌာနဆိုင်ရာအသီးသီးမှ ကောက်ခံရရှိသောအခွန်အခပေးသွင်းငွေများ လက်ခံဆောင်ရွက်ခြင်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ငွေပေးချေမှုအစီအစဉ်များတွင် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းအား ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
၂။ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာ့စီးပွားရေးဘဏ်၊ မူဆယ်ဘဏ်ခွဲနှင့် တရုတ်နိုင်ငံလယ်ယာစိုက်ပျိုးရေးဘဏ် (Agricultural Bank of China, ABC)နှင့် တရုတ်နိုင်ငံဆောက်လုပ်ရေးဘဏ် (China Construction Bank, CCB) တရုတ်နိုင်ငံစက်မှုကုန်သွယ်မှုဘဏ် (Industrial and Commercial Bank of China , ICBC)တို့အကြား အဆက်အသွယ်ဘဏ်တည်ထောင်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
၃။ ထို့အပြင် Yuan/ Kyat တိုက်ရိုက်အသုံးပြုပေးချေသုံးစွဲနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၊ နိုင်ငံခြားငွေလုပ်ငန်း၊ ရန်ကုန်မြို့၊ မူဆယ်ဘဏ်ခွဲ၊ ဘဏ်ခွဲ(၁)မန္တလေးတို့နှင့် တရုတ်အဆက်အသွယ်ဘဏ်များဖြစ်သော Bank of china(Hong Kong),Yangon Branch နှင့် Industrial and Commercial Bank of China,Yangon Branch တို့အကြား ပို့ကုန်/သွင်းကုန်ဆိုင်ရာ စာရင်းလွှဲပြောင်းပေးချေမှုများ ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ (Pilot Area)တွင် Kyat/Yuan Cross-Border Trade Settlement Mechanism ဆောင်ရွက်ခြင်းဆိုင်ရာအချက်အလက်များ
နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်း
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်/သွင်းကုန်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေကြသော ကုမ္ပဏီလီမိတက်များ၊ လုပ်ငန်းရှင်များသည် ကျပ်/ယွမ် အသုံးပြု၍ ငွေပေးချေမှုလုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် စာရင်းရှင်စာရင်း(မြန်မာကျပ်ငွေ)နှင့်(ယွမ်ငွေစာရင်း)များကို စာရင်းဖွင့်လုပ်ထုံးလုပ်နည်းများနှင့်အညီဖွင့်လှစ်ရမည်။ စာရင်းဖွင့်လှစ် သည့်အခါ အောက်ပါစာရွက်စာတမ်း အထောက်အထားများ ဘဏ်သို့တင်ပြရမည်ဖြစ်ပါသည် –
(က) လုပ်ငန်းရှင်များအတွက်
(၁) စာရင်းဖွင့်လျှောက်လွှာ
(၂) ကုမ္ပဏီမှတ်ပုံတင်
(၃) နိုင်ငံခြားသုံးငွေရရှိသည့်အထောက်အထား (ယွမ်ငွေပေးသွင်းပါက)
(၄) ကနဦးအပ်နှံငွေ Yuan-300 သို့မဟုတ် ယင်းနှင့်ညီမျှသောကျပ်
(ခ) ကုမ္ပဏီ/သမဝါယမ/ဖက်စပ်လုပ်ငန်းများ
(၁) စာရင်းဖွင့်လျှောက်လွှာ
(၂) ကုမ္ပဏီမှတ်ပုံတင်
(၃) သွင်းကုန်/ထုတ်ကုန်လုပ်ငန်းမှတ်ပုံတင်
(၄) ကုန်သည်ကြီးများအသင်းဝင်မှတ်ပုံတင်(လိုအပ်ပါက)
(၅) ဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်း
(၆) နိုင်ငံခြားသုံးငွေရရှိသည့်အထောက်အထား (ယွမ်ငွေပေးသွင်းပါက)
(၇) ကနဦးအပ်နှံငွေ Yuan-300 သို့မဟုတ် ယင်းနှင့်ညီ မျှသော ကျပ်
ပို့ကုန်လုပ်ငန်းများ
နယ်စပ်ကုန်သွယ်ရေးအတွက် မြန်မာပို့ကုန်လုပ်ငန်းရှင်မှ ပို့ကုန်များတင်ပို့နိုင်ရန် တရုတ်ကုန်ဝယ်သူ(Buyer)သည် တရုတ်နိုင်ငံရှိ၎င်း၏ဘဏ်မှပေးချေရာတွင် BOC / ICBC ရန်ကုန်ဘဏ်ခွဲမှတစ်ဆင့် ပေးချေမှုများကို အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည် –
(က) စာရင်းပြောင်းငွေလွှဲခြင်း Telegraphic Transfer(TT)
(ကက) ကုန်ပစ္စည်းအတွက် ကြိုတင်ငွေလွှဲပို့ခြင်းစနစ် (Advance Payment) (Telegraph Transfer- TT ဖြင့် ဆောင်ရွက်ခြင်း)
( ခခ ) ကုန်ပစ္စည်းအား ကြိုတင်ပေးပို့ပြီး ကုန်ပစ္စည်းလက်ခံရရှိပြီးနောက်မှ ငွေပြန်လည်လွှဲပို့ခြင်းစနစ် (Open A/C) (Telegraph Transfer -TT ဖြင့် ဆောင်ရွက်ခြင်း)
( ခ) ငွေလွှဲစာတမ်း Letter of Credit (L/C)
( ဂ) စာရွက်စာတမ်းများအရ ငွေကောက်ခံခြင်း Document Against Acceptance/Payment (DA/DP) စနစ်
ပို့ကုန်လုပ်ငန်းမှ Telegraphic Transfer (TT) ဖြင့် ငွေလက်ခံခြင်း
စာရင်းပြောင်းငွေလွှဲခြင်း(TT) ဖြစ်ပါက ပို့ကုန်လုပ်ငန်းရှင်မှ ၎င်း၏ နိုင်ငံခြားငွေစာရင်းသို့ ထည့်သွင်းပေးရန် အောက်ပါစာရွက်စာတမ်းများတင်ပြရမည် –
(က) ကုမ္ပဏီ Letter Head ဖြင့် ပို့ကုန်ကြိုတင်ရငွေအား ၎င်း၏နိုင်ငံခြားငွေစာရင်းသို့ ထည့်သွင်းပေးရန်လျှောက်လွှာ
( ခ) ပို့ကုန်လိုင်စင်(Export Licence) (သို့မဟုတ်) (Non-Licence Undertaking) မိတ္တူ
( ဂ) Certificate of Incorporation
(ဃ) ပို့ကုန်/သွင်းကုန်မှတ်ပုံတင်
သွင်းကုန်လုပ်ငန်းများ
နယ်စပ်ကုန်သွယ်ရေးအတွက် မြန်မာသွင်းကုန်လုပ်ငန်းရှင်မှ သွင်းကုန်များတင်သွင်းနိုင်ရန် တရုတ်ကုန်ရောင်းသူ (Seller) သို့ကုန်ဖိုးငွေပေးချေရာတွင် အောက်ပါနည်းလမ်းများဖြင့် လက်ခံဆောင်ရွက်ရမည်ဖြစ်ပါသည် –
(က) စာရင်းပြောင်းငွေလွှဲခြင်း Telegraphic Transfer (TT)
( ခ) ငွေလွှဲစာတမ်း Letter of Credit (L/C)
( ဂ) စာရွက်စာတမ်းများအရ ငွေကောက်ခံခြင်းDocument Against Acceptance/Payment (DA/DP) စနစ်
သွင်းကုန်လုပ်ငန်းမှ Telegraphic Transfer (TT) ဖြင့် ငွေလွှဲပို့ခြင်း
မြန်မာသွင်းကုန်လုပ်ငန်းရှင်မှ သွင်းကုန်အတွက် ယွမ်ငွေဖြင့် ငွေပေးချေရန် နယ်စပ်ဘဏ်ခွဲသို့ အောက်ပါအထောက်အထားများတင်ပြရမည် –
(က) Company Letter Head ဖြင့် ငွေလွှဲပေးရန်အချက်အလက်များပါဝင်သောလျှောက်လွှာ
( ခ) Fund Transfer Application Form
( ဂ) အကြိုကုန်စာရင်း/အရောင်းအဝယ်စာချုပ်(Proforma Invoice/Sale Contract)
(ဃ) Certificate of Incorporation
( င) ပို့ကုန်/သွင်းကုန်မှတ်ပုံတင် မိတ္တူ
( စ) Import Declaration(ID)/Release Order Notification (RO) မူရင်း (သို့မဟုတ်) မိတ္တူ (ရရှိပြီးဖြစ်ပါက)
(ဆ) Import Licence (သို့မဟုတ်)(Non-Licence Undertaking) မိတ္တူ
Transaction များအား စာရင်းရှင်းလင်းမှုကို နေ့ချင်းပြီး T+0 (သို့) နောက်တစ်နေ့ T+1 တွင်ဆောင်ရွက်ပေးမည်ဖြစ်ရာ မြန်မာပို့ကုန်လုပ်ငန်းရှင်၏ ယွမ်စာရင်းသို့ ရောက်ရှိမည်ဖြစ်သည်။ ငွေသားဖြင့်ထုတ်ယူပါက ကျပ်ငွေဖြင့်သာရရှိမည်။ စာရင်းတွင်ရှိသောယွမ်အား အခြားသောငွေပေးချေမှုများအား စာရင်းပြောင်းနည်းဖြင့် အသုံးပြုနိုင်သည်။
ယွမ်ငွေကိုအသုံးပြု၍ ပို့ကုန်/သွင်းကုန်လုပ်ငန်းများဆောင်ရွက်ခြင်းအတွက်ကောက်ခံမည့် ဘဏ်ဝန်ဆောင်ခနှုန်းထားများ
(၁) | ပြည်ပသို့ ငွေလွှဲပို့ခြင်း | ယွမ် (၆၀) |
(၂) | ပြည်ပမှ လွှဲပို့ငွေလက်ခံခြင်း | ယွမ် (၆၀) |
(၃) | စာရင်းပြောင်းနည်းဖြင့် ဆောင်ရွက်ခြင်း | ယွမ် (၃၀) |
(၄) | Swift Charges | ယွမ်(၆၀) |
(၅) | ပို့ကုန်ငွေလွှဲစာတမ်းအကြောင်းကြားစာ
LC Advising Commission) ပြင်ဆင်ချက်အကြောင်းကြားရလျှင် (Admendment Advising Commission, if any) |
ယွမ်(၁၂၀)
ယွမ်(၁၂၀) |
(၆) | နိုင်ငံခြားဘဏ်သို့ Courier Service ဖြင့် စာရွက်စာတမ်းများပေးပို့သည့်စရိတ် (Shipping Documents များကို နိုင်ငံခြားငွေဌာနက
Courier Service ဖြင့်ပေးပို့ရသဖြင့် Courier Service ပို့ခကို ဘဏ်ခွဲ က ကြိုတင်ကောက်ခံရန်) |
အမှန်ကုန်ကျစရိတ် |
(၇) | ပို့ကုန်ဘီလ်လက်ခံဆောင်ရွက်ခြင်းကော်မရှင်
(Export Bill Commission) |
ယွမ်(၆၀)
|
(၈) | ဘဏ်စာရင်းအတွက် Pass Book စာအုပ်ထုတ်ပေးခြင်း | ကျပ်-၁၀၀၀၀ |
စာရွက်စာတမ်းများအရ ငွေကောက်ခံခြင်းစနစ်(DA/DP)တို့ဖြင့် ဆောင်ရွက်လိုပါက မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊နိုင်ငံခြားငွေလုပ်ငန်း၊ နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်၊ နိုင်ငံခြားငွေလုပ်ငန်း၊ရန်ကုန်၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၁)မန္တလေး၊ မြန်မာ့စီးပွားရေးဘဏ်၊မူဆယ်ဘဏ်ခွဲ၊ BOC(HK)Yangon Branch ၊ ICBC Yangon Branch တို့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
တရုတ်ယွမ်ငွေဖြင့်ငွေပေးချေမှုဆောင်ရွက်ရာတွင်အသုံးပြုရမည့် Banking Information ဘဏ်ပိုင်းဆိုင်ရာအချက်အလက်များ
(၁) Myanma Economic Bank
SWIFT Code : MYEBMMMY
Address : No 26, Thirikyawswar Road,Bank Zone, Naypyitaw
Telephone : +95673422439 , Fax : +95673421415
Myanma Economic Bank, Muse Branch
Telephone : +95 08250506 , +95 08251597 , +95 08252809
(၂)Myanma Economic Bank, Forex(Yangon)
Telephone : +901254597 , +901254739
(၃) Myanma Economic Bank, Branch-1, Mandalay
Telephone : +9024021153 , + 9024030712
(၄) Bank of China (Hong Kong) Yangon Branch
SWIFT Code : BKCHMMMY
Address : Zone B,1st Floor,Golden City Business Center,
Yankin Road, Yankin Township,Yangon
Telephone : +019376140 , Fax : +95-019376142
(၅)Industrial and Commercial Bank of China Ltd(Yangon Branch)
SWIFT Code : ICBKMMMY
Address : Kyun Taw Road,ICBC Center, 17 and 19 Floor,
Crystal Tower, Kamayut Township, Yangon
Telephone : +95 09686999666 , +95 09660999666 , Fax : +95-9339279
၄။ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ထိုင်းနိုင်ငံ Krung Thai Bank, TMB Bank နှင့် Saim Commercial Bank Pcl,Bangkok Bank တို့နှင့် အဆက်အသွယ်ဘဏ်တည်ထောင်ပြီး အမေရိကန်ဒေါ်လာ၊ ယူရိုနှင့် ထိုင်းဘတ်ငွေများဖြင့် ပို့ကုန်/သွင်းကုန်ဆိုင်ရာ စာရင်းလွှဲပြောင်းပေးချေမှုများ ဆောင်ရွက်လျက်ရှိပါသည်။
၅။ ထို့အပြင် Baht/ Kyat တိုက်ရိုက်အသုံးပြုပေးချေသုံးစွဲနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်ဘဏ်ခွဲတို့နှင့် Bangkok Bank Public Co.,Ltd,Yangon Branch တို့အကြား ပို့ကုန်/သွင်းကုန်ဆိုင်ရာ စာရင်းလွှဲပြောင်းပေးချေမှုများ ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ်တိုက်ရိုက်အသုံးပြုပေးချေရေးအတွက် ဆောင်ရွက် ခြင်းဆိုင်ရာအချက်အလက်များ
နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်း
မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်/သွင်းကုန်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေကြသော ကုမ္ပဏီလီမိတက်များ၊ လုပ်ငန်းရှင်များသည် ကျပ်/ဘတ်အသုံးပြု၍ ငွေပေးချေမှုလုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် စာရင်းရှင်စာရင်း (မြန်မာကျပ်ငွေ)နှင့် (ထိုင်းဘတ်ငွေစာရင်း) များကို စာရင်းဖွင့်လုပ်ထုံးလုပ်နည်းများနှင့်အညီဖွင့်လှစ်ရမည်။ စာရင်းဖွင့်လှစ်သည့်အခါ အောက်ပါစာရွက်စာတမ်း အထောက်အထားများ ဘဏ်သို့တင်ပြရမည်ဖြစ်ပါသည်
(က) လုပ်ငန်းရှင်များအတွက်
(၁) စာရင်းဖွင့်လျှောက်လွှာ
(၂) ကုမ္ပဏီမှတ်ပုံတင်
(၃) နိုင်ငံခြားသုံးငွေရရှိသည့်အထောက်အထား (ယွမ်ငွေပေးသွင်းပါက)
(၄) ကနဦးအပ်နှံငွေ THB-100 သို့မဟုတ် ယင်းနှင့်ညီမျှသောကျပ်
( ခ) ကုမ္ပဏီ/သမဝါယမ/ဖက်စပ်လုပ်ငန်းများ
(၁) စာရင်းဖွင့်လျှောက်လွှာ
(၂) ကုမ္ပဏီမှတ်ပုံတင်
(၃) သွင်းကုန်/ထုတ်ကုန်လုပ်ငန်းမှတ်ပုံတင်
(၄) ကုန်သည်ကြီးများအသင်းဝင်မှတ်ပုံတင်(လိုအပ်ပါက)
(၅) ဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်း
(၆) နိုင်ငံခြားသုံးငွေရရှိသည့်အထောက်အထား (ဘတ်ငွေပေးသွင်းပါက)
(၇) ကနဦးအပ်နှံငွေ THB-100 သို့မဟုတ် ယင်းနှင့်ညီမျှသောကျပ်
ပို့ကုန်လုပ်ငန်းများ
နယ်စပ်ကုန်သွယ်ရေးအတွက် မြန်မာပို့ကုန်လုပ်ငန်းရှင်မှ ပို့ကုန်များတင်ပို့နိုင်ရန် ထိုင်းကုန်ဝယ်သူ(Buyer)သည် ထိုင်းနိုင်ငံရှိ ၎င်း၏ဘဏ်မှပေးချေရာတွင် Bangkok Bank Public Co.Ltd,Yangon Branch မှတစ်ဆင့် ပေးချေမှုများကို အောက်ပါနည်းလမ်းများဖြင့်ဆောင်ရွက်ရမည်ဖြစ်ပါသည်
(က) စာရင်းပြောင်းငွေလွှဲခြင်း Telegraphic Transfer(TT)
(ကက) ကုန်ပစ္စည်းအတွက် ကြိုတင်ငွေလွှဲပို့ခြင်းစနစ် (Advance Payment) (Telegraph Transfer-TT ဖြင့်ဆောင်ရွက်ခြင်း)
( ခခ ) ကုန်ပစ္စည်းအား ကြိုတင်ပေးပို့ပြီး ကုန်ပစ္စည်းလက်ခံရရှိပြီးနောက်မှ ငွေပြန်လည်လွှဲပို့ခြင်းစနစ် (Open A/C) (Telegraph Transfer-TT ဖြင့် ဆောင်ရွက်ခြင်း)
( ခ) ငွေလွှဲစာတမ်း Letter of Credit (L/C)
( ဂ) စာရွက်စာတမ်းများအရ ငွေကောက်ခံခြင်း
Document Against Acceptance/Payment(DA/DP)စနစ်
ပို့ကုန်လုပ်ငန်းမှ Telegraphic Transfer (TT) ဖြင့်ငွေလက်ခံခြင်း
စာရင်းပြောင်းငွေလွှဲခြင်း(TT)ဖြစ်ပါက ပို့ကုန်လုပ်ငန်းရှင်မှ ၎င်း၏နိုင်ငံခြားငွေစာရင်းသို့ထည့်သွင်းပေးရန် အောက်ပါစာရွက်စာတမ်းများတင်ပြရမည်
(က) ကုမ္ပဏီ Letter Head ဖြင့် ပို့ကုန်ကြိုတင်ရငွေအား ၎င်း၏နိုင်ငံခြားငွေစာရင်းသို့ ထည့်သွင်းပေးရန်လျှောက်လွှာ
( ခ) ပို့ကုန်လိုင်စင်(Export Licence) (သို့မဟုတ်) (Non-Licence Undertaking) မိတ္တူ
( ဂ) Certificate of Incorporation
(ဃ) ပို့ကုန်/သွင်းကုန်မှတ်ပုံတင်
သွင်းကုန်လုပ်ငန်းများ
နယ်စပ်ကုန်သွယ်ရေးအတွက် မြန်မာသွင်းကုန်လုပ်ငန်းရှင်မှ သွင်းကုန်များတင်သွင်းနိုင်ရန် ထိုင်းကုန်ရောင်းသူ(Seller)သို့ ကုန်ဖိုးငွေပေးချေရာတွင် အောက်ပါနည်းလမ်းများဖြင့် လက်ခံဆောင်ရွက်ရမည် ဖြစ်ပါသည်
(က) စာရင်းပြောင်းငွေလွှဲခြင်း Telegraphic Transfer (TT)
( ခ) ငွေလွှဲစာတမ်း Letter of Credit (L/C)
( ဂ) စာရွက်စာတမ်းများအရ ငွေကောက်ခံခြင်း
Document Against Acceptance/Payment(DA/DP)စနစ်
သွင်းကုန်လုပ်ငန်းမှ Telegraphic Transfer (TT)ဖြင့်ငွေလွှဲပို့ခြင်း
မြန်မာသွင်းကုန်လုပ်ငန်းရှင်မှ သွင်းကုန်အတွက် ထိုင်းဘတ်ငွေဖြင့်ငွေပေးချေရန် နယ်စပ်ဘဏ်ခွဲများသို့ အောက်ပါအထောက်အထားများတင်ပြရမည်
(က) Company Lettter Head ဖြင့် ငွေလွှဲပေးရန်အချက်အလက်များပါဝင်သော လျှောက်လွှာ
( ခ) Fund Transfer Application Form
( ဂ) အကြိုကုန်စာရင်း/အရောင်းအဝယ်စာချုပ်(Proforma Invoice/Sale Contract)
(ဃ) Certificate of Incorporation
( င) ပို့ကုန်/သွင်းကုန်မှတ်ပုံတင် မိတ္တူ
( စ) Import Declaration(ID)/Release Order Notification (RO) မူရင်း (သို့မဟုတ်) မိတ္တူ (ရရှိပြီးဖြစ်ပါက)
(ဆ) Import Licence (သို့မဟုတ်)(Non-Licence Undertaking) မိတ္တူ
Transaction များအား စာရင်းရှင်းလင်းမှုကို နေ့ချင်းပြီး T+0 (သို့)နောက်တစ်နေ့ T+1 တွင် ဆောင်ရွက်ပေးမည်ဖြစ်ရာ မြန်မာပို့ကုန်လုပ်ငန်းရှင်၏ ထိုင်းဘတ်ငွေစာရင်းသို့ရောက်ရှိမည်ဖြစ်သည်။ ငွေသားဖြင့်ထုတ်ယူပါက ကျပ်ငွေဖြင့်သာရရှိမည်။ စာရင်းတွင်ရှိသောထိုင်းဘတ်အား အခြားသောငွေပေးချေမှုများအား စာရင်းပြောင်းနည်းဖြင့် အသုံးပြုနိုင်သည်။
ဘတ်ငွေကိုအသုံးပြု၍ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက်ကောက်ခံမည့် ဘဏ်ဝန်ဆောင်ခနှုန်းထားများ
(၁) | ပြည်ပမှ/သို့ ငွေလွှဲပို့ခြင်း
(Inward/Outward) |
ဘတ်-၁၀၀/ဘတ်-၅၀၀
|
(၂) | စာရင်းပြောင်းနည်းဖြင့်ဆောင်ရွက်ခြင်း
(Book Transfer) |
ဘတ်-၁၀၀ |
(၃) | Swift Charges | ကျပ်-၃,၀၀၀ |
(၄) | LC Advising / Amendment | ဘတ်-၁၀၀/ဘတ်-၃၀၀ |
(၅) | Payment Amendment / Cancellation Fee | ဘတ်-၁၀၀ |
(၆) | ဘဏ်စာရင်းဖွင့်လှစ်မှု | ဘတ်-၁၀၀ |
(၇) | နိုင်ငံခြားဘဏ်သို့ Courier Service ဖြင့် စာရွက်စာတမ်းများပေးပို့သည့်စရိတ်
(Shipping Documents များကို နိုင်ငံခြားငွေဌာနက Courier Service ဖြင့်ပေးပို့ရသဖြင့် Courier Service ပို့ခကိုဘဏ်ခွဲက ကြိုတင်ကောက်ခံရန်) |
အမှန်ကုန်ကျစရိတ်
|
(၈) | ပို့ကုန်ဘီလ်လက်ခံဆောင်ရွက်ခြင်း
ကော်မရှင် (Export Bill Commission) |
ဘတ်-၁၀၀ |
(၉) | ဘဏ်စာရင်းအတွက် Pass Book စာအုပ်
ထုတ်ပေးခြင်း |
ကျပ်-၁၀,၀၀၀ |
စာရွက်စာတမ်းများအရ ငွေကောက်ခံခြင်းစနစ်(DA/DP)တို့ဖြင့် ဆောင်ရွက်လိုပါက မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)နိုင်ငံခြားငွေလုပ်ငန်း၊ နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်၊ နိုင်ငံခြားငွေလုပ်ငန်း၊ ရန်ကုန်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်ဘဏ်ခွဲ၊ Bangkok Bank Public Co.Ltd,Yangon Branch တို့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
ထိုင်းဘတ်ငွေဖြင့် ငွေပေးချေမှုဆောင်ရွက်ရာတွင် အသုံးပြုရမည့် Banking Information ဘဏ်ပိုင်းဆိုင်ရာအချက်အလက်များ
(၁) Myanma Economic Bank
SWIFT Code : MYEBMMMY
Address : No 26, Thirikyawswar Road,Bank Zone, Naypyitaw
Telephone : +95673422439 Fax : +95673421415
(၂) Myanma Economic Bank,Forex(Yangon)
Telephone : +901254597 +901254739
(၃) Myanma Economic Bank , Myawaddy Branch
Telephone : +9505850260 +9505851352
(၄) Myanma Economic Bank, Tachileik Branch
Telephone : +9508451039 +9508451020 +9508451935
(၅) Myanma Economic Bank, Kawthaung Branch
Telephone : +9505951783 +9505951887
(၆) Myanma Economic Bank, Myeik Branch
Telephone : +9505941968 +9505942174
(၇) Bangkok Bank Public Co.Ltd, Yangon Branch
SWIFT Code : BKKBMMMY
Address : 5 Kaba Aye Pagoda Road,Yankin Township,Yangon
Telephone : +95 7572957 +95 7579282
Ext : 1008
နယ်စပ်ဒေသကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးလုပ်ငန်းစဉ်
၆။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၊ တမူးဘဏ်ခွဲနှင့် အိန္ဒိယနိုင်ငံ PUNJAB National Bank (ယခင် United Bank of India -UBI) မိုရေးဘဏ်ခွဲတို့အကြား ငွေလွှဲလက်မှတ်တစ်စောင်လျှင် အမေရိကန်ဒေါ်လာ (၁၀၀၀၀)အထိဆောင်ရွက်ရန်နှင့် အမေရိကန်ဒေါ်လာ(၁၀၀၀၀)အထက်ကို Letter of Credit (L/C) စနစ်ဖြင့် ဆောင်ရွက် လျက်ရှိပြီး ပုံမှန်ကုန်သွယ်မှုဆောင်ရွက်ရာ၌ အမေရိကန်ဒေါ်လာအပြင် ယူရို၊ စင်္ကာပူ ဒေါ်လာ (သို့မဟုတ်)နှစ်ဦးနှစ်ဖက်သဘောတူညီသည့် လွတ်လပ်စွာလဲလှယ်နိုင်သောမည်သည့် ငွေကြေးနှင့်မဆို ဆောင်ရွက်နိုင်ပါသည်။
၇။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၊ မောင်တောဘဏ်ခွဲ၊ စစ်တွေဘဏ်ခွဲနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sonali Bank နှင့် AB Bank Ltd တို့အကြား အမေရိကန်ဒေါ်လာ ငွေလွှဲလက်မှတ်ဖြင့် ငွေပေးချေရာတွင် ဆန်စပါး၊ ဂျုံ၊ ပြောင်း၊ ပဲပိစပ်၊ ဆီအုန်း၊ ကြက်သွန်နှင့် ငါးတို့အတွက် ငွေလွှဲလက်မှတ်တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၀၀၀) မှ (၅၀၀၀၀)အထိလည်းကောင်း၊ အခြားကုန်စည်များအတွက် အမေရိကန်ဒေါ်လာ (၁၀၀၀၀)မှ (၃၀၀၀၀) အထိလည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၈။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် ACU ဖြင့် ငွေပေးချေမှုများဆောင်ရွက်နိုင်ရန် Sonali Bank Ltd နှင့် မြန်မာ့စီးပွားရေးဘဏ်အကြား ACU A/C (Euro/USD) များအပြန်အလှန် ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။