မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ (Pilot Area) တွင် Kyat/Yuan Cross-Border Trade Settlement Mechanism ဆောင်ရွက်ခြင်းဆိုင်ရာ အချက်အလက်များ

နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်း

      မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေကြသော ကုမ္ပဏီလီမိတက်များ၊ လုပ်ငန်းရှင်များသည် ကျပ်/ ယွမ်အသုံးပြု၍ ငွေပေးချေမှု လုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် စာရင်းရှင်စာရင်း (မြန်မာကျပ်ငွေ)နှင့် (ယွမ်ငွေစာရင်း) များကိုစာရင်းဖွင့်လုပ်ထုံးလုပ်နည်းများနှင့်အညီဖွင့်လှစ်ရမည်။ စာရင်းဖွင့်လှစ်သည့်အခါ အောက်ပါစာရွက်စာတမ်းအထောက်အထားများ ဘဏ်သို့တင်ပြရမည်ဖြစ်ပါသည် –

(က) လုပ်ငန်းရှင်များအတွက်

(၁)   စာရင်းဖွင့်လျှောက်လွှာ

(၂)    ကုမ္ပဏီမှတ်ပုံတင်

(၃)   နိုင်ငံခြားသုံးငွေရရှိသည့်အထောက်အထား (ယွမ်ငွေပေးသွင်းပါက)

(၄)   ကနဦးအပ်နှံငွေ Yuan-300 သို့မဟုတ် ယင်းနှင့်ညီမျှသောကျပ်

(ခ)  ကုမ္ပဏီ/သမဝါယမ/ဖက်စပ်လုပ်ငန်းများ

(၁)   စာရင်းဖွင့်လျှောက်လွှာ

(၂)    ကုမ္ပဏီမှတ်ပုံတင်

(၃)   သွင်းကုန်/ထုတ်ကုန်လုပ်ငန်းမှတ်ပုံတင်

(၄)   ကုန်သည်ကြီးများအသင်းဝင်မှတ်ပုံတင်(လိုအပ်ပါက)

(၅)   ဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်း

(၆)   နိုင်ငံခြားသုံးငွေရရှိသည့်အထောက်အထား (ယွမ်ငွေပေးသွင်းပါက)

(၇)   ကနဦးအပ်နှံငွေ Yuan-300 သို့မဟုတ် ယင်းနှင့်ညီ မျှသော ကျပ်

ပို့ကုန်လုပ်ငန်းများ

   နယ်စပ်ကုန်သွယ်ရေးအတွက် မြန်မာပို့ကုန်လုပ်ငန်းရှင်မှ ပို့ကုန်များတင်ပို့နိုင်ရန် တရုတ်ကုန်ဝယ်သူ(Buyer)သည် တရုတ် နိုင်ငံရှိ၎င်း၏ဘဏ်မှပေးချေရာတွင် BOC / ICBC ရန်ကုန်ဘဏ်ခွဲမှ တစ်ဆင့်ပေးချေမှုများကို အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည် –

(က)    စာရင်းပြောင်းငွေလွှဲခြင်း Telegraphic Transfer(TT)

(ကက) ကုန်ပစ္စည်းအတွက် ကြိုတင်ငွေလွှဲပို့ခြင်းစနစ် (Advance Payment) (Telegraph Transfer- TT   ဖြင့်           ဆောင်ရွက်ခြင်း)

( ခခ ) ကုန်ပစ္စည်းအား ကြိုတင်ပေးပို့ပြီး ကုန်ပစ္စည်းလက်ခံရရှိပြီးနောက်မှ ငွေပြန်လည်လွှဲပို့ခြင်းစနစ် (Open A/C)  (Telegraph Transfer -TT ဖြင့် ဆောင်ရွက်ခြင်း)

( ခ)    ငွေလွှဲစာတမ်း Letter of Credit (L/C)

( ဂ)    စာရွက်စာတမ်းများအရ ငွေကောက်ခံခြင်း Document Against Acceptance/Payment (DA/DP) စနစ်

 

ပို့ကုန်လုပ်ငန်းမှ Telegraphic Transfer (TT) ဖြင့် ငွေလက်ခံခြင်း

စာရင်းပြောင်းငွေလွှဲခြင်း(TT) ဖြစ်ပါက ပို့ကုန်လုပ်ငန်းရှင်မှ ၎င်း၏ နိုင်ငံခြားငွေစာရင်းသို့ ထည့်သွင်းပေးရန် အောက်ပါစာရွက်စာတမ်းများတင်ပြရမည် –

(က)    ကုမ္ပဏီ Letter Head ဖြင့် ပို့ကုန်ကြိုတင်ရငွေအား ၎င်း၏နိုင်ငံခြားငွေစာရင်းသို့ ထည့်သွင်းပေးရန်လျှောက်လွှာ

( ခ)    ပို့ကုန်လိုင်စင်(Export Licence) (သို့မဟုတ်) (Non-Licence Undertaking) မိတ္တူ

( ဂ)    Certificate of Incorporation

(ဃ)    ပို့ကုန်/သွင်းကုန်မှတ်ပုံတင်

 

သွင်းကုန်လုပ်ငန်းများ

      နယ်စပ်ကုန်သွယ်ရေးအတွက် မြန်မာသွင်းကုန်လုပ်ငန်းရှင်မှ သွင်းကုန်များ တင်သွင်းနိုင်ရန် တရုတ်ကုန်ရောင်းသူ (Seller) သို့ကုန်ဖိုးငွေပေးချေရာတွင် အောက်ပါနည်းလမ်းများဖြင့် လက်ခံ ဆောင်ရွက်ရမည် ဖြစ်ပါသည် –

(က)    စာရင်းပြောင်းငွေလွှဲခြင်း Telegraphic Transfer (TT)

( ခ)    ငွေလွှဲစာတမ်း Letter of Credit (L/C)

( ဂ)    စာရွက်စာတမ်းများအရ ငွေကောက်ခံခြင်းDocument Against Acceptance/Payment (DA/DP) စနစ်

 

သွင်းကုန်လုပ်ငန်းမှ Telegraphic Transfer (TT) ဖြင့် ငွေလွှဲပို့ခြင်း

       မြန်မာသွင်းကုန်လုပ်ငန်းရှင်မှ သွင်းကုန်အတွက် ယွမ်ငွေဖြင့် ငွေပေးချေရန် နယ်စပ်ဘဏ်ခွဲသို့ အောက်ပါအထောက်အထား များတင်ပြရမည် –

(က)    Company Letter Head ဖြင့် ငွေလွှဲပေးရန်အချက်အလက်များပါဝင်သော လျှောက်လွှာ

( ခ)    Fund Transfer Application Form

( ဂ)    အကြိုကုန်စာရင်း/အရောင်းအဝယ်စာချုပ်(Proforma Invoice/Sale Contract)

(ဃ)    Certificate of Incorporation

( င)    ပို့ကုန်/သွင်းကုန်မှတ်ပုံတင် မိတ္တူ

( စ)   Import Declaration(ID)/Release Order Notification (RO) မူရင်း (သို့မဟုတ်) မိတ္တူ (ရရှိပြီးဖြစ်ပါက)

(ဆ)   Import Licence (သို့မဟုတ်)(Non-Licence Undertaking) မိတ္တူ

 

       Transaction များအား စာရင်းရှင်းလင်းမှုကို နေ့ချင်းပြီး T+0 (သို့) နောက်တစ်နေ့ T+1 တွင်ဆောင်ရွက်ပေးမည်ဖြစ်ရာ မြန်မာပို့ကုန်လုပ်ငန်းရှင်၏ယွမ်စာရင်းသို့ ရောက်ရှိမည်ဖြစ်သည်။ ငွေသားဖြင့်ထုတ်ယူပါက ကျပ်ငွေဖြင့်သာရရှိမည်။ စာရင်းတွင် ရှိသော ယွမ်အား အခြားသော ငွေပေးချေမှုများအား စာရင်းပြောင်းနည်းဖြင့် အသုံးပြုနိုင်သည်။

ယွမ်ငွေကိုအသုံးပြု၍ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက်ကောက်ခံမည့် ဘဏ် ဝန်ဆောင်ခနှုန်းထားများ

 

(၁) ပြည်ပသို့ ငွေလွှဲပို့ခြင်း ယွမ် (၆၀)
(၂) ပြည်ပမှ လွှဲပို့ငွေလက်ခံခြင်း ယွမ် (၆၀)
(၃) စာရင်းပြောင်းနည်းဖြင့် ဆောင်ရွက်ခြင်း ယွမ် (၃၀)
(၄) Swift Charges ယွမ်(၆၀)
(၅) ပို့ကုန်ငွေလွှဲစာတမ်းအကြောင်းကြားစာ

LC Advising Commission)

ပြင်ဆင်ချက်အကြောင်းကြားရလျှင်

(Admendment Advising Commission, if any)

ယွမ်(၁၂၀)

 

ယွမ်(၁၂၀)

(၆) နိုင်ငံခြားဘဏ်သို့ Courier Service ဖြင့် စာရွက်စာတမ်းများပေးပို့ သည့်စရိတ် (Shipping Documents များကို နိုင်ငံခြားငွေဌာနက

Courier Service ဖြင့်ပေးပို့ရသဖြင့် Courier Service ပို့ခကို ဘဏ်ခွဲ

က ကြိုတင်ကောက်ခံရန်)

အမှန်ကုန်ကျစရိတ်
(၇) ပို့ကုန်ဘီလ်လက်ခံဆောင်ရွက်ခြင်းကော်မရှင်

(Export Bill Commission)

ယွမ်(၆၀)

 

(၈) ဘဏ်စာရင်းအတွက် Pass Book  စာအုပ်ထုတ်ပေးခြင်း ကျပ်-၁၀၀၀၀

        စာရွက်စာတမ်းများအရ ငွေကောက်ခံခြင်းစနစ်(DA/DP)တို့ဖြင့် ဆောင်ရွက်လိုပါက မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊နိုင်ငံခြားငွေလုပ်ငန်း၊ နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်၊ နိုင်ငံခြားငွေလုပ်ငန်း၊ရန်ကုန်၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၁)မန္တလေး၊ မြန်မာ့စီးပွားရေးဘဏ်၊မူဆယ်ဘဏ်ခွဲ၊ BOC(HK)Yangon Branch ၊ ICBC Yangon Branch တို့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

 

တရုတ်ယွမ်ငွေဖြင့်ငွေပေးချေမှုဆောင်ရွက်ရာတွင်အသုံးပြုရမည့် Banking Information ဘဏ်ပိုင်းဆိုင်ရာ

အချက်အလက်များ

(၁)  Myanma Economic Bank

SWIFT Code : MYEBMMMY

Address        :  No 26, Thirikyawswar Road,Bank Zone, Naypyitaw

Telephone     : +95673422439 , Fax : +95673421415

Myanma Economic Bank, Muse Branch

Telephone     : +95 08250506 , +95 08251597 , +95 08252809
(၂)Myanma Economic Bank, Forex(Yangon)

Telephone : +901254597 , +901254739
(၃) Myanma Economic Bank, Branch-1, Mandalay
Telephone : +9024021153 , + 9024030712
(၄) Bank of China (Hong Kong) Yangon Branch
SWIFT Code : BKCHMMMY

Address        : Zone B,1st Floor,Golden City Business Center,

                     Yankin Road, Yankin  Township,Yangon

Telephone      : +019376140 ,  Fax : +95-019376142

(၅)Industrial and Commercial Bank of China Ltd(Yangon Branch)

SWIFT Code  : ICBKMMMY

Address         : Kyun Taw Road,ICBC Center, 17 and 19 Floor,

Crystal Tower, Kamayut Township, Yangon

Telephone      : +95 09686999666   , +95 09660999666  , Fax : +95-9339279