အငြိမ်းစားမိဘပြည်သူများသို့ အသိပေးကြေညာချက်

မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို e-Pension ကတ်ဖြင့် Centralized e-Pension စနစ်မှ ထုတ်ယူရရှိနိုင်သည့် ဘဏ်ခွဲ(၁၅၉)ဘဏ်စာရင်းကြေညာခြင်း

မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းကို e-Pension စနစ်မှ Centralized e-Pension စနစ်သို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှစ၍ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ Centralized e-Pension စနစ်ဆောင်ရွက်နေသည့်ဘဏ်ခွဲပေါင်း (၁၅၉)ဘဏ်ရှိပြီဖြစ်ပါသည်။ အဆိုပါဘဏ်ခွဲများရှိ အငြိမ်းစားများအနေဖြင့် အောက်ဖော်ပြပါဘဏ်ခွဲ(၁၅၉)ဘဏ်အနက် မည်သည့်ဘဏ်ခွဲတွင်မဆို ပင်စင်လစာများကို ဝန်ဆောင်ခအခမဲ့ဖြင့် ထုတ်ယူနိုင်မည်ဖြစ်ပါကြောင်းနှင့် ဝန်ဆောင်မှုထပ်တိုးသည့် ဘဏ်ခွဲအမည်စာရင်းအား www.meb.gov.mm နှင့် Myanma Economic Bank Facebook Page တို့တွင် အချိန်နှင့်တစ်ပြေးညီ တင်ပြပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

၁။ ပျဉ်းမနားဘဏ်ခွဲ ၃၃။ ပြည်ဘဏ်ခွဲ ၆၅။ ဘုတလင်ဘဏ်ခွဲ ၉၇။ ရေကြည်ဘဏ်ခွဲ ၁၂၉။ ဇလွန်ဘဏ်ခွဲ
၂။ လယ်ဝေးဘဏ်ခွဲ ၃၄။ ပုသိမ်ဘဏ်ခွဲ ၆၆။ ခင်ဦးဘဏ်ခွဲ ၉၈။ ကျုံပျော်ဘဏ်ခွဲ ၁၃၀။ ကြံခင်းဘဏ်ခွဲ
၃။ တပ်ကုန်းဘဏ်ခွဲ ၃၅။ ဟင်္သာတဘဏ်ခွဲ ၆၇။ ဒီပဲယင်းဘဏ်ခွဲ ၉၉။ ဝါးခယ်မဘဏ်ခွဲ ၁၃၁။ ကန်ကြီးထောင့်ဘဏ်ခွဲ
၄။ ပုဗ္ဗသီရိဘဏ်ခွဲ ၃၆။ မြောင်းမြဘဏ်ခွဲ ၆၈။ နမ္မတူဘဏ်ခွဲ ၁၀၀။ အင်္ဂပူဘဏ်ခွဲ ၁၃၂။ ပန်းတနော်ဘဏ်ခွဲ
၅။ ဘဏ်ခွဲ(၁)၊မန္တလေး ၃၇။ မအူပင်ဘဏ်ခွဲ ၆၉။ ရမ်းဗြဲဘဏ်ခွဲ ၁၀၁။ ကျောက်မဲဘဏ်ခွဲ ၁၃၃။ ဒေးဒရဲဘဏ်ခွဲ
၆။ ဘဏ်ခွဲ(၂)၊မန္တလေး ၃၈။ ဖျာပုံဘဏ်ခွဲ ၇၀။ ကွတ်ခိုင်ဘဏ်ခွဲ ၁၀၂။ သီပေါဘဏ်ခွဲ ၁၃၄။ ကျိုက်လတ်ဘဏ်ခွဲ
၇။ ဘဏ်ခွဲ(၃)၊မန္တလေး ၃၉။ တောင်ကြီးဘဏ်ခွဲ ၇၁။ မိုးမိတ်ဘဏ်ခွဲ ၁၀၃။ စဉ့်ကူးဘဏ်ခွဲ ၁၃၅။ ဘိုကလေးဘဏ်ခွဲ
၈။ ညောင်ဦးဘဏ်ခွဲ ၄၀။ ကျိုင်းတုံဘဏ်ခွဲ ၇၂။ မဘိမ်းဘဏ်ခွဲ ၁၀၄။ မတ္တရာဘဏ်ခွဲ ၁၃၆။ ငပုတောဘဏ်ခွဲ
၉။ မိတ္ထီလာဘဏ်ခွဲ ၄၁။ တာချီလိတ်ဘဏ်ခွဲ ၇၃။ ဆီဆိုင်ဘဏ်ခွဲ ၁၀၅။ ဖာပွန်ဘဏ်ခွဲ ၁၃၇။ ကြို့ပင်ကောက်ဘဏ်ခွဲ
၁၀။ ပြင်ဦးလွင်ဘဏ်ခွဲ ၄၂။ လွိုင်လင်ဘဏ်ခွဲ ၇၄။ ကျောက်ပန်းတောင်းဘဏ်ခွဲ ၁၀၆။ မိုးကုတ်ဘဏ်ခွဲ ၁၃၈။ လက်ပံတန်းဘဏ်ခွဲ
၁၁။ မြင်းခြံဘဏ်ခွဲ ၄၃။ လားရှိုးဘဏ်ခွဲ ၇၅။ ကလောဘဏ်ခွဲ ၁၀၇။ နောင်ချိုဘဏ်ခွဲ ၁၃၉။ မင်းလှ(သာယာဝတီ)ဘဏ်ခွဲ
၁၂။ ကျောက်ဆည်ဘဏ်ခွဲ ၄၄။ စစ်ကိုင်းဘဏ်ခွဲ ၇၆။ ချောက်ဘဏ်ခွဲ ၁၀၈။ မြစ်သားဘဏ်ခွဲ ၁၄၀။ ဒိုက်ဦးဘဏ်ခွဲ
၁၃။ ရမည်းသင်းဘဏ်ခွဲ  ၄၅။ မြောင်ဘဏ်ခွဲ ၇၇။ တောင်တွင်းကြီးဘဏ်ခွဲ ၁၀၉။ စဉ့်ကိုင်ဘဏ်ခွဲ ၁၄၁။ ညောင်လေးပင်ဘဏ်ခွဲ
၁၄။ ဘဏ်ခွဲ(၁)၊ရန်ကုန် ၄၆။ ဘားအံဘဏ်ခွဲ ၇၈။ ဒလဘဏ်ခွဲ ၁၁၀။ မလှိုင်ဘဏ်ခွဲ ၁၄၂။ ဝေါဘဏ်ခွဲ
၁၅။ ဘဏ်ခွဲ(၂)၊ရန်ကုန် ၄၇။ မြဝတီဘဏ်ခွဲ ၇၉။ ဒဂုံ-တောင်ဘဏ်ခွဲ ၁၁၁။ တောင်သာဘဏ်ခွဲ ၁၄၃။ သနပ်ပင်ဘဏ်ခွဲ
၁၆။ ဘဏ်ခွဲ(၃)၊ရန်ကုန်  ၄၈။ ကော့ကရိတ်ဘဏ်ခွဲ ၈၀။ ဒဂုံ-မြောက်ဘဏ်ခွဲ ၁၁၂။ ရပ်စောက်ဘဏ်ခွဲ ၁၄၄။ နတ္တလင်းဘဏ်ခွဲ
၁၇။ ဘဏ်ခွဲ(၄)၊ရန်ကုန် ၄၉။ မကွေးဘဏ်ခွဲ ၈၁။ တိုက်ကြီးဘဏ်ခွဲ ၁၁၃။ ညောင်ရွှေဘဏ်ခွဲ ၁၄၅။ အုတ်ဖိုဘဏ်ခွဲ
၁၈။ ဘဏ်ခွဲ(၅)၊ရန်ကုန် ၅၀။ သရက်ဘဏ်ခွဲ ၈၂။ လှည်းကူးဘဏ်ခွဲ ၁၁၄။ ပင်းတယဘဏ်ခွဲ ၁၄၆။ ပေါင်းတည်ဘဏ်ခွဲ
၁၉။ ဘဏ်ခွဲ(၆)၊ရန်ကုန် ၅၁။ မင်းဘူးဘဏ်ခွဲ ၈၃။ မှော်ဘီဘဏ်ခွဲ ၁၁၅။ ရေနံချောင်းဘဏ်ခွဲ ၁၄၇။ သဲကုန်းဘဏ်ခွဲ
၂၀။ ငွေစုဘဏ်ခွဲ(၁) ၅၂။ ပခုက္ကူဘဏ်ခွဲ ၈၄။ ထန်းတပင်(အင်းစိန်)ဘဏ်ခွဲ ၁၁၆။ အောင်လံဘဏ်ခွဲ ၁၄၈။ ရွှေတောင်ဘဏ်ခွဲ
၂၁။ ငွေစုဘဏ်ခွဲ(၃) ၅၃။ ဘဏ်ခွဲ(၁)မော်လမြိုင် ၈၅။ ရွှေပြည်သာဘဏ်ခွဲ ၁၁၇။ နတ်မောက်ဘဏ်ခွဲ ၁၄၉။ နွားထိုးကြီးဘဏ်ခွဲ
၂၂။ ငွေစုဘဏ်ခွဲ(၄) ၅၄။ ဘဏ်ခွဲ(၂)မော်လမြိုင် ၈၆။ လှိုင်သာယာဘဏ်ခွဲ ၁၁၈။ မင်းလှ(သရက်)ဘဏ်ခွဲ ၁၅၀။ မော်လမြိုင်ကျွန်းဘဏ်ခွဲ
၂၃။ သန်လျင်ဘဏ်ခွဲ ၅၅။ သထုံဘဏ်ခွဲ ၈၇။ မင်္ဂလာဒုံဘဏ်ခွဲ ၁၁၉။ လပွတ္တာဘဏ်ခွဲ ၁၅၁။ စလင်းဘဏ်ခွဲ
၂၄။ ကြည့်မြင်တိုင်ဘဏ်ခွဲ ၅၆။ စစ်တွေဘဏ်ခွဲ ၈၈။ ကော့မှူးဘဏ်ခွဲ ၁၂၀။ မြန်အောင်ဘဏ်ခွဲ ၁၅၂။ မြို့သစ်ဘဏ်ခွဲ
၂၅။ ကမာရွတ်ဘဏ်ခွဲ ၅၇။ သံတွဲဘဏ်ခွဲ ၈၉။ ကွမ်းခြံကုန်းဘဏ်ခွဲ ၁၂၁။ ကျောင်းကုန်းဘဏ်ခွဲ ၁၅၃။ စေတုတ္တရာဘဏ်ခွဲ
၂၆။ သင်္ဃန်းကျွန်းဘဏ်ခွဲ ၅၈။ ​ကျောက်ဖြူဘဏ်ခွဲ ၉၀။ ကျောက်တန်းဘဏ်ခွဲ ၁၂၂။ ဓနုဖြူဘဏ်ခွဲ ၁၅၄။ မင်းတုန်းဘဏ်ခွဲ
၂၇။ တာမွေဘဏ်ခွဲ ၅၉။ မြိတ်ဘဏ်ခွဲ ၉၁။ အမရပူရဘဏ်ခွဲ ၁၂၃။ ညောင်တုန်းဘဏ်ခွဲ ၁၅၅။ ဆင်ပေါင်ဝဲဘဏ်ခွဲ
၂၈။ မြောက်ဥက္ကလာပဘဏ်ခွဲ ၆၀။ ထားဝယ်ဘဏ်ခွဲ ၉၂။ ပုသိမ်ကြီးဘဏ်ခွဲ ၁၂၄။ ရေတာရှည်ဘဏ်ခွဲ ၁၅၆။ ကံမဘဏ်ခွဲ
၂၉။ အင်းစိန်ဘဏ်ခွဲ ၆၁။ ​ကော့သောင်းဘဏ်ခွဲ ၉၃။ ဝမ်းတွင်းဘဏ်ခွဲ ၁၂၅။ ကျောက်တံခါးဘဏ်ခွဲ ၁၅၇။ ငဖဲဘဏ်ခွဲ
၃၀။ ပဲခူးဘဏ်ခွဲ ၆၂။ ဗန်းမော်ဘဏ်ခွဲ ၉၄။ သာစည်ဘဏ်ခွဲ ၁၂၆။ အုတ်တွင်းဘဏ်ခွဲ ၁၅၈။ ဆိပ်ဖြူဘဏ်ခွဲ
၃၁။ တောင်ငူဘဏ်ခွဲ ၆၃။ မုံရွာဘဏ်ခွဲ ၉၅။ ပျော်ဘွယ်ဘဏ်ခွဲ ၁၂၇။ ဖြူးဘဏ်ခွဲ ၁၅၉။ ကျိုက်ထိုဘဏ်ခွဲ
၃၂။ သာယာဝတီဘဏ်ခွဲ ၆၄။ ရွှေဘိုဘဏ်ခွဲ ၉၆။ အိမ်မဲဘဏ်ခွဲ ၁၂၈။ သပိတ်ကျင်းဘဏ်ခွဲ