စျေးနှုန်းအဆိုပြုလွှာခေါ်ယူခြင်း

မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာနခွဲမှ ဆောင်ရွက်လျက်ရှိသော Centralized e-Pension စနစ်တွင် အသုံးပြုရန်အတွက် ဘဏ်ခွဲများသို့ဖြန့်ဝေရန် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများဝယ်ယူရန်အတွက် အောက်ဖော်ပြပါစည်းကမ်းချက်များနှင့်ကိုက်ညီသော စျေးနှုန်းအဆိုပြုလွှာများကို တင်သွင်းရန် ဖိတ်ခေါ်ပါသည်။

(၁)    ပစ္စည်းအရည်အသွေးသည် အောက်ပါလိုအပ်ချက်များနှင့် ပြည့်စုံရမည် –

Lot-1     Web Cam Logitech C310                                                    (၁၀) လုံး

Lot-2       Slip Printer EPSON TMU220D                                         ( ၄ ) လုံး

(၂)     စျေးနှုန်းအဆိုပြုလွှာများကို (၅-၉-၂၀၂၄)ရက်နေ့ ညနေ(၄:၀၀)နာရီ နောက်ဆုံးထား၍ ပေးပို့ရမည်။ စာအိတ်တွင် ဥက္ကဌ၊ ပစ္စည်းဝယ်ယူရေးအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာနခွဲ၊ နေပြည်တော်ဟု ဖော်ပြရမည်။

(၃)     ရွေးချယ်ခံရသည့် ပစ္စည်းတင်သွင်းခွင့်ရသူသည် (၁)ပတ်အတွင်း ပစ္စည်းပေးသွင်းအပ်နှံမှုပြုရမည်။

(၄)     အကြောင်းတစ်စုံတစ်ရာတင်ပြခြင်းမရှိဘဲ စျေးနှုန်းအဆိုပြုလွှာ တင်သွင်းခြင်းကို ပယ်ဖျက်ပိုင်ခွင့်မရှိပါ။

(၅)     အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာနခွဲ၊ e-Pension ဌာနစိတ်၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၄၉၀၁ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။