မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော ရုံးအကူရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
January 9, 2024
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော ရုံးအကူ (လစာနှုန်းကျပ် ၁၄၄၀၀၀ – ၂၀၀၀ – ၁၅၄၀၀၀) ရာထူးနေရာများအတွက် လျှောက်လွှာ ခေါ်ယူခြင်းဖြစ်ပါသည်။
၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) အခြေခံပညာအလယ်တန်းအောင်မြင်ပြီးသူ အမျိုးသားများသာဖြစ်ရမည်။
( ဂ ) နယ်စပ်ဒေသအပါအဝင် ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
(ဃ) ရွေးချယ်ခန့်ထားခြင်းခံရပါကစတင်တာဝန်ထမ်းဆောင်ရသည့်ဒေသတွင်အနည်းဆုံး(၂)နှစ်တာဝန်ထမ်းဆောင်ရမည်။
( င ) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင်အသက် (၁၈) နှစ်ပြည့်ပြီးအသက် (၂၈) နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။
( စ ) ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဘူးခြင်းမရှိသူဖြစ်ရမည်။
၃။ လျှောက်လွှာပုံစံများကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် ရယူနိုင်ပြီး စာမေးပွဲဝင်ကြေးငွေ ကျပ် ၁၀၀၀/- (ကျပ် တစ်ထောင်တိတိ) ကို မိမိဖြေဆိုလိုသည့်စာစစ်ဌာန (နေပြည်တော်ဘဏ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး) များတွင် Sundry Deposit A/C Miscellaneous သို့ ပေးသွင်းရပါမည်။
၄။ လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည် –
(က) အခြေခံပညာအလယ်တန်းအောင်မြင်ကြောင်း ထောက်ခံစာမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( ခ ) ပတ်စ်ပို့အရွယ်ဓါတ်ပုံ (၅) ပုံ
( ဂ ) (၁) လအတွင်းရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း
(ဃ) သက်ဆိုင်ရာ ရဲစခန်းမှ (၁) လအတွင်းရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း
( င ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( စ ) အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
(ဆ) ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဘူးခြင်းမရှိကြောင်း ကိုယ်တိုင်ဝန်ခံချက်
၅။ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ရုံးအကူ ရာထူးနေရာများအား အောက်ဖော်ပြပါ အရေအတွက်အတိုင်း ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ပါသည် –
စဉ် | နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် | ရုံးအကူ ခန့်ထားမည့်ဦးရေ | |
၁ | နေပြည်တော် |
(၁၀) |
ဦး |
၂ | ကချင်ပြည်နယ် | (၄) | ဦး |
၃ | ကယားပြည်နယ် | – | |
၄ | ကရင်ပြည်နယ် | (၁) | ဦး |
၅ | ချင်းပြည်နယ် | (၂) | ဦး |
၆ | စစ်ကိုင်းတိုင်းဒေသကြီး | (၆) | ဦး |
၇ | တနင်္သာရီတိုင်းဒေသကြီး | (၄) | ဦး |
၈ | ပဲခူးတိုင်းဒေသကြီး | (၃) | ဦး |
၉ | မကွေးတိုင်းဒေသကြီး | (၃) | ဦး |
၁၀ | မန္တလေးတိုင်းဒေသကြီး | (၃) | ဦး |
၁၁ | မွန်ပြည်နယ် | – | |
၁၂ | ရခိုင်ပြည်နယ် | (၄) | ဦး |
၁၃ | ရန်ကုန်တိုင်းဒေသကြီး | (၅) | ဦး |
၁၄ | ရှမ်းပြည်နယ် | (၄) | ဦး |
၁၅ | ဧရာဝတီတိုင်းဒေသကြီး | (၁) | ဦး |
စုစုပေါင်း | (၅၀) | ဦး |
၆။ လျှောက်ထားသူများသည် လျှောက်လွှာကို မိမိလျှောက်လွှာရယူခဲ့သည့် ရုံးများသို့ (၂၉ – ၁၂ – ၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။
၇။ လျှောက်ထားသူများကို (၆ – ၁ – ၂၀၂၄) ရက်နေ့၊ နံနက် (၉) နာရီ၌ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် လူတွေ့စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခန့်ထားသည့်အမည်စာရင်းကို နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။
၈။ ဖြေဆိုခွင့်ကတ်ပြားများကို (၃ – ၁ – ၂၀၂၄) ရက်နေ့၌ မိမိလျှောက်ထားသည့်ရုံးများတွင်ထုတ်ပေးမည်ဖြစ်ပြီး ကာယကံရှင် ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရန်ဖြစ်ပါသည်။
၉။ အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက နေပြည်တော်ဘဏ်သို့ဖြစ်စေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများသို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်