အများပြည်သူသို့ အသိပေးကြေညာချက်

၁။ မြန်မာ့စီးပွားရေးဘဏ်သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုအောက်တွင် ရုံးချုပ်ဌာနကြီး(၇)ခု၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံး(၁၄)ခုနှင့် ဘဏ်ခွဲပေါင်း (၃၁၅)ဘဏ် ပါဝင်သည့် ကွန်ယက်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းနှင့်ဖွံ့ဖြိုးရေးဘဏ်လုပ်ငန်းများကိုလည်း ဆောင်ရွက်ပြီး နိုင်ငံတော်နှင့်ပုဂ္ဂလိက ကဏ္ဍ(၂)ရပ်စလုံးသို့ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂။ မြန်မာ့စီးပွားရေးဘဏ်သည် အပ်ငွေများလက်ခံခြင်း၊ ချေးငွေများထုတ်ချေးခြင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေစာရင်းများထိန်းသိမ်းခြင်း၊ အငြိမ်းစားယူသောနိုင်ငံ့ဝန်ထမ်းများအတွက် ပင်စင်လစာထုတ်ပေးခြင်း၊ E-Pension စနစ်ဖြင့် အငြိမ်းစားပင်စင်လစာများ ထုတ်ပေးခြင်းစသည်တို့အား နိုင်ငံတော်အစိုးရကိုယ်စား အများပြည်သူသို့ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
၃။ မြန်မာ့စီးပွားရေးဘဏ်သည် ချေးငွေများကို ထုတ်ချေးရာတွင် ဦးစားပေးကဏ္ဍများအဖြစ် နိုင်ငံတော်အစိုးရမှအခါအားလျော်စွာ လမ်းညွှန်ချမှတ်သော လုပ်ငန်းကဏ္ဍများ၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍ (Production)၊ ဝန်ဆောင်မှုကဏ္ဍ (Servicing)၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ (Transportation)၊ ကုန်သွယ်မှုကဏ္ဍ(Trading)၊ တည်ဆောက်မှုကဏ္ဍ (Construction) များအပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိသော နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေ (Stimulus Package) COVID-19 (Fund) အာမခံမဲ့ချေးငွေတို့အပြင် ၂၀၁၅ ခုနှစ်၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအပိုဒ် ၂ (က)နှင့် အပိုဒ် ၂(ခ)ပါ သတ်မှတ်ချက်များနှင့်ညီညွတ်ပြီး SME လိုင်စင်ရရှိထားသည့် မည်သည့်အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များမဆို ချေးငွေရယူနိုင်ရေးဆောင်ရွက်ပေးလျက်ပါသည်။
၄။ မြန်မာ့စီးပွားရေးဘဏ်၏ ဝန်ဆာင်မှုများအားသိရှိစေရန် မြန်မာ့စီးပွားရေးဘဏ် Website (www.meb.gov.mm) ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန Website (www.mopf.gov.mm) Myanmar National Portal တို့အပြင် Blue Tick ရရှိထားသော မြန်မာ့စီးပွားရေးဘဏ် Facebook Page ( Myanma Economic Bank Facebook Page ) တို့မှ အများပြည်သူသို့ မြန်မာ့စီးပွားရေးဘဏ် ဝန်ဆောင်မှု သတင်းစကားများမျှဝေလျက်ရှိပြီး သက်ဆိုင်ရာဘဏ်ခွဲများမှ အများပြည်သူသို့ ချေးငွေဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
၅။ ယခုအခါ “မြန်မာ့စီးပွားရေးဘဏ် အာမခံချေးငွေလုပ်ငန်း” အမည်ဖြင့် Social Media Facebook ပေါ်တွင် Page အတုများ ပြုလုပ်ကာ မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ဆောင်မှုပေးနေသော မှတ်တမ်း ဓာတ်ပုံများ၊ မြန်မာ့စီးပွားရေးဘဏ်ခွဲဓာတ်ပုံများ ရယူအသုံးပြုပြီး အွန်လိုင်းချေးငွေကိစ္စရပ်များ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။ မိဘပြည်သူများအကြား အဆိုပါ Page အတုများသည် မြန်မာ့ စီးပွားရေးဘဏ် ချေးငွေလုပ်ငန်း ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ထင်ယောင်ထင်မှား ဖြစ်စေလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ မြန်မာ့စီးပွားရေးဘဏ်အမည်ဖြင့် Official Blue Tick ရရှိထားသော Myanma Economic Bank Facebook Page သည်သာ အမှန်ဖြစ်ပါကြောင်းနှင့် Facebook Page မှတစ်ဆင့် အွန်လိုင်းချေးငွေဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းမရှိပါ၍ မြန်မာ့စီးပွားရေးဘဏ်အမည်ဖြင့် ဖွင့်လှစ် ဆောင်ရွက်နေသော Page များ၊ Group များသည် မြန်မာ့စီးပွားရေးဘဏ်နှင့် သက်ဆိုင်မှုမရှိပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။
၆။ မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ဆောင်မှုပေးလျက်ရှိနေသော ချေးငွေဝန်ဆောင်မှုများနှင့်ပတ်သက်၍ မြန်မာ့စီးပွားရေးဘဏ်၏ Website (www.meb.gov.mm)တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အောက်ပါ Page များသည် မြန်မာ့စီးပွားရေးဘဏ်အမည်ဖြင့် တရားဝင်ဖွင့်လှစ်ထားခြင်းမဟုတ်သည့် Page များဖြစ်ပါသည်။
Fake Page URL

https://www.facebook.com/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BD%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%98%E1%80%8F%E1%80%BA%E1%80%A1%E1%80%AC%E1%80%99%E1%80%81%E1%80%B6%E1%80%81%E1%80%BB%E1%80%B1%E1%80%B8%E1%80%84%E1%80%BD%E1%80%B1%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%84%E1%80%94%E1%80%BA%E1%80%B8-101122805862695

 

Fake Page URL

https://www.facebook.com/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BD%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%98%E1%80%8F%E1%80%BA-%E1%80%A1%E1%80%AC%E1%80%99%E1%80%81%E1%80%B6%E1%80%81%E1%80%BB%E1%80%B1%E1%80%B8%E1%80%84%E1%80%BD%E1%80%B1%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%84%E1%80%94%E1%80%BA%E1%80%B8-110480468264622

မြန်မာ့စီးပွားရေးဘဏ်