မိဘပြည်သူပင်စင်စားများသို့အသိပေးပန်ကြားခြင်း

မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် မိဘပြည်သူပင်စင်စားများအတွက် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါကာကွယ်နိုင်ရေးအတွက်-

(က) Mytel Pay ဖြင့် ပင်စင်လစာထုတ်ပေးခြင်းဝန်ဆောင်မှု

(ခ) MPT Money ဖြင့်ပင်စင်လစာထုတ်ပေးခြင်းဝန်ဆောင်မှု

(ဂ) Wave Money ဖြင့် ပင်စင်လစာထုတ်ပေးခြင်းဝန်ဆောင်မှု

(ဃ)Myanmar Mobile Money (MMM)Easy Pay ဖြင့်ပင်စင်လစာထုတ်ပေးခြင်းဝန်ဆောင်မှုများဖြင့်သာ ပင်စင်ထုတ်ပေးခြင်းအားဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ “မိဘပြည်သူပင်စင်စားများ၏ e-pension ကဒ်များပြန်လည်သိမ်းဆည်းခြင်း၊ မိဘပြည်သူ ပင်စင်စားများထံသို့ အိမ်တိုင်ယာရောက်သွားရောက်၍ ပင်စင်ကဒ်မလိုဘဲ ပင်စင်များထုတ်ပေးခြင်း” စသည့်သတင်းအမှားများ ကြားသိနေရပါသည်။

မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်ထုတ်ပေးခြင်းအတွက် အထက်ပါ (က)၊(ခ)၊(ဂ)၊(ဃ)အချက်များ မှလွဲ၍ အခြားမည်သည့် Digital Payment နည်းလမ်းများဖြင့် ပင်စင်ထုတ်ပေးခြင်း မရှိ(မရှိ) ပါကြောင်း မိဘပြည်သူ ပင်စင်စားများထံသို့ အသိပေးပန်ကြားအပ်ပါသည်။

                                                                                                                                                                                  မြန်မာ့စီးပွားရေးဘဏ်။