မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော လုံခြုံရေး (၅)ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
January 9, 2024
ကြော်ငြာစာအမှတ် (၅/ ၂၀၂၂)
လျှောက်လွှာခေါ်ယူခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော လုံခြုံရေး (၅) (လစာနှုန်းကျပ် ၁၆၂၀၀၀ – ၂၀၀၀ – ၁၇၂၀၀၀)ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်။
၂။ အထက်ဖော်ပြပါ ရာထူးနေရာအတွက် လျှောက်ထားသူသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) အခြေခံပညာအလယ်တန်းအောင်မြင်ပြီးသူအမျိုးသားများသာဖြစ်ရမည်။
( ဂ ) အရပ်(၅)ပေ (၂)လက်မနှင့်အထက်ရှိပြီး ကိုယ်အလေးချိန် ပေါင်(၁၂၀)နှင့်အထက်ရှိသူဖြစ်ရမည်။
(ဃ) ကျန်းမာရေးကောင်းမွန်ပြီး လုပ်ငန်းခွင်တွင် တက်ကြွစွာပါဝင်ဆောင်ရွက်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
( င ) နယ်စပ်ဒေသအပါအဝင် ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
( စ ) ရွေးချယ်ခန့်ထားခြင်းခံရပါက စတင်တာဝန်ထမ်းဆောင်ရသည့်ဒေသတွင် အနည်းဆုံး(၂)နှစ်တာဝန်ထမ်းဆောင်ရမည်။
(ဆ) ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
၃။ လျှောက်လွှာပုံစံများကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင်ရယူနိုင်ပြီး စာမေးပွဲဝင်ကြေးငွေကျပ် ၁၀၀၀/-(ကျပ်တစ်ထောင်တိတိ)ကို မိမိဖြေဆိုလိုသည့်စာစစ်ဌာန (နေပြည်တော်ဘဏ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး)များတွင် Sundry Deposit A/C Miscellaneous သို့ ပေးသွင်းရပါမည်။
၄။ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ လုံခြုံရေး(၅)ရာထူးနေရာများအား အောက်ဖော်ပြပါအရေအတွက်အတိုင်း ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ပါသည်
စဉ် | တိုင်းဒေသကြီး/ ပြည်နယ် | ခန့်ထားမည့်ဦးရေ |
လုံခြုံရေး (၅) | ||
၁ | ကချင်ပြည်နယ် | (၁) ဦး |
၂ | ကရင်ပြည်နယ် | (၁) ဦး |
၃ | ချင်းပြည်နယ် | (၃) ဦး |
၄ | စစ်ကိုင်းတိုင်းဒေသကြီး | (၈) ဦး |
၅ | တနင်္သာရီတိုင်းဒေသကြီး | (၃) ဦး |
၆ | ပဲခူးတိုင်းဒေသကြီး | (၁) ဦး |
၇ | မကွေးတိုင်းဒေသကြီး | (၅) ဦး |
၈ | မန္တလေးတိုင်းဒေသကြီး | (၉) ဦး |
၉ | မွန်ပြည်နယ် | (၃) ဦး |
၁၀ | ရခိုင်ပြည်နယ် | (၃) ဦး |
၁၁ | ရန်ကုန်တိုင်းဒေသကြီး | (၁၅) ဦး |
၁၂ | ရှမ်းပြည်နယ် | (၆) ဦး |
၁၃ | ဧရာဝတီတိုင်းဒေသကြီး | (၂) ဦး |
စုစုပေါင်း | (၆၀) ဦး |
၅။ လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည် –
(က) အခြေခံပညာအလယ်တန်းအောင်မြင်ကြောင်း ထောက်ခံစာမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( ခ ) ပတ်စ်ပို့အရွယ်ဓါတ်ပုံ (၅)ပုံ
( ဂ ) (၁) လအတွင်းရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း
(ဃ) သက်ဆိုင်ရာ ရဲစခန်းမှ (၁)လအတွင်းရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်မူရင်း
( င ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( စ ) အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
၆။ လျှောက်ထားသူများသည် လျှောက်လွှာကို မိမိလျှောက်လွှာရယူခဲ့သည့် ရုံးများသို့ (၃၁ – ၁ – ၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။
၇။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်လွှာအား သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ ဌာနတွင်းဝန်ထမ်းဖြစ်ပါက လျှောက်လွှာအား သက်ဆိုင်ရာ ဌာနခွဲ/ တိုင်းဒေသကြီး/ ပြည်နယ်ရုံး၏ ထောက်ခံချက်ဖြင့်လည်းကောင်း( ၃၁ – ၁ – ၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။
၈။ လျှောက်ထားသူများကို (၄ – ၂ – ၂၀၂၃) ရက်နေ့ နံနက် (၉)နာရီ၌ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် လူတွေ့စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခန့်ထားသည့်အမည်စာရင်းကို နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ရုံးများတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။
၉။ ဖြေဆိုခွင့်ကတ်ပြားများကို ( ၂ – ၂ – ၂၀၂၃) ရက်နေ့နှင့် (၃ – ၂ – ၂၀၂၃) ရက်နေ့များတွင် မိမိလျှောက်ထားသည့်စာစစ်ဌာနများ၌ထုတ်ပေးမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရန်ဖြစ်ပါသည်။
၁၀။ အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက နေပြည်တော်ဘဏ်သို့ဖြစ်စေ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ရုံးများသို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်
ရက်စွဲ၊ ၃၀ – ၁၂ – ၂၀၂၂