မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော ရုံးအကူ/ အစောင့် ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
January 9, 2024
ကြော်ငြာစာအမှတ် (၂/ ၂၀၂၂)
လျှောက်လွှာခေါ်ယူခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော ရုံးအကူ/ အစောင့် (လစာနှုန်းကျပ် ၁၄၄၀၀၀ – ၂၀၀၀ – ၁၅၄၀၀၀) ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်။
၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) အခြေခံပညာ အလယ်တန်းအောင်မြင်ပြီးသူ အမျိုးသားများသာဖြစ်ရမည်။
( ဂ ) နယ်စပ်ဒေသအပါအဝင် ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
(ဃ) ရွေးချယ်ခန့်ထားခြင်းခံရပါက စတင်တာဝန်ထမ်းဆောင်ရသည့်ဒေသတွင် အနည်းဆုံး (၂) နှစ် တာဝန် ထမ်းဆောင်ရမည်။
( င ) ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၂၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
၃။ လျှောက်လွှာပုံစံများကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် ရယူနိုင်ပြီး စာမေးပွဲဝင်ကြေးငွေ ကျပ် ၁၀၀၀/- (ကျပ် တစ်ထောင်တိတိ) ကို မိမိဖြေဆိုလိုသည့်စာစစ်ဌာန (နေပြည်တော်ဘဏ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး) များတွင် Sundry Deposit A/C Miscellaneous သို့ ပေးသွင်းရပါမည်။
၄။ လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည် –
(က) အခြေခံပညာအလယ်တန်းအောင်မြင်ကြောင်း ထောက်ခံစာမိတ္တူ (မိတ္တူမှန် ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( ခ ) ပတ်စ်ပို့အရွယ်ဓါတ်ပုံ (၅) ပုံ
( ဂ ) (၁) လအတွင်းရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း
(ဃ) သက်ဆိုင်ရာ ရဲစခန်းမှ (၁) လအတွင်း ရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း
( င ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( စ ) အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
၅။ လျှောက်ထားသူများသည် လျှောက်လွှာကို မိမိလျှောက်လွှာရယူခဲ့သည့် စာစစ်ဌာန (နေပြည်တော်ဘဏ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး) များသို့ (၁၉ – ၈ – ၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။
၆။ လျှောက်ထားသူများကို (၂၉ – ၈ – ၂၀၂၂) ရက်နေ့ နံနက် (၉) နာရီ၌ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် လူတွေ့စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခန့်ထားသည့်အမည်စာရင်းကို သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ပါသည်။
၇။ ဖြေဆိုခွင့်ကတ်ပြားများကို (၂၅ – ၈ – ၂၀၂၂) ရက်နေ့နှင့် (၂၆ – ၈ – ၂၀၂၂) ရက်နေ့များတွင် မိမိလျှောက်ထားသည့် စာစစ် ဌာနများ၌ ထုတ်ပေးမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရန်ဖြစ်ပါသည်။
၈။ အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက နေပြည်တော်ဘဏ်သို့ဖြစ်စေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး များသို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်
ရက်စွဲ၊ ၁၅ – ၇ – ၂၀၂၂