အိတ်ဖွင့်လေလံတင်ရောင်းချရန်ကြော်ငြာ

မြန်မာ့စီးပွားရေးဘဏ် ၊ မန္တလေးတိုင်းဒေသကြီးရုံးမှ မြန်မာ့စီးပွားရေးဘဏ်အမည်ပေါက် မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ပန်းတောင်းမြို့ ၊ အောင်မင်္ဂလာရပ်ရှိ မြေနှင့်ယင်းမြေကွက်ပေါ်ရှိ အဆောက်အအုံအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်အား လေလံတင်ရောင်းချသွားမည်ဖြစ်သဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ တရားဝင်လွှဲအပ်သည့် ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း လေလံဆွဲဝယ်ယူနိုင်ကြောင်း ကြေညာလိုက်သည်-

ပစ္စည်းစာရင်း

ကျောက်ပန်းတောင်းမြို့ ၊ အောင်မင်္ဂလာရပ်၊ ကွင်းအမှတ်(၂၀၆၉/ခ) ကျောက်ပန်းတောင်း(တောင်)ကွင်း ၊ မြေကွက်အမှတ်(၃၉၂/၈၆၈) ၊ မြေဧရိယာ(၀.၀၅၈)ဧကရှိ မြေနှင့်(၂)ထပ်ပတ်ကား တိုက်နှင့် ၎င်းမြေပေါ်ရှိ ဆီစက်နှင့်ဆက်စပ်ပစ္စည်းများ

မြေနှင့်ယင်းမြေကွက်ပေါ်ရှိ အဆောက်အအုံအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်အား မြန်မာကျပ်ငွေဖြင့် အောက်ပါအတိုင်းလေလံတင်ရောင်းချသွားမည်-

 

(က) လျှောက်လွှာရောင်းချမည့်ရက် – ၁၉-၂-၂၀၂၄ရက်မှ ၁-၃-၂၀၂၄ရက်ထိ
( ခ ) လျှောက်လွှာနောက်ဆုံးတင်သွင်းရမည့်ရက် – ၁ -၃-၂၀၂၄ ရက်နေ့ ၁၆:၀၀ နာရီ
( ဂ ) လျှောက်လွှာရောင်းချမည့်နေ့ရာ –  မြန်မာ့စီးပွားရေးဘဏ် ၊

မန္တလေးတိုင်းဒေသကြီးရုံး ၊

၈၃လမ်း ၊ ၂၅×၂၆ကြား ၊ မန္တလေးမြို့

(ဃ) လေလံဖွင့်လှစ်မည့် ရက်/ အချိန် – ၄ -၃-၂၀၂၄ ၊ နံနက်(၁၀)နာရီ
( င ) လေလံဖွင့်လှစ်မည့်နေရာ – မြန်မာ့စီးပွားရေးဘဏ် ၊

မန္တလေးတိုင်းဒေသကြီးရုံး ၊

၈၃လမ်း ၊ ၂၅×၂၆ကြား ၊ မန္တလေးမြို့

အိတ်ဖွင့်လေလံနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက မြန်မာ့စီးပွားရေးဘဏ် ၊ မန္တလေးတိုင်းဒေသကြီးရုံး ဖုန်းနံပါတ် ၊ ၀၂-၄၀၆၈၀၀၄  ၊ ၀၂-၄၀၆၀၇၃၂ ၊ ၀၂-၄၀၃၅၆၄၃ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

လေလံတင်ရောင်းချရေးနိုင်ရေးကော်မတီ