JICA MSME Two-Step Loan (Emergency Loan)

 

JICA MSME Two-Step Loan (Emergency Loan)

၁။           မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် JICA MSME Two-Step Loan ချေးငွေစီမံကိန်းတွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် သည့်အဖွဲ့အစည်း (Participating Financial Institution-PFI) ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်မှ COVID-19 ကြောင့်ထိခိုက်မှုရှိသော MSMEs လုပ်ငန်းများကို (Emergency Loan) အဖြစ်သတ်မှတ်၍ ချေးငွေ ထုတ်ချေးသွားမည်ဖြစ်ပါသည်။

Emergency Loan ချေးငွေဆိုင်ရာအချက်အလက်များ
အပေါင်ပစ္စည်းပေးအပ်ပါက အများဆုံး -ကျပ် (၃၀၀) သန်း
အပေါင်ပစ္စည်း (လျော့နည်း၊ လုံးဝမပါ) CGI စနစ်ဖြင့် အများဆုံး – ကျပ် (၂၀) သန်း
လိုအပ်ပါက ချေးငွေကို လှည့်ပတ်ရင်းနှီးငွေ Working Capital

အဖြစ် အများဆုံးအသုံးပြုနိုင်သည့်ရာခိုင်နှုန်း

– ၁၀၀%
အပေါင်ပစ္စည်းအပြည့်အဝပေးအပ်ပါက အတိုးနှုန်း – ၅.၅%
အပေါင်ပစ္စည်း လျော့နည်း/ လုံးဝမပါ ပါက(Credit Rating အရ) -၆% မှ ၁၀%

(CGI ကြေးအား မြန်မာ့အာမခံလုပ်ငန်းသို့

ငွေချေးသူမှသီးခြား ပေးဆောင်ရမည်)

ချေးငွေသက်တမ်း အများဆုံး -(၅)နှစ်အထိ
ချေးငွေသက်တမ်း (၃)နှစ် အောက်ဖြစ်ပါက ပေးဆပ်ရမည့် စနစ် ဆိုင်းငံ့ကာလ (၆)လ သတ်မှတ်ပြီး အရင်း ကို(၆)လ(၁)ကြိမ်ပေးဆပ်ရပါမည်။
ချေးငွေသက်တမ်း (၃)နှစ်အထက်ဖြစ်ပါက ပေးဆပ်ရမည့်စနစ် ဆိုင်းငံ့ကာလ (၁)နှစ် သတ်မှတ်ပြီး အရင်း ကို(၆)လ(၁)ကြိမ်ပေးဆပ်ရပါမည်။
၂။         ယခင်သတ်မှတ်ချက်ဖြစ်သော Fixed Assets ၈၀ % နှင့် Working Capital ၂၀ % အသုံးပြုနိုင် သည့် Ordinary Loan ချေးငွေအား လှည့်ပတ်ရန်ပုံငွေစာရင်း Revolving Fund A/C မှ ဆက်လက်ထုတ် ချေးသွားမည်ဖြစ်ပါသည်။

၃။         အရေးပေါ်ချေးငွေ (Emergency Loan) သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ၂၀၁၅ ခုနှစ်၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့်ညီညွတ်သော MSMEs ဖြစ်ရမည်။

(ခ)   JICA MSME TSL Emergency Loan ချေးငွေစီမံကိန်းတွင် တားမြစ်ထားသော လုပ်ငန်း များမှအပ COVID-19 ကြောင့် အမှန်တကယ်ထိခိုက်မှုရှိသောလုပ်ငန်းဖြစ်ရမည်ဖြစ်ပြီး အမှန်တကယ်ထိခိုက်မှုရှိကြောင်း အထောက်အထား တင်ပြနိုင်ရမည်။

(ဂ)   MSMEs လုပ်ငန်း၏ ဝင်ငွေနှိုင်းယှဉ်ချက်(၂၀၁၉ မတ်၊ ဧပြီ၊ မေ နှင့် ၂၀၂၀ မတ်၊ ဧပြီ၊ မေ) တင်ပြရမည်။

(ဃ) ချေးငွေရရှိပါက ချက်ချင်းပြန်လည်စတင်လည်ပတ်နိုင်သည့် MSMEs ဖြစ်ရမည့်အပြင် ချေးငွေဖြင့် လုပ်ငန်းပုံမှန်ပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် (Emergency Business Plan) တင်ပြရမည်။

(င)   ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိရမည်။

(စ)   ခွင့်ပြုလုပ်ငန်းလိုင်စင် သက်တမ်းရှိရမည်။

(ဆ) ပုံမှန်ချေးငွေတွင် ကျပ်သန်း(၅၀၀)အထိ ရယူထားပြီးသူများမှလည်း COVID-19 ကြောင့် လုပ်ငန်းအမှန်တကယ် ထိခိုက်မှုဖြစ်ပေါ်ခဲ့ပါက အရေးပေါ်ချေးငွေ (Emergency Loan) ကို ထပ်မံလျှောက်ထားနိုင်ပါသည်။ (ခိုင်မာသော သီးခြားအာမခံမြေနှင့် အဆောက်အဦ ပေး အပ်နိုင်ရမည်)

(ဇ) CGI စနစ်ဖြင့် ချေးငွေအများဆုံးကျပ်သန်း(၂၀)အထိသာ လျှောက်ထားနိုင်ပြီး CGI စနစ်ဖြင့် ချေးငွေရယူပြီးသူများအား CGI စနစ်ဖြင့်ပင် ထပ်မံလျှောက်ထားခြင်းကိုခွင့်မပြုပါ။

(ဈ)  Emergency Loan ချေးငွေကို Fixed Capital နှင့် Working Capital များအတွက် အသုံးပြုနိုင်ပြီး လိုအပ်ပါက လုပ်ငန်းရှင်တင်ပြသည့် Emergency Business Plan အရ Working Capital ကို ၁၀၀ % အထိ ခွင့်ပြုပါမည်။

၄။         JICA MSME Two-Step Loan (Emergency Loan) အတွက် ဦးစွာချေးငွေအဆိုလွှာ လျှောက် ထားရမည်ဖြစ်ပြီး အောက်ဖော်ပြပါ အထောက်အထား၊ အချက်အလက်များကို ပူးတွဲတင်ပြရမည်ဖြစ်ပါသည်-

(က) ဘဏ်ချေးငွေအဆိုလွှာ (ချေးငွေအသုံးပြုမည့် ရည်ရွယ်ချက်၊ ချေးငွေပြန်လည်ပေးဆပ်မည့် အစီအစဉ်တို့ကို ပြည့်စုံစွာဖော်ပြရန်)

(ခ)   ချေးငွေဖြင့်လုပ်ငန်းကို ပုံမှန်ပြန်လည်လည်ပတ်နိုင်အောင် ဆောင်ရွက်မည့်လုပ်ငန်းစီမံချက် (Emergency Business Plan)

(ဂ)   မြေဂရန်စာချုပ်/ ဘိုးဘပိုင်မြေ စာချုပ်များ/ လန(၃၉)/ လယ ၃၀ (က) (ခ)/ ၃(ခ)

(ဃ) စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပေးသည့် SME Card

(င)   လုပ်ငန်းအမျိုးအစားအလိုက် ခွင့်ပြုထားသည့် သက်တမ်းရှိလုပ်ငန်းလိုင်စင်နှင့် အခွန် ထမ်းဆောင်မှုပြေစာများ

(စ)   ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်(online) ၊ ဒါရိုက်တာစာရင်း၊ အစုရှယ်ယာ ထည့်ဝင်မှု စာရင်း၊ အစည်းအဝေးဆုံးဖြတ်ချက်

(ဆ) MSME လုပ်ငန်း၏ ဝင်ငွေနှိုင်းယှဉ်ချက် (၂၀၁၉ မတ်၊ ဧပြီ၊ မေ နှင့် ၂၀၂၀ မတ်၊ ဧပြီ၊ မေ)

(ဇ)   လုပ်ငန်းရှင်၏ အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်

(ဈ)  အာမခံပေးအပ်ပါက အာမခံအဆောက်အဦ၏ ရှေ့၊ နောက်၊ ဝဲ၊ ယာ ဓါတ်ပုံများ

(ည) ချေးငွေအသုံးပြုမည့်အစီအစဉ်တွင် Fixed Capital အသုံးပြုမည့် အစီအစဉ်ပါရှိပါက ပုံသေပိုင်ပစ္စည်းဝယ်ယူအသုံးပြုမှု အစီအစဉ်နှင့် ပြုပြင်/တည်ဆောက် မည့်စက်ရုံ/အလုပ်ရုံအခြေအနေဖော်ပြချက်တို့ တင်ပြရမည်။

၅။      မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ ဖွံ့ဖြိုးရေးချေးငွေဌာနမှ ချေးငွေအဆိုလွှာပါ အထောက်အထားများ ကိုစိစစ်၍ Emergency Loan သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ဦးဆောင်ညွှန်ကြားရေးမှူးထံ အမှုတွဲတည်ဆောက်ခွင့် ခွင့်ပြုမိန့် တင်ပြပါမည်။ ခွင့်ပြုမိန့်ရရှိပါက JICA MSME Two-Step Loan (Ordinary Loan) ချေးငွေအမှုတွဲ ပြုစုတင်ပြရာတွင် ပါဝင်ရမည့်အချက်အလက် အထောက်အထားများ အတိုင်းပူးတွဲလျက် ချေးငွေအမှုတွဲကို ပြည့်စုံစွာ ပြုစုတင်ပြရပါမည်။