မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ်တိုက်ရိုက်အသုံးပြုပေးချေရေးအတွက် ဆောင်ရွက်ခြင်းဆိုင်ရာအချက်အလက်များ

နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်း

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်/သွင်းကုန်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေကြသော ကုမ္ပဏီလီမိတက်များ၊ လုပ်ငန်းရှင်များသည် ကျပ်/ဘတ်အသုံးပြု၍ ငွေပေးချေမှုလုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် စာရင်းရှင်စာရင်း (မြန်မာကျပ်ငွေ)နှင့် (ထိုင်းဘတ်ငွေစာရင်း) များကို စာရင်းဖွင့်လုပ်ထုံးလုပ်နည်းများနှင့်အညီဖွင့်လှစ်ရမည်။ စာရင်းဖွင့်လှစ်သည့်အခါ အောက်ပါစာရွက်စာတမ်းအထောက်အထားများ ဘဏ်သို့တင်ပြရမည်ဖြစ်ပါသည်
(က) လုပ်ငန်းရှင်များအတွက်
(၁) စာရင်းဖွင့်လျှောက်လွှာ
(၂) ကုမ္ပဏီမှတ်ပုံတင်
(၃) နိုင်ငံခြားသုံးငွေရရှိသည့်အထောက်အထား (ယွမ်ငွေပေးသွင်းပါက)
(၄) ကနဦးအပ်နှံငွေ THB-100 သို့မဟုတ် ယင်းနှင့်ညီမျှသောကျပ်
( ခ) ကုမ္ပဏီ/သမဝါယမ/ဖက်စပ်လုပ်ငန်းများ
(၁) စာရင်းဖွင့်လျှောက်လွှာ
(၂) ကုမ္ပဏီမှတ်ပုံတင်
(၃) သွင်းကုန်/ထုတ်ကုန်လုပ်ငန်းမှတ်ပုံတင်
(၄) ကုန်သည်ကြီးများအသင်းဝင်မှတ်ပုံတင်(လိုအပ်ပါက)
(၅) ဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်း
(၆) နိုင်ငံခြားသုံးငွေရရှိသည့်အထောက်အထား (ဘတ်ငွေပေးသွင်းပါက)
(၇) ကနဦးအပ်နှံငွေ THB-100 သို့မဟုတ် ယင်းနှင့်ညီမျှသောကျပ်

ပို့ကုန်လုပ်ငန်းများ

နယ်စပ်ကုန်သွယ်ရေးအတွက် မြန်မာပို့ကုန်လုပ်ငန်းရှင်မှ ပို့ကုန်များတင်ပို့နိုင်ရန် ထိုင်းကုန်ဝယ်သူ(Buyer)သည် ထိုင်းနိုင်ငံရှိ ၎င်း၏ဘဏ်မှပေးချေရာတွင် Bangkok Bank Public Co.Ltd,Yangon Branch မှတစ်ဆင့် ပေးချေမှုများကို အောက်ပါနည်းလမ်းများဖြင့်ဆောင်ရွက်ရမည်ဖြစ်ပါသည်
(က) စာရင်းပြောင်းငွေလွှဲခြင်း Telegraphic Transfer(TT)
(ကက) ကုန်ပစ္စည်းအတွက် ကြိုတင်ငွေလွှဲပို့ခြင်းစနစ် (Advance Payment) (Telegraph Transfer-TT ဖြင့်ဆောင်ရွက်ခြင်း)
( ခခ ) ကုန်ပစ္စည်းအား ကြိုတင်ပေးပို့ပြီး ကုန်ပစ္စည်းလက်ခံရရှိပြီးနောက်မှ ငွေပြန်လည်လွှဲပို့ခြင်းစနစ် (Open A/C) (Telegraph Transfer-TT ဖြင့် ဆောင်ရွက်ခြင်း)
( ခ) ငွေလွှဲစာတမ်း Letter of Credit (L/C)
( ဂ) စာရွက်စာတမ်းများအရ ငွေကောက်ခံခြင်း
Document Against Acceptance/Payment(DA/DP)စနစ်

ပို့ကုန်လုပ်ငန်းမှ Telegraphic Transfer (TT) ဖြင့်ငွေလက်ခံခြင်း

စာရင်းပြောင်းငွေလွှဲခြင်း(TT)ဖြစ်ပါက ပို့ကုန်လုပ်ငန်းရှင်မှ ၎င်း၏နိုင်ငံခြားငွေစာရင်းသို့ထည့်သွင်းပေးရန် အောက်ပါစာရွက်စာတမ်းများတင်ပြရမည်
(က) ကုမ္ပဏီ Letter Head ဖြင့် ပို့ကုန်ကြိုတင်ရငွေအား ၎င်း၏နိုင်ငံခြားငွေစာရင်းသို့ ထည့်သွင်းပေးရန်လျှောက်လွှာ
( ခ) ပို့ကုန်လိုင်စင်(Export Licence) (သို့မဟုတ်) (Non-Licence Undertaking) မိတ္တူ
( ဂ) Certificate of Incorporation
(ဃ) ပို့ကုန်/သွင်းကုန်မှတ်ပုံတင်

သွင်းကုန်လုပ်ငန်းများ

နယ်စပ်ကုန်သွယ်ရေးအတွက် မြန်မာသွင်းကုန်လုပ်ငန်းရှင်မှ သွင်းကုန်များတင်သွင်းနိုင်ရန် ထိုင်းကုန်ရောင်းသူ(Seller)သို့ ကုန်ဖိုးငွေပေးချေရာတွင် အောက်ပါနည်းလမ်းများဖြင့် လက်ခံဆောင်ရွက်ရမည်ဖြစ်ပါသည်
(က) စာရင်းပြောင်းငွေလွှဲခြင်း Telegraphic Transfer (TT)
( ခ) ငွေလွှဲစာတမ်း Letter of Credit (L/C)
( ဂ) စာရွက်စာတမ်းများအရ ငွေကောက်ခံခြင်း
Document Against Acceptance/Payment(DA/DP)စနစ်

သွင်းကုန်လုပ်ငန်းမှ Telegraphic Transfer (TT)ဖြင့်ငွေလွှဲပို့ခြင်း

မြန်မာသွင်းကုန်လုပ်ငန်းရှင်မှ သွင်းကုန်အတွက် ထိုင်းဘတ်ငွေဖြင့်ငွေပေးချေရန် နယ်စပ်ဘဏ်ခွဲများသို့ အောက်ပါအထောက်အထားများတင်ပြရမည်
(က) Company Lettter Head ဖြင့် ငွေလွှဲပေးရန်အချက်အလက်များပါဝင်သော လျှောက်လွှာ
( ခ) Fund Transfer Application Form
( ဂ) အကြိုကုန်စာရင်း/အရောင်းအဝယ်စာချုပ်(Proforma Invoice/Sale Contract)
(ဃ) Certificate of Incorporation
( င) ပို့ကုန်/သွင်းကုန်မှတ်ပုံတင် မိတ္တူ
( စ) Import Declaration(ID)/Release Order Notification (RO) မူရင်း (သို့မဟုတ်) မိတ္တူ (ရရှိပြီးဖြစ်ပါက)
(ဆ) Import Licence (သို့မဟုတ်)(Non-Licence Undertaking) မိတ္တူ
Transaction များအား စာရင်းရှင်းလင်းမှုကို နေ့ချင်းပြီး T+0 (သို့)နောက်တစ်နေ့ T+1 တွင် ဆောင်ရွက်ပေးမည်ဖြစ်ရာ မြန်မာပို့ကုန်လုပ်ငန်းရှင်၏ ထိုင်းဘတ်ငွေစာရင်းသို့ရောက်ရှိမည်ဖြစ်သည်။ ငွေသားဖြင့်ထုတ်ယူပါက ကျပ်ငွေဖြင့်သာရရှိမည်။ စာရင်းတွင်ရှိသောထိုင်းဘတ်အား အခြားသောငွေပေးချေမှုများအား စာရင်းပြောင်းနည်းဖြင့် အသုံးပြုနိုင်သည်။

ဘတ်ငွေကိုအသုံးပြု၍ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက်ကောက်ခံမည့် ဘဏ်ဝန်ဆောင်ခနှုန်းထားများ

(၁) ပြည်ပမှ/သို့ ငွေလွှဲပို့ခြင်း

(Inward/Outward)

ဘတ်-၁၀၀/ဘတ်-၅၀၀

 

(၂) စာရင်းပြောင်းနည်းဖြင့်ဆောင်ရွက်ခြင်း

(Book Transfer)

ဘတ်-၁၀၀
(၃) Swift Charges ကျပ်-၃,၀၀၀
(၄) LC Advising / Amendment ဘတ်-၁၀၀/ဘတ်-၃၀၀
(၅) Payment Amendment / Cancellation Fee ဘတ်-၁၀၀
(၆) ဘဏ်စာရင်းဖွင့်လှစ်မှု ဘတ်-၁၀၀
(၇) နိုင်ငံခြားဘဏ်သို့ Courier Service ဖြင့်   စာရွက်စာတမ်းများပေးပို့သည့်စရိတ်

(Shipping Documents များကို

နိုင်ငံခြားငွေဌာနက Courier Service

ဖြင့်ပေးပို့ရသဖြင့် Courier Service

ပို့ခကိုဘဏ်ခွဲက ကြိုတင်ကောက်ခံရန်)

အမှန်ကုန်ကျစရိတ်

 

(၈) ပို့ကုန်ဘီလ်လက်ခံဆောင်ရွက်ခြင်း

ကော်မရှင် (Export Bill Commission)

ဘတ်-၁၀၀
(၉) ဘဏ်စာရင်းအတွက် Pass Book  စာအုပ်

ထုတ်ပေးခြင်း

ကျပ်-၁၀,၀၀၀

စာရွက်စာတမ်းများအရ ငွေကောက်ခံခြင်းစနစ်(DA/DP)တို့ဖြင့် ဆောင်ရွက်လိုပါက မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)နိုင်ငံခြားငွေလုပ်ငန်း၊ နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်၊ နိုင်ငံခြားငွေလုပ်ငန်း၊ ရန်ကုန်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်ဘဏ်ခွဲ၊ Bangkok Bank Public Co.Ltd,Yangon Branch တို့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ထိုင်းဘတ်ငွေဖြင့် ငွေပေးချေမှုဆောင်ရွက်ရာတွင် အသုံးပြုရမည့် Banking Information ဘဏ်ပိုင်း ဆိုင်ရာအချက်အလက်များ

(၁) Myanma Economic Bank
SWIFT Code : MYEBMMMY
Address : No 26, Thirikyawswar Road,Bank Zone, Naypyitaw
Telephone : +95673422439 Fax : +95673421415
(၂) Myanma Economic Bank,Forex(Yangon)
Telephone : +901254597 +901254739
(၃) Myanma Economic Bank , Myawaddy Branch
Telephone : +9505850260 +9505851352
(၄) Myanma Economic Bank, Tachileik Branch
Telephone : +9508451039 +9508451020 +9508451935
(၅) Myanma Economic Bank, Kawthaung Branch
Telephone : +9505951783 +9505951887
(၆) Myanma Economic Bank, Myeik Branch
Telephone : +9505941968 +9505942174
(၇) Bangkok Bank Public Co.Ltd, Yangon Branch
SWIFT Code : BKKBMMMY
Address : 5 Kaba Aye Pagoda Road,Yankin Township,Yangon
Telephone : +95 7572957 +95 7579282
Ext : 1008

နယ်စပ်ဒေသကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးလုပ်ငန်းစဉ်