မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော လုံခြုံရေး (၅) ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ် (၃/ ၂၀၂၂)

လျှောက်လွှာခေါ်ယူခြင်း

 

၁။      စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော လုံခြုံရေး (၅) (လစာနှုန်းကျပ် ၁၆၂၀၀၀ – ၂၀၀၀ – ၁၇၂၀၀၀) ရာထူးနေရာများအတွက် လျှောက်လွှာ ခေါ်ယူခြင်းဖြစ်ပါသည်။

၂။       အထက်ဖော်ပြပါ ရာထူးနေရာအတွက် လျှောက်ထားသူသည် –

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

( ခ )   အခြေခံပညာ အလယ်တန်းအောင်မြင်ပြီးသူ အမျိုးသားများသာဖြစ်ရမည်။

( ဂ )   အရပ် (၅) ပေ (၂) လက်မနှင့်အထက်ရှိပြီး ကိုယ်အလေးချိန် ပေါင် (၁၂၀) နှင့်အထက် ရှိသူဖြစ်ရမည်။

(ဃ)    ကျန်းမာရေးကောင်းမွန်ပြီး လုပ်ငန်းခွင်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

( င )   နယ်စပ်ဒေသအပါအဝင် ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

( စ )   ရွေးချယ်ခန့်ထားခြင်းခံရပါက စတင်တာဝန်ထမ်းဆောင်ရသည့်ဒေသတွင် အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်ရမည်။

(ဆ)    ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၃၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

၃။      လျှောက်လွှာပုံစံများကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်း​ဒေသကြီး/ ပြည်နယ်ရုံးများတွင်ရယူနိုင်ပြီး စာမေးပွဲဝင်ကြေးငွေ ကျပ် ၁၀၀၀/- (ကျပ်တစ်ထောင်တိတိ) ကို မိမိဖြေဆိုလိုသည့်စာစစ်ဌာန (နေပြည်တော်ဘဏ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး) များတွင် Sundry Deposit A/C Miscellaneous သို့ ပေးသွင်းရပါမည်။

၄။      နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ အောက်ပါဘဏ်ခွဲ/ ခရိုင်ဘဏ်ခွဲများတွင် လုံခြုံရေး (၅) ရာထူးနေရာများအား ဖော်ပြပါအရေအတွက်အတိုင်း ရွေးချယ်ခန့်အပ်သွားမည် ဖြစ်ပါသည် –

စဉ် နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် ခန့်ထားမည့်နေရာ ခန့်ထားမည့်ဦးရေ
နေပြည်တော် နေပြည်တော်ဘဏ် (၂) ဦး
ပျဉ်းမနားဘဏ်ခွဲ (၁) ဦး
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်ဘဏ်ခွဲ (၁) ဦး
ပူတာအိုခရိုင်ဘဏ်ခွဲ (၁) ဦး
ဗန်းမော်ခရိုင်ဘဏ်ခွဲ (၁) ဦး

 

စဉ် နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် ခန့်ထားမည့်နေရာ ခန့်ထားမည့်ဦးရေ
ကယားပြည်နယ် လွိုင်ကော်ခရိုင်ဘဏ်ခွဲ (၁) ဦး
ကရင်ပြည်နယ် ဘားအံခရိုင်ဘဏ်ခွဲ (၁) ဦး
မြဝတီဘဏ်ခွဲ (၁) ဦး
ချင်းပြည်နယ် ဟားခါးခရိုင်ဘဏ်ခွဲ (၁) ဦး
ဖလမ်းခရိုင်ဘဏ်ခွဲ (၁) ဦး
မင်းတပ်ခရိုင်ဘဏ်ခွဲ (၁) ဦး
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်ဘဏ်ခွဲ (၁) ဦး
မုံရွာခရိုင်ဘဏ်ခွဲ (၁) ဦး
ကသာခရိုင်ဘဏ်ခွဲ (၁) ဦး
ရွှေဘိုခရိုင်ဘဏ်ခွဲ (၁) ဦး
မော်လိုက်ခရိုင်ဘဏ်ခွဲ (၁) ဦး
ကလေးခရိုင်ဘဏ်ခွဲ (၁) ဦး
တမူးဘဏ်ခွဲ (၁) ဦး
ခန္တီးခရိုင်ဘဏ်ခွဲ (၁) ဦး
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ဘဏ်ခွဲ (၁) ဦး
မြိတ်ခရိုင်ဘဏ်ခွဲ (၁) ဦး
ကော့သောင်းခရိုင်ဘဏ်ခွဲ (၁) ဦး
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်ဘဏ်ခွဲ (၁) ဦး
သာယာဝတီခရိုင်ဘဏ်ခွဲ (၁) ဦး
တောင်ငူခရိုင်ဘဏ်ခွဲ (၁) ဦး
ပြည်ခရိုင်ဘဏ်ခွဲ (၁) ဦး
မကွေးတိုင်းဒေသကြီး မကွေးခရိုင်ဘဏ်ခွဲ (၁) ဦး
သရက်ခရိုင်ဘဏ်ခွဲ (၁) ဦး
မင်းဘူးခရိုင်ဘဏ်ခွဲ (၁) ဦး
ပခုက္ကူခရိုင်ဘဏ်ခွဲ (၁) ဦး
ဂန့်ဂေါခရိုင်ဘဏ်ခွဲ (၁) ဦး

 

စဉ် နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် ခန့်ထားမည့်နေရာ ခန့်ထားမည့်ဦးရေ
၁၀ မန္တလေးတိုင်းဒေသကြီး ဘဏ်ခွဲ (၁) မန္တလေးမြို့ (၁) ဦး
ဘဏ်ခွဲ (၂) မန္တလေးမြို့ (၁) ဦး
ဘဏ်ခွဲ (၃) မန္တလေးမြို့ (၁) ဦး
ပြင်ဦးလွင်ဘဏ်ခွဲ (၁) ဦး
မြင်းခြံခရိုင်ဘဏ်ခွဲ (၁) ဦး
ညောင်ဦးခရိုင်ဘဏ်ခွဲ (၁) ဦး
မိတ္ထီလာခရိုင်ဘဏ်ခွဲ (၁) ဦး
ကျောက်ဆည်ခရိုင်ဘဏ်ခွဲ (၁) ဦး
ရမည်းသင်းခရိုင်ဘဏ်ခွဲ (၁) ဦး
၁၁ မွန်ပြည်နယ် ဘဏ်ခွဲ (၁) မော်လမြိုင်မြို့ (၁) ဦး
သထုံခရိုင်ဘဏ်ခွဲ (၁) ဦး
ဘဏ်ခွဲ (၂) မော်လမြိုင်မြို့ (၁) ဦး
၁၂ ရခိုင်ပြည်နယ် စစ်တွေခရိုင်ဘဏ်ခွဲ (၁) ဦး
မောင်တောခရိုင်ဘဏ်ခွဲ (၁) ဦး
ကျောက်ဖြူခရိုင်ဘဏ်ခွဲ (၁) ဦး
သံတွဲခရိုင်ဘဏ်ခွဲ (၁) ဦး
၁၃ ရန်ကုန်တိုင်းဒေသကြီး ဘဏ်ခွဲ (၁) ရန်ကုန်မြို့ (၁) ဦး
ဘဏ်ခွဲ (၂) ရန်ကုန်မြို့ (၁) ဦး
ဘဏ်ခွဲ (၃) ရန်ကုန်မြို့ (၁) ဦး
ဘဏ်ခွဲ (၄) ရန်ကုန်မြို့ (၁) ဦး
ဘဏ်ခွဲ (၅) ရန်ကုန်မြို့ (၁) ဦး
ဘဏ်ခွဲ (၆) ရန်ကုန်မြို့ (၁) ဦး
ငွေစုဘဏ်ခွဲ (၁) ရန်ကုန်မြို့ (၁) ဦး
ငွေစုဘဏ်ခွဲ (၂) ရန်ကုန်မြို့ (၁) ဦး
ငွေစုဘဏ်ခွဲ (၃) ရန်ကုန်မြို့ (၁) ဦး
ငွေစုဘဏ်ခွဲ (၄) ရန်ကုန်မြို့ (၁) ဦး
တာမွေဘဏ်ခွဲ (၁) ဦး
ကြည့်မြင်တိုင်ဘဏ်ခွဲ (၁) ဦး
မြောက်ဥက္ကလာပဘဏ်ခွဲ (၁) ဦး
ကမာရွတ်ဘဏ်ခွဲ (၁) ဦး
သင်္ဃန်းကျွန်းခရိုင်ဘဏ်ခွဲ (၁) ဦး
အင်းစိန်ခရိုင်ဘဏ်ခွဲ (၁) ဦး
သန်လျင်ခရိုင်ဘဏ်ခွဲ (၁) ဦး

 

စဉ် နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် ခန့်ထားမည့်နေရာ ခန့်ထားမည့်ဦးရေ
၁၄ ရှမ်းပြည်နယ် တောင်ကြီးခရိုင်ဘဏ်ခွဲ (၁) ဦး
ကျိုင်းတုံခရိုင်ဘဏ်ခွဲ (၁) ဦး
တာချီလိတ်ခရိုင်ဘဏ်ခွဲ (၁) ဦး
လွိုင်လင်ခရိုင်ဘဏ်ခွဲ (၁) ဦး
လားရှိုးခရိုင်ဘဏ်ခွဲ (၁) ဦး
မူဆယ်ခရိုင်ဘဏ်ခွဲ (၁) ဦး
ကျောက်မဲခရိုင်ဘဏ်ခွဲ (၁) ဦး
၁၅ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ဘဏ်ခွဲ (၁) ဦး
ဟင်္သာတခရိုင်ဘဏ်ခွဲ (၁) ဦး
မြောင်းမြခရိုင်ဘဏ်ခွဲ (၁) ဦး
မအူပင်ခရိုင်ဘဏ်ခွဲ (၁) ဦး
ဖျာပုံခရိုင်ဘဏ်ခွဲ (၁) ဦး
စုစုပေါင်း (၇၇) ဦး

 

၅။      လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည် –

(က)    အခြေခံပညာအလယ်တန်းအောင်မြင်ကြောင်း ထောက်ခံစာမိတ္တူ                                         (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

( ခ )   ပတ်စ်ပို့အရွယ်ဓါတ်ပုံ (၅) ပုံ

( ဂ )   (၁) လအတွင်းရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း

(ဃ)    သက်ဆိုင်ရာ ရဲစခန်းမှ (၁) လအတွင်း ရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း

( င )   နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

( စ )   အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

၆။      လျှောက်ထားသူများသည် လျှောက်လွှာကို မိမိလျှောက်လွှာရယူခဲ့သည့် ရုံးများသို့ (၂၁ – ၁၀ – ၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။

၇။      နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်လွှာအား သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ ဌာနတွင်းဝန်ထမ်းဖြစ်ပါက လျှောက်လွှာအား သက်ဆိုင်ရာ ဌာနခွဲ/ တိုင်းဒေသကြီး/ ပြည်နယ်ရုံး၏ ထောက်ခံချက်ဖြင့်လည်းကောင်း (၂၁ – ၁၀ – ၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။

၈။      လျှောက်ထားသူများကို (၂၉ – ၁၀ – ၂၀၂၂) ရက်နေ့ နံနက် (၉) နာရီ၌ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်း​ဒေသကြီး/ ပြည်နယ်ရုံးများတွင် လူတွေ့စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခန့်ထားသည့်အမည်စာရင်းကို နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

၉။      ဖြေဆိုခွင့်ကတ်ပြားများကို (၂၈ – ၁၀ – ၂၀၂၂) ရက်နေ့၌ မိမိလျှောက်ထားသည့် ရုံးများတွင် ထုတ်ပေးမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရန်ဖြစ်ပါသည်။

၁၀။    အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက နေပြည်တော်ဘဏ်သို့ဖြစ်စေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများသို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

 

မြန်မာ့စီးပွားရေးဘဏ်