ချိတ်ပိတ်စျေးနှုန်းလွှာများခေါ်ယူခြင်း

မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာနခွဲမှ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် e-Pension လုပ်ငန်းအသုံးပြုရန် Paper Roll (၅၀၀၀)လိပ် ဝယ်ယူရန် အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့် ချိတ်ပိတ်စျေးနှုန်းလွှာများကို တင်သွင်းရန် ဖိတ်ခေါ်ပါသည်။

(၁)    ပစ္စည်းအရည်အသွေးသည် အောက်ပါလိုအပ်ချက်ဖြင့် ပြည့်စုံရမည် –

Double Paper Roll ( 2 ply, 3” inches )

(၂)    ချိတ်ပိတ်စျေးနှုန်းလွှာများကို( ၂၀ – ၉ – ၂၀၂၄ )ရက်နေ့ ညနေ(၄:၀၀)နာရီနောက်ဆုံး ထား၍ ပေးပို့ရမည်။ စာအိတ်တွင် ဥက္ကဌ၊ ပစ္စည်းဝယ်ယူရေး

အဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာနခွဲ၊ နေပြည်တော်ဟု ဖော်ပြရမည်။

(၃)    ရွေးချယ်ခံရသည့် ပစ္စည်းတင်သွင်းခွင့်ရသူသည် (၁)လအတွင်း ပစ္စည်းပေးသွင်းအပ်နှံမှုပြုရမည်။

(၄)    အကြောင်းတစ်စုံတစ်ရာတင်ပြခြင်းမရှိဘဲ စျေးနှုန်းတင်သွင်းလွှာများကို ပယ်ဖျက်ပိုင်ခွင့်မရှိပါ။

(၅)    အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာနခွဲ၊ e-Pension
ဌာနစိတ်၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၄၉၀၁ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။