မြန်မာ့စီးပွားရေးဘဏ်တွင် အလုပ်ဝင်ရောက်နိုင်ရန်အတွက် လျှောက်လွှာများခေါ်ယူခြင်း
August 30, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
မြန်မာ့စီးပွားရေးဘဏ်
ကြော်ငြာစာအမှတ် (၁/ ၂၀၂၀)
လျှောက်လွှာခေါ်ယူခြင်း
၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး/ ငွေကိုင် – ၄ (လစာနှုန်းကျပ် ၁၈၀၀၀၀ – ၂၀၀၀ – ၁၉၀၀၀၀) ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်။
၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
(စီးပွားရေးဘွဲ့၊ ဥပဒေဘွဲ့၊ အင်္ဂလိပ်စာဘွဲ့၊ ကွန်ပျူတာဘွဲ့၊ အင်ဂျင်နီယာဘွဲ့ ရရှိပြီးသူများကို ဦးစားပေးမည်)
( ဂ ) အိမ်ထောင်မရှိသူ အမျိုးသားများအား ဦးစားပေးရွေးချယ်မည်။
(ဃ) နယ်စပ်ဒေသအပါအဝင် ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
( င ) ရွေးချယ်ခန့်ထားခြင်းခံရပါက စတင်တာဝန်ထမ်းဆောင်ရသည့်ဒေသတွင် အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်ရမည်။
( စ ) ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၅)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
၃။ လျှောက်လွှာပုံစံများကို မြန်မာ့စီးပွားရေးဘဏ်၏ အောက်ဖော်ပြပါစာစစ်ဌာနများတွင်ရယူနိုင်ပြီး စာမေးပွဲဝင်ကြေးငွေကျပ် ၁၀၀၀/- (ကျပ် တစ်ထောင်တိတိ ) ကို မိမိဖြေဆိုလိုသည့်စာစစ်ဌာနတွင် Sundry Deposit A/C Miscellaneous သို့ ပေးသွင်းရပါမည် –
စဉ် |
တိုင်းဒေသကြီး/ ပြည်နယ်/ နေပြည်တော် |
စာစစ်ဌာန |
၁ |
နေပြည်တော် | နေပြည်တော်ဘဏ် |
၂ |
ကချင်ပြည်နယ် | မြစ်ကြီးနားခရိုင်ဘဏ်ခွဲ၊ ပူတာအိုခရိုင်ဘဏ်ခွဲ၊ ဗန်းမော်ခရိုင်ဘဏ်ခွဲ |
၃ |
ကယားပြည်နယ် | ကယားပြည်နယ်ရုံး |
၄ |
ကရင်ပြည်နယ် | ဘားအံခရိုင်ဘဏ်ခွဲ၊ မြဝတီဘဏ်ခွဲ |
၅ |
ချင်းပြည်နယ် |
ဟားခါးခရိုင်ဘဏ်ခွဲ၊ ဖလမ်းခရိုင်ဘဏ်ခွဲ၊ မင်းတပ်ခရိုင်ဘဏ်ခွဲ |
၆ |
စစ်ကိုင်းတိုင်းဒေသကြီး | စစ်ကိုင်းခရိုင်ဘဏ်ခွဲ၊ မုံရွာခရိုင်ဘဏ်ခွဲ၊ ကသာခရိုင်ဘဏ်ခွဲ၊
ရွှေဘိုခရိုင်ဘဏ်ခွဲ၊ မော်လိုက်ခရိုင်ဘဏ်ခွဲ၊ ကလေးခရိုင်ဘဏ်ခွဲ၊ တမူးဘဏ်ခွဲ၊ ခန္တီးခရိုင်ဘဏ်ခွဲ |
စဉ် |
တိုင်းဒေသကြီး/ ပြည်နယ်/ နေပြည်တော် |
စာစစ်ဌာန |
၇ |
တနင်္သာရီတိုင်းဒေသကြီး | ထားဝယ်ခရိုင်ဘဏ်ခွဲ၊ မြိတ်ခရိုင်ဘဏ်ခွဲ၊ ကော့သောင်းခရိုင်ဘဏ်ခွဲ |
၈ |
ပဲခူးတိုင်းဒေသကြီး | ပဲခူးခရိုင်ဘဏ်ခွဲ၊ သာယာဝတီခရိုင်ဘဏ်ခွဲ၊ တောင်ငူခရိုင်ဘဏ်ခွဲ၊ ပြည်ခရိုင်ဘဏ်ခွဲ |
၉ |
မကွေးတိုင်းဒေသကြီး | မကွေးခရိုင်ဘဏ်ခွဲ၊ သရက်ခရိုင်ဘဏ်ခွဲ၊ မင်းဘူးခရိုင်ဘဏ်ခွဲ၊ ပခုက္ကူခရိုင်ဘဏ်ခွဲ |
၁၀ |
မန္တလေးတိုင်းဒေသကြီး | ဘဏ်ခွဲ (၃) မန္တလေးမြို့၊ ပြင်ဦးလွင်ဘဏ်ခွဲ၊ မြင်းခြံခရိုင်ဘဏ်ခွဲ၊
ညောင်ဦးခရိုင်ဘဏ်ခွဲ၊ မိတ္ထီလာခရိုင်ဘဏ်ခွဲ၊ ကျောက်ဆည် ခရိုင်ဘဏ်ခွဲ၊ ရမည်းသင်းခရိုင်ဘဏ်ခွဲ |
၁၁ |
မွန်ပြည်နယ် | ဘဏ်ခွဲ (၁) မော်လမြိုင်မြို့၊ သထုံခရိုင်ဘဏ်ခွဲ |
၁၂ |
ရခိုင်ပြည်နယ် | စစ်တွေခရိုင်ဘဏ်ခွဲ၊ မောင်တောခရိုင်ဘဏ်ခွဲ၊ ကျောက်ဖြူခရိုင် ဘဏ်ခွဲ၊ သံတွဲခရိုင်ဘဏ်ခွဲ |
၁၃ |
ရန်ကုန်တိုင်းဒေသကြီး | ရန်ကုန်တိုင်းဒေသကြီးရုံး |
၁၄ |
ရှမ်းပြည်နယ် | တောင်ကြီးခရိုင်ဘဏ်ခွဲ၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲ၊ တာချီလိတ်ခရိုင် ဘဏ်ခွဲ၊ လွိုင်လင်ခရိုင်ဘဏ်ခွဲ၊ လားရှိုးခရိုင်ဘဏ်ခွဲ၊ မူဆယ်ခရိုင် ဘဏ်ခွဲ၊ ကျောက်မဲခရိုင်ဘဏ်ခွဲ |
၁၅ |
ဧရာဝတီတိုင်းဒေသကြီး | ပုသိမ်ခရိုင်ဘဏ်ခွဲ၊ ဟင်္သာတခရိုင်ဘဏ်ခွဲ၊ မြောင်းမြခရိုင်ဘဏ်ခွဲ၊ မအူပင်ခရိုင်ဘဏ်ခွဲ၊ ဖျာပုံခရိုင်ဘဏ်ခွဲ |
၄။ လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည် –
(က) ဘွဲ့လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( ခ ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်လက်မှတ်/ အခြေခံပညာအထက်တန်း အောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုး ရန်)
( ဂ ) တက္ကသိုလ်ဝင်တန်း/ အခြေခံပညာအထက်တန်းအောင်အမှတ်စာရင်း
(ဃ) ပတ်စ်ပို့အရွယ်ဓါတ်ပုံ (၅) ပုံ
( င ) (၆) လအတွင်း ရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း
( စ ) သက်ဆိုင်ရာ ရဲစခန်းမှ (၆) လအတွင်း ရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း
(ဆ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( ဇ ) အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
၅။ လျှောက်ထားသူများသည် လျှောက်လွှာကို မိမိဖြေဆိုလိုသည့်စာစစ်ဌာနများသို့ (၂ – ၂ – ၂၀၂၁) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။
၆။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်လွှာအား သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ ဌာနတွင်းဝန်ထမ်းဖြစ်ပါကလျှောက်လွှာအား သက်ဆိုင်ရာဌာနခွဲ/တိုင်းဒေသကြီး/ပြည်နယ်ရုံး၏ ထောက်ခံချက်ဖြင့်လည်းကောင်း (၂ – ၂ – ၂၀၂၁)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန် ဖြစ်ပါသည်။
၇။ လျှောက်ထားသူများအား ရေးဖြေစစ်ဆေးခြင်းကို (၂၀ – ၂ – ၂၀၂၁) ရက်နေ့၌ သက်ဆိုင်ရာ စာစစ်ဌာနများတွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ရေးဖြေစာမေးပွဲဖြေဆိုအောင်မြင်သူများ၏ အမည်စာရင်းကို သက်ဆိုင်ရာစာစစ်ဌာန၌ (၁ – ၃ – ၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည် –
အင်္ဂလိပ်စာ(ရေးဖြေ) ၂၀ – ၂ – ၂၀၂၁ နံနက် (၀၉:၃၀ နာရီမှ ၁၀:၃၀ နာရီထိ)
၈။ ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည်ဖြစ်ပြီး၊ ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းအား ၆ – ၃ – ၂၀၂၁ ရက်နေ့တွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခြင်းအား ၇ – ၃ – ၂၀၂၁ ရက်နေ့တွင်လည်းကောင်း မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသည် –
(က) ကွန်ပျူတာကျွမ်းကျင်မှု ၆ – ၃ – ၂၀၂၁ နံနက် (၀၉:၃၀ နာရီမှ ၁၀:၃၀ နာရီထိ) (လက်တွေ့)
( ခ ) အထွေထွေဗဟုသုတ ၇ – ၃ – ၂၀၂၁ နံနက် (၀၉:၃၀) နာရီ (လူတွေ့)
၉။ ရွေးချယ်ခန့်ထားသည့် အမည်စာရင်းကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ၌ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။
၁၀။ ဖြေဆိုခွင့်ကတ်ပြားများကို (၁၈ – ၂ – ၂၀၂၁) ရက်နေ့နှင့် (၁၉ – ၂ – ၂၀၂၁) ရက်နေ့၌ မိမိလျှောက်ထားသည့် စာစစ်ဌာနများတွင် ထုတ်ပေးမည်ဖြစ်ပြီးကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရန်ဖြစ်ပါသည်။
၁၁။ အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက နေပြည်တော်ဘဏ်သို့ဖြစ်စေ၊ သက်ဆိုင်ရာ စာစစ်ဌာနများသို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်
ရက်စွဲ၊ ၂၄ – ၁၂ – ၂၀၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
မြန်မာ့စီးပွားရေးဘဏ်
ကြော်ငြာစာအမှတ် (၂/ ၂၀၂၀)
လျှောက်လွှာခေါ်ယူခြင်း
၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော ယာဉ်မောင်း – ၅ (လစာနှုန်းကျပ် ၁၆၂၀၀၀ – ၂၀၀၀ – ၁၇၂၀၀၀) ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်။
၂။ အထက်ဖော်ပြပါ ရာထူးနေရာအတွက် လျှောက်ထားသူသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) အခြေခံပညာအလယ်တန်း အောင်မြင်ပြီးသူဖြစ်ရမည်။
( ဂ ) ယာဉ်မောင်းလိုင်စင် (ခ) ရရှိပြီးသူဖြစ်ရမည်။
(ဃ) နယ်စပ်ဒေသအပါအဝင် ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
( င ) ရွေးချယ်ခန့်ထားခြင်းခံရပါက စတင်တာဝန်ထမ်းဆောင်ရသည့်ဒေသတွင် အနည်းဆုံး(၂)နှစ် တာဝန်ထမ်းဆောင်ရမည်။
( စ ) ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၂၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
၃။ လျှောက်လွှာပုံစံများကို မြန်မာ့စီးပွားရေးဘဏ်၏ အောက်ဖော်ပြပါစာစစ်ဌာနများတွင်ရယူနိုင်ပြီး စာမေးပွဲဝင်ကြေးငွေ ကျပ် ၁၀၀၀/- (ကျပ် တစ်ထောင်တိတိ) ကို မိမိဖြေဆိုလိုသည့်စာစစ်ဌာနတွင် Sundry Deposit A/C Miscellaneous သို့ ပေးသွင်းရပါမည် –
စဉ် |
တိုင်းဒေသကြီး/ ပြည်နယ်/ နေပြည်တော် |
စာစစ်ဌာန |
၁ |
နေပြည်တော် | နေပြည်တော်ဘဏ် |
၂ |
ကချင်ပြည်နယ် | မြစ်ကြီးနားခရိုင်ဘဏ်ခွဲ၊ ဗန်းမော်ခရိုင်ဘဏ်ခွဲ |
၃ |
ကရင်ပြည်နယ် | ဘားအံခရိုင်ဘဏ်ခွဲ၊ မြဝတီဘဏ်ခွဲ |
၄ |
စစ်ကိုင်းတိုင်းဒေသကြီး | စစ်ကိုင်းခရိုင်ဘဏ်ခွဲ၊ ကသာခရိုင်ဘဏ်ခွဲ၊ ရွှေဘိုခရိုင်ဘဏ်ခွဲ၊
မော်လိုက်ခရိုင်ဘဏ်ခွဲ၊ ကလေးခရိုင်ဘဏ်ခွဲ |
၅ |
တနင်္သာရီတိုင်းဒေသကြီး | ကော့သောင်းခရိုင်ဘဏ်ခွဲ |
စဉ် |
တိုင်းဒေသကြီး/ ပြည်နယ်/ နေပြည်တော် |
စာစစ်ဌာန |
၆ |
ပဲခူးတိုင်းဒေသကြီး | သာယာဝတီခရိုင်ဘဏ်ခွဲ |
၇ |
မန္တလေးတိုင်းဒေသကြီး | ဘဏ်ခွဲ (၃) မန္တလေးမြို့၊ ပြင်ဦးလွင်ဘဏ်ခွဲ၊ မြင်းခြံခရိုင်ဘဏ်ခွဲ၊
ညောင်ဦးခရိုင်ဘဏ်ခွဲ၊ ကျောက်ဆည်ခရိုင်ဘဏ်ခွဲ၊ ရမည်းသင်း ခရိုင်ဘဏ်ခွဲ |
၈ |
မွန်ပြည်နယ် | ဘဏ်ခွဲ (၁) မော်လမြိုင်မြို့ |
၉ |
ရန်ကုန်တိုင်းဒေသကြီး | ရန်ကုန်တိုင်းဒေသကြီးရုံး |
၁၀ |
ရှမ်းပြည်နယ် | တောင်ကြီးခရိုင်ဘဏ်ခွဲ၊ တာချီလိတ်ခရိုင်ဘဏ်ခွဲ၊ မူဆယ်ခရိုင်
ဘဏ်ခွဲ၊ ကျောက်မဲခရိုင်ဘဏ်ခွဲ |
၁၁ | ဧရာဝတီတိုင်းဒေသကြီး | မြောင်းမြခရိုင်ဘဏ်ခွဲ၊ မအူပင်ခရိုင်ဘဏ်ခွဲ |
၄။ လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည် –
(က) အခြေခံပညာအလယ်တန်းအောင်မြင်ကြောင်း ထောက်ခံစာမိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( ခ ) ပတ်စ်ပို့အရွယ်ဓါတ်ပုံ (၅) ပုံ
( ဂ ) (၆) လအတွင်း ရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း
(ဃ) သက်ဆိုင်ရာ ရဲစခန်းမှ (၆) လအတွင်း ရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း
( င ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( စ ) အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
(ဆ) ယာဉ်မောင်းလိုင်စင် (ခ) မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
၅။ လျှောက်ထားသူများသည် လျှောက်လွှာကို မိမိဖြေဆိုလိုသည့်စာစစ်ဌာနများသို့ (၂ – ၂ – ၂၀၂၁) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။
၆။ လျှောက်ထားသူများကို (၁၂ – ၂ – ၂၀၂၁) ရက်နေ့ နံနက် (၀၉:၃၀) နာရီ၌ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင်လူတွေ့စစ်ဆေးခြင်းကို ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခန့်ထားသည့်အမည်စာရင်းကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၌ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။
၇။ ဖြေဆိုခွင့်ကတ်ပြားများကို (၁၁ – ၂ – ၂၀၂၁) ရက်နေ့၌ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင်ထုတ်ပေးမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရန်ဖြစ်ပါသည်။
၈။ အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက နေပြည်တော်ဘဏ်သို့ဖြစ်စေ၊ သက်ဆိုင်ရာ စာစစ်ဌာနများသို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင် ပါသည်။
မြန်မာ့စီးပွားရေးဘဏ်
ရက်စွဲ၊ ၂၄ – ၁၂ – ၂၀၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
မြန်မာ့စီးပွားရေးဘဏ်
ကြော်ငြာစာအမှတ် (၃/ ၂၀၂၀)
လျှောက်လွှာခေါ်ယူခြင်း
၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော ရုံးအကူ/ ရုံးစောင့် (လစာနှုန်းကျပ် ၁၄၄၀၀၀ – ၂၀၀၀ – ၁၅၄၀၀၀) ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်။
၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) အခြေခံပညာအလယ်တန်း အောင်မြင်ပြီးသူ အမျိုးသားများသာဖြစ်ရမည်။
( ဂ ) နယ်စပ်ဒေသအပါအဝင် ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
(ဃ) ရွေးချယ်ခန့်ထားခြင်းခံရပါက စတင်တာဝန်ထမ်းဆောင်ရသည့်ဒေသတွင် အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်ရမည်။
( င ) ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၂၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
၃။ လျှောက်လွှာပုံစံများကို မြန်မာ့စီးပွားရေးဘဏ်၏ အောက်ဖော်ပြပါစာစစ်ဌာနများတွင် ရယူနိုင်ပြီး စာမေးပွဲဝင်ကြေးငွေ ကျပ် ၁၀၀၀/- (ကျပ်တစ်ထောင်တိတိ) ကို မိမိဖြေဆိုလိုသည့်စာစစ်ဌာနတွင် Sundry Deposit A/C Miscellaneous သို့ ပေးသွင်းရပါမည် –
စဉ် |
တိုင်းဒေသကြီး/ ပြည်နယ်/ နေပြည်တော် |
စာစစ်ဌာန |
၁ |
နေပြည်တော် | နေပြည်တော်ဘဏ် |
၂ |
ကချင်ပြည်နယ် | မြစ်ကြီးနားခရိုင်ဘဏ်ခွဲ၊ ပူတာအိုခရိုင်ဘဏ်ခွဲ၊ ဗန်းမော်ခရိုင်ဘဏ်ခွဲ |
၃ |
ကယားပြည်နယ် | ကယားပြည်နယ်ရုံး |
၄ |
ကရင်ပြည်နယ် | ဘားအံခရိုင်ဘဏ်ခွဲ၊ မြဝတီဘဏ်ခွဲ |
၅ |
ချင်းပြည်နယ် | ဟားခါးခရိုင်ဘဏ်ခွဲ၊ ဖလမ်းခရိုင်ဘဏ်ခွဲ၊ မင်းတပ်ခရိုင်ဘဏ်ခွဲ |
၆ |
စစ်ကိုင်းတိုင်းဒေသကြီး | စစ်ကိုင်းခရိုင်ဘဏ်ခွဲ၊ မုံရွာခရိုင်ဘဏ်ခွဲ၊ ကသာခရိုင်ဘဏ်ခွဲ၊
ရွှေဘိုခရိုင်ဘဏ်ခွဲ၊ မော်လိုက်ခရိုင်ဘဏ်ခွဲ၊ ကလေးခရိုင်ဘဏ်ခွဲ၊ တမူးဘဏ်ခွဲ၊ ခန္တီးခရိုင်ဘဏ်ခွဲ |
စဉ် |
တိုင်းဒေသကြီး/ ပြည်နယ်/ နေပြည်တော် |
စာစစ်ဌာန |
၇ |
တနင်္သာရီတိုင်းဒေသကြီး | ထားဝယ်ခရိုင်ဘဏ်ခွဲ၊ မြိတ်ခရိုင်ဘဏ်ခွဲ၊ ကော့သောင်းခရိုင်ဘဏ်ခွဲ |
၈ |
ပဲခူးတိုင်းဒေသကြီး | ပဲခူးခရိုင်ဘဏ်ခွဲ၊ သာယာဝတီခရိုင်ဘဏ်ခွဲ၊ တောင်ငူခရိုင်ဘဏ်ခွဲ၊ ပြည်ခရိုင်ဘဏ်ခွဲ |
၉ |
မကွေးတိုင်းဒေသကြီး | မကွေးခရိုင်ဘဏ်ခွဲ၊ သရက်ခရိုင်ဘဏ်ခွဲ၊ မင်းဘူးခရိုင်ဘဏ်ခွဲ၊ ပခုက္ကူခရိုင်ဘဏ်ခွဲ |
၁၀ |
မန္တလေးတိုင်းဒေသကြီး | ဘဏ်ခွဲ (၃) မန္တလေးမြို့၊ ပြင်ဦးလွင်ဘဏ်ခွဲ၊ မြင်းခြံခရိုင်ဘဏ်ခွဲ၊
ညောင်ဦးခရိုင်ဘဏ်ခွဲ၊ မိတ္ထီလာခရိုင်ဘဏ်ခွဲ၊ ကျောက်ဆည် ခရိုင်ဘဏ်ခွဲ၊ ရမည်းသင်းခရိုင်ဘဏ်ခွဲ |
၁၁ |
မွန်ပြည်နယ် | ဘဏ်ခွဲ (၁) မော်လမြိုင်မြို့၊ သထုံခရိုင်ဘဏ်ခွဲ |
၁၂ |
ရခိုင်ပြည်နယ် | စစ်တွေခရိုင်ဘဏ်ခွဲ၊ မောင်တောခရိုင်ဘဏ်ခွဲ၊ ကျောက်ဖြူခရိုင် ဘဏ်ခွဲ၊ သံတွဲခရိုင်ဘဏ်ခွဲ |
၁၃ |
ရန်ကုန်တိုင်းဒေသကြီး | ရန်ကုန်တိုင်းဒေသကြီးရုံး |
၁၄ |
ရှမ်းပြည်နယ် | တောင်ကြီးခရိုင်ဘဏ်ခွဲ၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲ၊ တာချီလိတ်ခရိုင် ဘဏ်ခွဲ၊ လွိုင်လင်ခရိုင်ဘဏ်ခွဲ၊ လားရှိုးခရိုင်ဘဏ်ခွဲ၊ မူဆယ်ခရိုင် ဘဏ်ခွဲ၊ ကျောက်မဲခရိုင်ဘဏ်ခွဲ |
၁၅ |
ဧရာဝတီတိုင်းဒေသကြီး | ပုသိမ်ခရိုင်ဘဏ်ခွဲ၊ ဟင်္သာတခရိုင်ဘဏ်ခွဲ၊ မြောင်းမြခရိုင်ဘဏ်ခွဲ၊ မအူပင်ခရိုင်ဘဏ်ခွဲ၊ ဖျာပုံခရိုင်ဘဏ်ခွဲ |
၄။ လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည် –
(က) အခြေခံပညာအလယ်တန်းအောင်မြင်ကြောင်း ထောက်ခံစာမိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( ခ ) ပတ်စ်ပို့အရွယ်ဓါတ်ပုံ (၅) ပုံ
( ဂ ) (၆) လအတွင်း ရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း
(ဃ) သက်ဆိုင်ရာ ရဲစခန်းမှ (၆) လအတွင်း ရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း
( င ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( စ ) အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
၅။ လျှောက်ထားသူများသည် လျှောက်လွှာကို မိမိဖြေဆိုလိုသည့်စာစစ်ဌာနများသို့ (၂ – ၂ – ၂၀၂၁) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။
၆။ လျှောက်ထားသူများကို (၁၂ – ၂ – ၂၀၂၁) ရက်နေ့ နံနက် (၀၉:၃၀)နာရီ၌ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် လူတွေ့စစ်ဆေးခြင်းကို ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခန့်ထားသည့် အမည်စာရင်းကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၌ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။
၇။ ဖြေဆိုခွင့်ကတ်ပြားများကို (၁၁ – ၂ – ၂၀၂၁) ရက်နေ့၌ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် ထုတ်ပေးမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရန်ဖြစ်ပါသည်။
၈။ အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက နေပြည်တော်ဘဏ်သို့ဖြစ်စေ၊ သက်ဆိုင်ရာ စာစစ်ဌာနများသို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်
ရက်စွဲ၊ ၂၄ – ၁၂ – ၂၀၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
မြန်မာ့စီးပွားရေးဘဏ်
ကြော်ငြာစာအမှတ် (၄/ ၂၀၂၀)
လျှောက်လွှာခေါ်ယူခြင်း
၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော သန့်ရှင်းရေး (လစာနှုန်းကျပ် ၁၄၄၀၀၀ – ၂၀၀၀ – ၁၅၄၀၀၀) ရာထူးနေရာများအတွက် လျှောက်လွှာ ခေါ်ယူခြင်းဖြစ်ပါသည်။
၂။ အထက်ဖော်ပြပါ ရာထူးနေရာအတွက် လျှောက်ထားသူသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) အခြေခံပညာအလယ်တန်း အောင်မြင်ပြီးသူဖြစ်ရမည်။
( ဂ ) အမျိုးသမီးများအား ဦးစားပေးရွေးချယ်မည်။
(ဃ) နယ်စပ်ဒေသအပါအဝင် ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
( င ) ရွေးချယ်ခန့်ထားခြင်းခံရပါက စတင်တာဝန်ထမ်းဆောင်ရသည့်ဒေသတွင် အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်ရမည်။
( စ ) ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၂၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
၃။ လျှောက်လွှာပုံစံများကို မြန်မာ့စီးပွားရေးဘဏ်၏ အောက်ဖော်ပြပါစာစစ်ဌာနများတွင် ရယူနိုင်ပြီး စာမေးပွဲဝင်ကြေးငွေ ကျပ် ၁၀၀၀/- (ကျပ်တစ်ထောင်တိတိ) ကို မိမိဖြေဆိုလိုသည့်စာစစ်ဌာနတွင် Sundry Deposit A/C Miscellaneous သို့ ပေးသွင်းရပါမည် –
စဉ် |
တိုင်းဒေသကြီး/ ပြည်နယ်/ နေပြည်တော် |
စာစစ်ဌာန |
၁ |
နေပြည်တော် | နေပြည်တော်ဘဏ် |
၂ |
ကချင်ပြည်နယ် | ပူတာအိုခရိုင်ဘဏ်ခွဲ |
၃ |
ကယားပြည်နယ် | ကယားပြည်နယ်ရုံး |
၄ |
ကရင်ပြည်နယ် | ဘားအံခရိုင်ဘဏ်ခွဲ |
၅ |
စစ်ကိုင်းတိုင်းဒေသကြီး | ကသာခရိုင်ဘဏ်ခွဲ၊ မော်လိုက်ခရိုင်ဘဏ်ခွဲ၊ ကလေးခရိုင်ဘဏ်ခွဲ၊
တမူးဘဏ်ခွဲ၊ ခန္တီးခရိုင်ဘဏ်ခွဲ |
စဉ် |
တိုင်းဒေသကြီး/ ပြည်နယ်/ နေပြည်တော် |
စာစစ်ဌာန |
၆ |
တနင်္သာရီတိုင်းဒေသကြီး | ထားဝယ်ခရိုင်ဘဏ်ခွဲ၊ ကော့သောင်းခရိုင်ဘဏ်ခွဲ |
၇ |
ပဲခူးတိုင်းဒေသကြီး | ပြည်ခရိုင်ဘဏ်ခွဲ |
၈ |
မကွေးတိုင်းဒေသကြီး | မကွေးခရိုင်ဘဏ်ခွဲ၊ မင်းဘူးခရိုင်ဘဏ်ခွဲ၊ ပခုက္ကူခရိုင်ဘဏ်ခွဲ |
၉ |
မန္တလေးတိုင်းဒေသကြီး | ကျောက်ဆည်ခရိုင်ဘဏ်ခွဲ |
၁၀ |
ရခိုင်ပြည်နယ် | ကျောက်ဖြူခရိုင်ဘဏ်ခွဲ |
၁၁ |
ရန်ကုန်တိုင်းဒေသကြီး | ရန်ကုန်တိုင်းဒေသကြီးရုံး |
၁၂ |
ရှမ်းပြည်နယ် | တောင်ကြီးခရိုင်ဘဏ်ခွဲ၊ တာချီလိတ်ခရိုင်ဘဏ်ခွဲ၊ မူဆယ်ခရိုင် ဘဏ်ခွဲ |
၄။ လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည် –
(က) အခြေခံပညာအလယ်တန်းအောင်မြင်ကြောင်း ထောက်ခံစာမိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( ခ ) ပတ်စ်ပို့အရွယ်ဓါတ်ပုံ (၅) ပုံ
( ဂ ) (၆) လအတွင်း ရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း
(ဃ) သက်ဆိုင်ရာ ရဲစခန်းမှ (၆) လအတွင်း ရယူထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း
( င ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( စ ) အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
၅။ လျှောက်ထားသူများသည် လျှောက်လွှာကို မိမိဖြေဆိုလိုသည့်စာစစ်ဌာနများသို့ (၂ – ၂ – ၂၀၂၁) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။
၆။ လျှောက်ထားသူများကို (၁၂ – ၂ – ၂၀၂၁) ရက်နေ့ နံနက် (၀၉:၃၀) နာရီ၌ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် လူတွေ့စစ်ဆေးခြင်းကို ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခန့်ထားသည့် အမည်စာရင်းကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ၌ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။
၇။ ဖြေဆိုခွင့်ကတ်ပြားများကို (၁၁ – ၂ – ၂၀၂၁) ရက်နေ့၌ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် ထုတ် ပေးမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရန်ဖြစ်ပါသည်။
၈။ အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက နေပြည်တော်ဘဏ်သို့ဖြစ်စေ၊ သက်ဆိုင်ရာ စာစစ်ဌာနများသို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်
ရက်စွဲ၊ ၂၄ – ၁၂ – ၂၀၂၀