နည်းပညာဝန်ဆောင်မှု အကျိုးတူပူးပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်ခြင်း

၁။ မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ အငြိမ်းစားလစာများကို အချိန်ကုန်သက်သာပြီး လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်ရန်အတွက် Myanmar Mobile Money(MMM)နှင့် အကျိုးတူပူးပေါင်း၍ Point of Sale (POS)စက်များဖြင့် ဘဏ်ခွဲပေါင်း(၂၈၀)တွင် ငွေလက်ခံခြင်း/ငွေထုတ်ပေးခြင်း(Cash In/ Cash Out) တယ်လီဖုန်းဘီလ်ဖြည့်တင်းခြင်း(Top-Up)၊အငြိမ်းစား လစာများထုတ်ပေးခြင်းစသည့်လုပ်ငန်းများကို မိမိတို့နှင့်နီးစပ်ရာမိုဘိုင်းလ်အေးဂျင့်များထံတွင် လွယ်ကူလျင်မြန်စွာထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ Digital Money Myanmar (Wave Money) ၊ MPT Pay တို့နှင့်လည်း အကျိုးတူပူးပေါင်း၍ သက်ဆိုင်ရာမိုဘိုင်းလ်အေးဂျင့်များထံတွင် အငြိမ်းစားလစာများ ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင် ရွက်ပေးလျက်ရှိပါသည်။

၃။ ထို့အတူ OK $ ၊ Mytel Pay ၊ A ဘဏ်၏ A-Plus Application တို့ဖြင့်လည်း အကျိုးတူပူးပေါင်း၍ အငြိမ်းစားလစာ ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။

၄။ သို့ဖြစ်ပါ၍ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အချိန်ကုန်သက်သာပြီး ကိုဗစ်-၁၉ ကပ်ရောဂါရှောင်ရှားနိုင်ရေး အလေးပေးဆောင်ရွက်လိုပါသဖြင့် စိတ်ချလုံခြုံပြီးစနစ်ကျသည့် မည်သည့်မိုဘိုင်းလ် နည်းပညာဖြင့်မဆို အငြိမ်းစားလစာထုတ်ပေးနိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းအား အကျိုးတူပူးပေါင်းဆောင်ရွက်လိုသောနည်းပညာကုမ္ပဏီများ၊ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုအဖွဲ့အစည်းများအနေဖြင့် မြန်မာ့စီး ပွားရေးဘဏ်သို့ အဆိုပြုကမ်းလှမ်းဆက်သွယ်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်