စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော အစောင့်ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ် (၄/ ၂၀၂၄)

လျှောက်လွှာခေါ်ယူခြင်း

 

၁။      စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော အစောင့်(လစာနှုန်းကျပ် ၁၄၄၀၀၀ – ၂၀၀၀ – ၁၅၄၀၀၀)ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်။

၂။       အထက်ဖော်ပြပါ ရာထူးနေရာအတွက် လျှောက်ထားသူသည် –

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

( ခ )   အခြေခံပညာအလယ်တန်းအောင်မြင်ပြီးသူ အမျိုးသားများသာဖြစ်ရမည်။

( ဂ )   နယ်စပ်ဒေသအပါအဝင် ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

(ဃ)    ရွေးချယ်ခန့်ထားခြင်းခံရပါက စတင်တာဝန်ထမ်းဆောင်ရသည့်ဒေသတွင် အနည်းဆုံး(၂)နှစ် တာဝန်ထမ်းဆောင်ရမည်။

( င )   ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက် (၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

( စ )   ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဘူးခြင်းမရှိသူဖြစ်ရမည်။

၃။      လျှောက်လွှာပုံစံများကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာတိုင်း​ဒေသကြီး/ပြည်နယ်ရုံးများတွင်ရယူနိုင်ပြီး စာမေးပွဲဝင်ကြေးငွေ ကျပ် ၁၀၀၀/- (ကျပ်တစ်ထောင်တိတိ)ကို မိမိဖြေဆိုလိုသည့်စာစစ်ဌာန (နေပြည်တော်ဘဏ်၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ရုံး)များတွင် Sundry Deposit A/C Miscellaneous သို့ ပေးသွင်းရပါမည်။

၄။      လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည် –

(က)    အခြေခံပညာအလယ်တန်းအောင်မြင်ကြောင်း ထောက်ခံစာမိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

( ခ )   ပတ်စ်ပို့အရွယ်ဓါတ်ပုံ(၅)ပုံ

( ဂ )   (၁) လအတွင်းရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း

(ဃ)    သက်ဆိုင်ရာ ရဲစခန်းမှ (၁)လအတွင်းရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း

( င )   နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

( စ )   အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

(ဆ)    ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးခြင်းမရှိကြောင်း ကိုယ်တိုင်ဝန်ခံချက်

၅။      တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ အစောင့်ရာထူးနေရာများအား အောက်ဖော်ပြပါအရေအတွက်အတိုင်း ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ပါသည် –

စဉ် တိုင်းဒေသကြီး/ ပြည်နယ် အစောင့်ရာထူး ခန့်ထားမည့်ဦးရေ
ကရင်ပြည်နယ် (၂) ဦး
ချင်းပြည်နယ် (၅) ဦး
စစ်ကိုင်းတိုင်းဒေသကြီး (၆) ဦး
တနင်္သာရီတိုင်းဒေသကြီး (၆) ဦး
မကွေးတိုင်းဒေသကြီး (၂) ဦး
မန္တလေးတိုင်းဒေသကြီး (၁) ဦး
မွန်ပြည်နယ် (၄) ဦး
ရန်ကုန်တိုင်းဒေသကြီး (၁၁) ဦး
ရှမ်းပြည်နယ် (၃) ဦး
စုစုပေါင်း (၄၀) ဦး

၆။      လျှောက်ထားသူများသည် လျှောက်လွှာကို မိမိလျှောက်လွှာရယူခဲ့သည့်ရုံးများသို့ (၁၃ – ၃ – ၂၀၂၄)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။

၇။      လျှောက်ထားသူများကို (၁၆ – ၃ – ၂၀၂၄) ရက်နေ့နံနက်(၉)နာရီ၌ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာတိုင်း​ဒေသကြီး/ ပြည်နယ်ရုံးများတွင် လူတွေ့စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခန့်ထားသည့်အမည်စာရင်းကို နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ရုံးများတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

၈။      ဖြေဆိုခွင့်ကတ်ပြားများကို (၁၅ – ၃ – ၂၀၂၄)ရက်နေ့၌ မိမိလျှောက်ထားသည့်ရုံးများတွင် ထုတ်ပေးမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရန်ဖြစ်ပါသည်။

၉။      အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက နေပြည်တော်ဘဏ်သို့ဖြစ်စေ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ရုံးများသို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

မြန်မာ့စီးပွားရေးဘဏ်