မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး/ ငွေကိုင် – ၄ ရာထူး နေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
January 9, 2024
ကြော်ငြာစာအမှတ် (၁/ ၂၀၂၂)
လျှောက်လွှာခေါ်ယူခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး/ ငွေကိုင် – ၄ (လစာနှုန်းကျပ် ၁၈၀၀၀၀ – ၂၀၀၀ – ၁၉၀၀၀၀) ရာထူး နေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်။
၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
(စီးပွားရေးဘွဲ့၊ ဥပဒေဘွဲ့၊ အင်္ဂလိပ်စာဘွဲ့၊ ကွန်ပျူတာဘွဲ့၊ အင်ဂျင်နီယာဘွဲ့ ရရှိပြီးသူများကို ဦးစားပေးမည်)
( ဂ ) အိမ်ထောင်မရှိသူ အမျိုးသားများအား ဦးစားပေးရွေးချယ်မည်။
(ဃ) နယ်စပ်ဒေသအပါအဝင် ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
( င ) ရွေးချယ်ခန့်ထားခြင်းခံရပါက စတင်တာဝန်ထမ်းဆောင်ရသည့်ဒေသတွင် အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်ရမည်။
( စ ) ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၂၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
၃။ လျှောက်လွှာပုံစံများကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် ရယူနိုင်ပြီး စာမေးပွဲဝင်ကြေးငွေ ကျပ် ၁၀၀၀/- (ကျပ် တစ်ထောင်တိတိ) ကို မိမိဖြေဆိုလိုသည့်စာစစ်ဌာန (နေပြည်တော်ဘဏ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး) များတွင် Sundry Deposit A/C Miscellaneous သို့ ပေးသွင်းရပါမည်။
၄။ လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည် –
(က) ဘွဲ့လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( ခ ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်လက်မှတ်/ အခြေခံပညာအထက်တန်း အောင်လက်မှတ်မိတ္တူ (မိတ္တူမှန် ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( ဂ ) တက္ကသိုလ်ဝင်တန်း/ အခြေခံပညာအထက်တန်းအောင်အမှတ်စာရင်း
(ဃ) ပတ်စ်ပို့အရွယ်ဓါတ်ပုံ (၅) ပုံ
( င ) (၁) လအတွင်းရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်မူရင်း
( စ ) သက်ဆိုင်ရာ ရဲစခန်းမှ (၁) လအတွင်းရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း
(ဆ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( ဇ ) အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
၅။ လျှောက်ထားသူများသည် လျှောက်လွှာကို မိမိလျှောက်လွှာရယူခဲ့သည့် စာစစ်ဌာန (နေပြည်တော်ဘဏ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး) များသို့ (၁၉ – ၈ – ၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။
၆။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်လွှာအား သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ ဌာနတွင်းဝန်ထမ်းဖြစ်ပါက လျှောက်လွှာအား သက်ဆိုင်ရာ ဌာနခွဲ/ တိုင်းဒေသကြီး/ ပြည်နယ်ရုံး၏ ထောက်ခံချက်ဖြင့်လည်းကောင်း (၁၉ – ၈ – ၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။
၇။ လျှောက်ထားသူများကို (၂၇ – ၈ – ၂၀၂၂) ရက်နေ့နှင့် (၂၈ – ၈ – ၂၀၂၂) ရက်နေ့များ၌ သက်ဆိုင်ရာစာစစ်ဌာနများတွင် အောက်ပါအတိုင်း အရည်အချင်းစစ်ခြင်း ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ် ခန့်ထားသည့်အမည်စာရင်းကို သက်ဆိုင်ရာစာစစ်ဌာနတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်-
စဉ် အကြောင်းအရာ နေ့ရက် အချိန်
(က) အင်္ဂလိပ်စာ (ရေးဖြေ) ၂၇ – ၈ – ၂၀၂၂ နံနက် (၉:၃၀) နာရီ မှ (၁၀:၃၀) နာရီထိ
( ခ ) ကွန်ပျူတာကျွမ်းကျင်မှု ၂၇ – ၈ – ၂၀၂၂ နေ့လယ် (၁) နာရီ မှ (၂) နာရီထိ(လက်တွေ့)
( ဂ ) အထွေထွေဗဟုသုတ ၂၈ – ၈ – ၂၀၂၂ နံနက် (၉) နာရီ(လူတွေ့)
၈။ ဖြေဆိုခွင့်ကတ်ပြားများကို (၂၅ – ၈ – ၂၀၂၂) ရက်နေ့နှင့် (၂၆ – ၈ – ၂၀၂၂) ရက်နေ့များတွင် မိမိလျှောက်ထားသည့် စာစစ်ဌာနများ၌ ထုတ်ပေးမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရန်ဖြစ်ပါသည်။
၉။ အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက နေပြည်တော်ဘဏ်သို့ဖြစ်စေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံး များသို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်
ရက်စွဲ၊ ၁၅ – ၇ – ၂၀၂၂