စျေးနှုန်းအဆိုပြုလွှာခေါ်ယူခြင်း

မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာနခွဲမှ ဆောင်ရွက်လျက်ရှိသော Centralized      e-Pension စနစ်တွင် အသုံးပြုရန်အတွက် ဘဏ်ခွဲများသို့ဖြန့်ဝေရန် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများဝယ်ယူရန်အတွက် အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့် ကိုက်ညီသော စျေးနှုန်းအဆိုပြုလွှာများကို တင်သွင်းရန် ဖိတ်ခေါ်ပါသည်။

(၁)     ပစ္စည်းအရည်အသွေးသည် အောက်ပါလိုအပ်ချက်များနှင့် ပြည့်စုံရမည် –

Lot-1   Ribbon Cartridge For Receipt Printer (Star SP700) (Black)                (၅၀၀) ခု

Lot-2    Ribbon Cartridge For Receipt Printer (EPSON TM-U220D)(Black)   (၅၀၀) ခု

(၂)      စျေးနှုန်းအဆိုပြုလွှာများကို (၂၂-၁၁-၂၀၂၄) ရက်နေ့ ညနေ(၄:၀၀)နာရီ နောက်ဆုံးထား၍ ပေးပို့ရမည်။ စာအိတ်တွင် ဥက္ကဌ၊ ပစ္စည်းဝယ်ယူရေးအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာနခွဲ၊ နေပြည်တော် ဟုဖော်ပြရမည်။

(၃)     ရွေးချယ်ခံရသည့်ပစ္စည်းတင်သွင်းခွင့်ရသူသည် (၁)ပတ်အတွင်း ပစ္စည်းပေးသွင်းအပ်နှံမှု ပြုရမည်။

(၄)     အကြောင်းတစ်စုံတစ်ရာတင်ပြခြင်းမရှိဘဲ စျေးနှုန်းအဆိုပြုလွှာတင်သွင်းခြင်းကိုပယ်ဖျက် ပိုင်ခွင့်မရှိပါ။

(၅)    အသေးစိတ်သိရှိလိုပါကရုံးချိန်အတွင်း မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာနခွဲ၊ e-Pension ဌာနစိတ်၊ နေပြည်တော်၊     ဖုန်း-၀၆၇-၃၄၁၄၉၀၁ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။