မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး/ ငွေကိုင် (၄)ရာထူး နေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
January 9, 2024
ကြော်ငြာစာအမှတ် (၄/ ၂၀၂၂)
လျှောက်လွှာခေါ်ယူခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး/ ငွေကိုင် (၄) (လစာနှုန်းကျပ် ၁၈၀၀၀၀ – ၂၀၀၀ – ၁၉၀၀၀၀) ရာထူး နေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်။
၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
(စီးပွားရေးဘွဲ့၊ ဥပဒေဘွဲ့၊ အင်္ဂလိပ်စာဘွဲ့၊ ကွန်ပျူတာဘွဲ့၊ အင်ဂျင်နီယာဘွဲ့ ရရှိပြီးသူများကို ဦးစားပေးမည်)
( ဂ ) အိမ်ထောင်မရှိသူ အမျိုးသားများအား ဦးစားပေးရွေးချယ်မည်။
(ဃ) နယ်စပ်ဒေသအပါအဝင် ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
( င ) ရွေးချယ်ခန့်ထားခြင်းခံရပါက စတင်တာဝန်ထမ်းဆောင်ရသည့်ဒေသတွင် အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်ရမည်။
( စ ) ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၂၈) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
၃။ လျှောက်လွှာပုံစံများကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် ရယူနိုင်ပြီး စာမေးပွဲဝင်ကြေးငွေ ကျပ် ၁၀၀၀/- (ကျပ် တစ်ထောင်တိတိ) ကို မိမိဖြေဆိုလိုသည့်စာစစ်ဌာန (နေပြည်တော်ဘဏ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး) များတွင် Sundry Deposit A/C Miscellaneous သို့ ပေးသွင်းရပါမည်။
၄။ လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည် –
(က) ဘွဲ့လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( ခ ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်လက်မှတ်/ အခြေခံပညာအထက်တန်း အောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( ဂ ) တက္ကသိုလ်ဝင်တန်း/ အခြေခံပညာအထက်တန်းအောင်အမှတ်စာရင်း
(ဃ) ပတ်စ်ပို့အရွယ်ဓါတ်ပုံ (၅) ပုံ
( င ) (၁) လအတွင်းရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း
( စ ) သက်ဆိုင်ရာ ရဲစခန်းမှ (၁) လအတွင်းရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း
(ဆ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( ဇ ) အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
၅။ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ အငယ်တန်းစာရေးနှင့် ငွေကိုင် (၄) ရာထူးနေရာများအား အောက်ဖော်ပြပါ အရေအတွက်အတိုင်း ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ပါသည် –
စဉ် | နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် | ခန့်ထားမည့်ဦးရေ |
အငယ်တန်းစာရေး/ ငွေကိုင် (၄) | ||
၁ | နေပြည်တော် | (၁၈) ဦး |
၂ | ကချင်ပြည်နယ် | (၇) ဦး |
၃ | ကယားပြည်နယ် | (၃) ဦး |
၄ | ကရင်ပြည်နယ် | (၃) ဦး |
၅ | ချင်းပြည်နယ် | (၁၀) ဦး |
၆ | စစ်ကိုင်းတိုင်းဒေသကြီး | (၁၂) ဦး |
၇ | တနင်္သာရီတိုင်းဒေသကြီး | (၈) ဦး |
၈ | ပဲခူးတိုင်းဒေသကြီး | (၇) ဦး |
၉ | မကွေးတိုင်းဒေသကြီး | (၄) ဦး |
၁၀ | မန္တလေးတိုင်းဒေသကြီး | (၁၂) ဦး |
၁၁ | မွန်ပြည်နယ် | (၄) ဦး |
၁၂ | ရန်ကုန်တိုင်းဒေသကြီး | (၂၄) ဦး |
၁၃ | ရှမ်းပြည်နယ် | (၅) ဦး |
စုစုပေါင်း | (၁၁၇) ဦး |
၆။ လျှောက်ထားသူများသည် လျှောက်လွှာကို မိမိလျှောက်လွှာရယူခဲ့သည့် စာစစ်ဌာန (နေပြည်တော်ဘဏ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး) များသို့ (၁၉ – ၁၂ – ၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။
၇။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်လွှာပုံစံ (၁) စုံအား သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပေးပို့လျှောက်ထားစေရန်နှင့် မြန်မာ့စီးပွားရေးဘဏ်၊ ဌာနတွင်းဝန်ထမ်းဖြစ်ပါက လျှောက်လွှာအား သက်ဆိုင်ရာ ဌာနခွဲ/ တိုင်းဒေသကြီး/ ပြည်နယ်ရုံး၏ ထောက်ခံချက်ဖြင့် (၁၉ – ၁၂ – ၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။
၈။ လျှောက်ထားသူများကို (၂၄ – ၁၂ – ၂၀၂၂) ရက်နေ့နှင့် (၂၅ – ၁၂ – ၂၀၂၂) ရက်နေ့များ၌ သက်ဆိုင်ရာစာစစ်ဌာနများတွင် အောက်ပါအတိုင်း အရည်အချင်းစစ်ခြင်း ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ် ခန့်ထားသည့်အမည်စာရင်းကို သက်ဆိုင်ရာစာစစ်ဌာနတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်-
စဉ် | အကြောင်းအရာ | နေ့ရက် | အချိန် |
(က) | အင်္ဂလိပ်စာ (ရေးဖြေ) | ၂၄ – ၁၂ – ၂၀၂၂ | နံနက် (၉:၃၀) နာရီ မှ (၁၀:၃၀) နာရီထိ |
( ခ ) | ကွန်ပျူတာကျွမ်းကျင်မှု
(လက်တွေ့) |
၂၄ – ၁၂ – ၂၀၂၂ | နေ့လယ် (၁) နာရီ မှ (၂) နာရီထိ |
( ဂ ) | အထွေထွေဗဟုသုတ
(လူတွေ့) |
၂၅ – ၁၂ – ၂၀၂၂ | နံနက် (၉) နာရီ |
၉။ ဖြေဆိုခွင့်ကတ်ပြားများကို (၂၁ – ၁၂ – ၂၀၂၂) ရက်နေ့နှင့် (၂၃ – ၁၂ – ၂၀၂၂) ရက်နေ့များတွင် မိမိလျှောက်ထားသည့် စာစစ်ဌာနများ၌ ထုတ်ပေးမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရန်ဖြစ်ပါသည်။
၁၀။ အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက နေပြည်တော်ဘဏ်သို့ဖြစ်စေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများသို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်
ရက်စွဲ၊ ၁၄ – ၁၁ – ၂၀၂၂