Online စနစ်ဖြင့်ဝန်ဆောင်မှုပေးလျက်ရှိသောလုပ်ငန်းများ

Online ဖြင့် ဖုန်းဘီလ်ပေးဆောင်ခြင်း၊ အိမ်သုံး Fiber လိုင်းကြေးပေးဆောင်ခြင်း (FTTH)

Online Phone Billing System   

လုပ်ငန်းစတင်သည့်ရက် ၁၅.၈.၂၀၁၁
ဝန်ဆောင်မှုရရှိနိုင်မည့်နေရာ နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲ(၁)၊ (၂)၊ (၅)၊ ငွေစုဘဏ်ခွဲ (၃)၊ မန္တလေး ဘဏ်ခွဲ(၁)၊ (၂)၊ ပုသိမ်၊ မကွေး၊ မော်လမြိုင်(၁)ဘဏ်ခွဲတို့အပြင် မြန်မာ့ စီးပွားရေးဘဏ်နှင့်ချိတ်ဆက်ထားသော ပြင်ပပုဂ္ဂိုလ်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကဘဏ်များ၊ City Mart Holding ၊ Victoria ၊ Asia Light၊ Shopping Mall စသည့်စျေးဝယ်စင်တာများတွင် ရရှိနိုင်ပါသည်။
ဝန်ဆောင်မှုရယူရာတွင် လိုအပ်သည့်အချက်များ တယ်လီဖုန်းနံပါတ်နှင့် Invice No ပြောကြားရန်
ရရှိနိုင်သည့်ဝန်ဆောင်မှု တယ်လီဖုန်းဘီလ်နှင့် အိမ်သုံးဖိုက်ဘာအင်တာနက်လိုင်းဝန်ဆောင်မှု ဘီလ်များကို ပေးဆောင်နိုင်ခြင်း
ဝန်ဆောင်ခ ၂၀ဝိ/- (ကျပ်နှစ်ရာတိတိ) ပေးဆောင်ရမည်ဖြစ်ပါသည်။

Online ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ခပေးဆောင်ခြင်း

Online MaNaLa System

လုပ်ငန်းစတင်သည့်ရက် ၁၄.၁.၂၀၁၃
ဝန်ဆောင်မှုရရှိနိုင်မည့်နေရာ ရန်ကုန်နှင့် မန္တလေးမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး များတွင် ဖွင့်လှစ်ထားသော ငွေလက်ခံကောင်တာများ
ဝန်ဆောင်မှုရယူရာတွင် လိုအပ်သည့်အချက်များ ပတ်စ်ပိုစ့်နံပါတ် (Passport Number)
ရရှိနိုင်သည့်ဝန်ဆောင်မှု မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်ဖိုးငွေကောက်ခံပေးခြင်း
ဝန်ဆောင်ခ ၁,၀၀ဝိ/- (ကျပ်တစ်ထောင်တိတိ) ပေးဆောင်ရမည်ဖြစ်ပါသည်။

ATM စက်ဖြင့်ငွေထုတ်ခြင်း

ATM System

လုပ်ငန်းစတင်သည့်ရက် ၂.၄.၂၀၁၅
ဝန်ဆောင်မှုရရှိနိုင်မည့်နေရာ ရန်ကုန်မြို့ရှိ ဘဏ်ခွဲ(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ ငွေစုဘဏ်ခွဲ (၁)၊ (၃)၊ (၄)၊ တာမွေ၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ မြောက်ဥက္ကလာ ပ၊ ကမာရွတ်၊ အင်းစိန်၊ ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ နေပြည်တော်၊ ပျဉ်းမနား၊ မန္တလေး (၁)၊ (၂)၊ (၃)၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မြင်းခြံ၊ ညောင်ဦး၊ ရမည်းသင်း၊ မုံရွာ၊ စစ်ကိုင်း၊ ကလေး၊ ရွှေဘို၊ ပဲခူး၊ တောင်ငူ၊ ပြည်၊ ပခုက္ကူ၊ မကွေး၊ မြိတ်၊ ထားဝယ်၊ မြစ်ကြီးနား၊ ဗန်းမော်၊ မြဝတီ၊ ဘားအံ၊ သထုံ၊ လွိုင်ကော်၊ လားရှိုး၊ တောင်ကြီး၊ တာချီလိတ်၊ ကျိုင်းတုံ၊ မူဆယ်၊ မော်လမြိုင် ဘဏ်ခွဲ (၁)၊ (၂)၊ စစ်တွေ ATM စက်များ နှင့် MPU အဖွဲ့ဝင်ဘဏ်များ၏ ATM စက်များ
ဝန်ဆောင်မှုရယူရာတွင် လိုအပ်သည့်အချက်များ ATM ကတ်ပြုလုပ်ရာတွင် Current Account ဖွင့်လှစ်ရန်အတွက် Customerများအနေဖြင့် ကနဦးငွေကျပ် (၂၀,၀၀ဝိ/-) (ကျပ်နှစ်သောင်း တိတိ) ပေးသွင်းရမည်ဖြစ်ပြီး ပေးသွင်းငွေ (၂၀,၀၀ဝိ/-) အနက် မြန်မာ့ စီးပွားရေးဘဏ်မှ ကတ်ဖိုး ငွေကျပ် (၃၀၀ဝိ/-) ကောက်ခံမည်ဖြစ်ပြီး ကတ်လက်ကျန်ငွေ (၁၀၀ဝိ/-) ကျပ် ထားရှိရမည်ဖြစ်ပါသည်။ အငြိမ်း စားများမှ လျှောက်ထားမည်ဆိုပါက ကနဉီးအနေဖြင့် ငွေကျပ် (၁၄,၀၀ဝိ/-) (ကျပ်တစ်သောင်းလေးထောင်တိတိ) ပေးသွင်းရမည်ဖြစ် ပြီး ပေးသွင်းငွေ (၁၄,၀၀ဝိ/-) အနက် မြန်မာ့စီးပွားရေးဘဏ်မှ ကတ်ဖိုး ငွေကျပ်(၃၀၀ဝိ/-) ကောက်ခံမည်ဖြစ်ပြီး ကတ်လက်ကျန်ငွေ(၁၀၀ဝိ/-) ကျပ်ထားရှိရမည် ဖြစ်ပါသည်။ ထို့အပြင် ဌာနဆိုင်ရာ အရာထမ်း၊ အမှု ထမ်းများ၏ လစာများနှင့် အငြိမ်စားလစာများကို ATM ကတ်အတွင်းသို့ ထည့်သွင်းပေးပါရန် ဘဏ်တွင် လျှောက်လွှာပေးထားခြင်းဖြင့်လည်း လစာများကို ATM ကတ်ဖြင့်ထုတ် ယူနိုင်မည်ဖြစ်ပါသည်။ ဖော်ပြပါ ဘဏ်ခွဲ(၅၅)ဘဏ်၌ (၅.၅.၂၀၁၇) ရက်နေ့မှ ထုတ်ဝေခဲ့သော ATM ကတ် များသည် E-commerce ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် https://www.myanmarpaymentunion.com သို့ ဝင်ရောက်၍ Online Enrollment ပြုလုပ်ရမည်ဖြစ်ပါသည်။
ရရှိနိုင်သည့်ဝန်ဆောင်မှု MEB ATM ကတ်ကိုင်ဆောင်သူများသည် ငွေသားကိုင်ဆောင်ရခြင်းမှ ကင်းဝေးစေရုံသာမက လုံခြုံစိတ်ချစွာဖြင့် ATM စက်တပ်ဆင်ထား သော မြန်မာ့စီးပွားရေးဘဏ် (၅၅)ဘဏ်အပြင် အခြား MPU အဖွဲ့ဝင် ဘဏ်များ၏ ATM စက်များတွင်လည်း လွယ်ကူလျှင်မြန်စွာ ငွေသား ထုတ်ယူနိုင်သည့်အပြင် MPU အဖွဲ့ဝင်ဘဏ်များ၏ ကုန်သည်များမှ ရောင်းချသော ရွှေ၊ ငွေနှင့် လက်ဝတ်ရတနာပစ္စည်းများ၊ ဒေသထွက် အမှတ်တရပစ္စည်းများ၊ ကားလက်မှတ်နှင့် လေယာဉ်လက်မှတ် ဝယ်ယူခြင်း၊ တယ်လီဖုန်း ဘီလ်ဖြည့်တင်းခြင်း၊ အခွန်ငွေပေးဆောင် ခြင်းကို Online မှတစ်ဆင့် ဆောင်ရွက်နိုင်ပါသည်။
ဝန်ဆောင်ခ ၂၀ဝိ/- (ကျပ်နှစ်ရာတိတိ) ပေးဆောင်ရမည်ဖြစ်ပါသည်။

Mobile Payment System

(က) Myanmar Mobile Money (MMM) မိုဘိုင်းဝန်ဆောင်မှု

လုပ်ငန်းစတင်သည့်ရက် ၁၅.၁၀.၂၀၁၅
ဝန်ဆောင်မှုရရှိနိုင်မည့်နေရာ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများသည် MMM မိုဘိုင်းငွေရေးကြေး ရေးစနစ်အား မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲ (၂၈၀) ဘဏ်တွင် လျှောက်လွှာတင်ပြီး အသုံးပြုနိုင်ပါသည်။
ဝန်ဆောင်မှုရယူရာတွင် လိုအပ်သည့်အချက်များ မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲ (၂၈၀) ဘဏ်တွင် လျှောက်လွှာတင်ထားပြီးသော မည်သည့် Sim Card ကိုင်ဆောင်သူ မဆို မိုဘိုင်းလ်ငွေရေးကြေးရေး ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပါ သည်။ မြန်မာမိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုကို စာတိုပို့စနစ် (SMS)၊ အမြန်စာတို ပို့စနစ် (USSD) နှင့် Application များဖြင့် အသုံးပြုနိုင်ပါ သည်။ စာတိုပို့စနစ် (SMS) ကို အသုံးပြုမည်ဆိုပါက Message box တွင် Join ကို ရိုက်ထည့်ပြီး 1666 သို့ SMS ပေးပို့ရမည်ဖြစ်သည်။ (USSD Code) အသုံးပြု ဆောင်ရွက်မည်ဆိုပါက (*666#) ကို နှိပ်ပြီး ဖုန်းခေါ်ဆိုပါက Menu Box အသုံးပြုစာမျက်နှာ ပေါ်လာမည်ဖြစ်ပါ သည်။ Application အသုံးပြုမည် ဆိုပါက Google play store မှ Download ပြုလုပ်ပြီး နီးစပ်ရာ MMM Agent ထံတွင် ထည့်သွင်း အသုံးပြုနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက Call Center -1211,1212 Hot Line: 36363939 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ရရှိနိုင်သည့်ဝန်ဆောင်မှု ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများသည် ငွေသားကိုင်ဆောင် ရခြင်းမှ ကင်းဝေးစေရုံသာမက မိုဘိုင်းလ်ငွေရေးကြေးရေး ဝန်ဆောင်မှု ဖြင့် ငွေသားသွင်းခြင်း၊ ငွေသားထုတ်ယူခြင်း၊ ကောင်တာတွင်ငွေလွှဲ ပေးပို့ခြင်း၊ ငွေလွှဲထုတ်ပေးခြင်း၊ တယ်လီဖုန်းဘီလ်ဝယ်ယူခြင်း၊ အငြိမ်း စားလစာများကိုလည်း ဘဏ်သို့ လာရောက်လျှောက်လွှာတင်ခြင်းဖြင့် မြန်မာ့စီးပွားရေးဘဏ် (သို့) MMM ကခန့်အပ်ထားသော ပြင်ပအေး ဂျင့်များထံတွင် အငြိမ်းစားလစာကို လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင် ပါသည်။

MMM, EasyPay ဖြင့် သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးပေးဆောင်ခြင်းဝန်ဆောင်မှု

လုပ်ငန်းစတင်သည့်ရက် ၁၈.၆.၂၀၁၉
ဝန်ဆောင်မှုရယူရာတွင် လိုအပ်သည့်အချက်များ မြန်မာ့အာမခံလုပ်ငန်း(မြင်သာရုံးခွဲ)တွင် သူတစ်ပါးထိခိုက်မှု အာမခံ ပရီမီယံကြေးအား လူကိုယ်တိုင်သွားရောက် ပေးဆောင်နိုင်သည့်အပြင် မိုဘိုင်းလ်စနစ်ဖြင့်ပေးဆောင်ခြင်းဝန်ဆောင်မှု သုံးစွဲလိုသူများအနေဖြင့် မည်သည့် Sim Card ကိုင်ဆောင်သူမဆို EasyPay Application အား Google play store http://bit.ly/2y9avfz နှင့် EasyPay website www.easypay.com.mm တို့တွင် Download ရယူ၍ စာရင်းသွင်းခြင်း (Registration) ပြုလုပ်ပြီး နီးစပ်ရာ MMM, EasyPay ကိုယ်စားလှယ် ထံတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။
ဝန်ဆောင်ခ ၇၀ဝိ/- (ကျပ်ခုနှစ်ရာတိတိ) ပေးဆောင်ရမည်ဖြစ်ပါသည်။

MMM, Easypay ဖြင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မှတ်ပုံတင်သက်တမ်းတိုးခြင်းနှင့်တိုင်းရင်းဆေး    

ဝါးကြော်ငြာခြင်း ဝန်ဆောင်မှု

လုပ်ငန်းစတင်သည့်ရက် ၁.၃.၂၀၂၀
ဝန်ဆောင်မှုရယူရာတွင် လိုအပ်သည့်အချက်များ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး မှတ်ပုံတင်သက်တမ်းတိုးခြင်းနှင့် တိုင်းရင်းဆေးဝါး ကြော်ငြာခွင့်အတွက် မိုဘိုင်းလ်စနစ်ဖြင့် ပေး ဆောင်ခြင်း ဝန်ဆောင်မှုကို သုံးစွဲလိုသူများအနေဖြင့် မည်သည့် Sim Card ကိုင်ဆောင်သူမဆို EasyPay Application အား Google play store http://bit.ly/2y9avfz နှင့် EasyPay website www.easypay.com.mm တို့တွင် Download ရယူ၍ စာရင်းသွင်းခြင်း (Registration) ပြုလုပ်ပြီး နီးစပ်ရာ MMM, EasyPay ကိုယ်စားလှယ် ထံတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။
ဝန်ဆောင်ခ ၁,၀၀ဝိ/- (ကျပ်တစ်ထောင်တိတိ) ပေးဆောင်ရမည်ဖြစ်ပါသည်။

(ခ) Wave Money ဖြင့် ပင်စင်လစာထုတ်ပေးခြင်းဝန်ဆောင်မှု

လုပ်ငန်းစတင်သည့်ရက် ၁.၄.၂၀၁၉
ဝန်ဆောင်မှုရရှိနိုင်မည့်နေရာ ပျဉ်းမနား၊ တပ်ကုန်း၊ ပုဗ္ဗသီရိ၊ ရန်ကုန်ဘဏ်ခွဲ (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆) ငွေစုဘဏ်ခွဲ(၁)၊ (၃)၊ (၄) ၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ မြောက်ဥက္ကလာပ၊ ဒဂုံ​(မြောက်)၊ လှည်းကူး၊ ခရမ်း၊ သုံးခွ၊ ကျောက်တန်း၊ တွံတေး၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ သန်လျင်၊ ဒဂုံ(တောင်)၊ မန္တလေးဘဏ်ခွဲ (၁)၊ (၂)၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ မြင်းခြံ၊ ရမည်းသင်း၊ အမရပူရ၊ ပုသိမ်ကြီး၊ ညောင်ဦး၊ တောင်သာ၊ တံတားဦး၊ နွားထိုးကြီး၊ စဉ့်ကိုင်၊ မတ္တရာ၊ မြစ်သား၊ ဝမ်းတွင်း၊ မလှိုင်၊ ဘီးလင်း၊ ပေါင်၊ သာစည်၊ ပျော်ဖွယ်၊ တိုက်ကြီး၊ မင်္ဂလာဒုံ၊ လယ်ဝေး၊ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ ၊ မအူပင်၊ ဖျာပုံ၊ အင်္ဂပူ၊ အိမ္မဲ၊ ဓနုဖြူ၊ ညောင်တုန်း၊ ငပုတော၊ ကြံခင်း၊ ဇလွန်၊ လေးမျက်နှာ၊ လပွတ္တာ၊ ပန်းတနော်၊ ဘိုကလေး၊ ကျိုက်လတ်၊ ကျောင်းကုန်း၊ ကဝ၊ ရွှေကျင်၊ ထန်းတပင်(တောင်ငူ)၊ ကျောက်ကြီး၊ ပေါက်ခေါင်း၊ မိုးညို၊ မော်လမြိုင်ကျွန်း၊ ဝါးခယ်မ၊ ရေကြည်၊ ကျုံပျော်၊ မြန်အောင်၊ ပခုက္ကူ၊ မကွေး၊ တောင်တွင်းကြီး၊ ချောက်၊ အောင်လံ၊ ရေနံချောင်း၊ ရေဦး၊ မြင်းမူ၊ မြောင်၊ တန့်ဆည်၊ ဝက်လက်၊ ချောင်းဦး၊ ဘုတလင်၊ ဟုမ္မလင်း၊ ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ မုံရွာ၊ ရေတာရှည်၊ ပဲခူး၊ တောင်ငူ၊ ဒိုက်ဦး၊ ဝေါ၊ ကျောက်တံခါး၊ အုတ်တွင်း၊ မင်းလှ(သာယာဝတီ)၊ နတ်တလင်း၊ ဇီးကုန်း၊ လက်ပံတန်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ ဖြူး၊ ညောင်လေးပင်၊ ပြည်၊ ရွှေတောင်၊ သဲကုန်း၊ ပေါင်းတည်၊ ပန်းတောင်း၊ သာယာဝတီ၊ မင်းဘူး၊ မြို့သစ်၊ ဆိပ်ဖြူ၊ ပေါက်၊ မြိုင်၊ မင်းလှ(သရက်)၊ စလင်း၊ သရက်၊ ပွင့်ဖြူ၊ ရေစကြို၊ ဂန့်ဂေါ၊ နတ်မောက်၊ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဝိုင်းမော်၊ လွိုင်ကော်၊ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ကျောက်တော်၊ မြောက်ဦး၊ တောင်ကုတ်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ အမ်း၊ မောင်တော၊ ဘူးသီးတောင်၊ ဂွ၊ ပေါက်တော၊ တောင်ကြီး၊ ကလော၊ လားရှိုး၊ တာချီလိတ်၊ လွိုင်လင်၊ ကျိုင်းတုံ၊ ရပ်စောက်၊ ညောင်ရွှေ၊ မော်လမြိုင်ဘဏ်ခွဲ(၁)၊ (၂)၊ မုဒုံ၊ သထုံ၊ ကျိုက်ထို၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ်၊ ဟားခါး၊ တီးတိန်၊ ဖလမ်း၊ မင်းတပ်နှင့် wave money က ခန့်အပ်ထားသော ပြင်ပအေးဂျင့်များ
ဝန်ဆောင်မှုရယူရာတွင်

လိုအပ်သည့်အချက်များ

ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများအနေဖြင့် အထက်ပါMEB ဘဏ် များတွင်Wave Money စနစ်ဖြင့် အငြိမ်းစားလစာထုတ်ယူခွင့် လျှောက် လွှာတင်ရမည်ဖြစ်ပြီး မိုဘိုင်းဖုန်းနံပါတ်ဖြင့် မှတ်ပုံတင်ခြင်း ပြုလုပ်ရ မည်ဖြစ်ပါသည်။
လူတွေ့စစ်ဆေးခံယူခြင်း Wave Money ဖြင့် အငြိမ်းစားလစာထုတ်ယူသော ဘဏ်နှင့်ဆက်သွယ် ဆောင်ရွက်သူများသည် ဘဏ်သို့ အကြိမ်ကြိမ်လာရောက်ရန်မလိုဘဲ ကိုယ်တိုင်ထုတ်ယူခြင်းဖြစ်ပါက ခြောက်လတစ်ကြိမ်၊ မိသားစုအငြိမ်းစား လစာဖြစ်ပါက သုံးလတစ်ကြိမ် ဘဏ်အရာထမ်းထံတွင် သက်ရှိ ထင်ရှားရှိကြောင်း လူတွေ့စစ်ဆေးခံရန် လိုအပ်ပါသည်။
ဝန်ဆောင်ခ ၃၀ဝိ/- (ကျပ်သုံးရာတိတိ) ပေးဆောင်ရမည်ဖြစ်ပါသည်။

(ဂ) MPT Money ဖြင့်ပင်စင်လစာထုတ်ပေးခြင်းဝန်ဆောင်မှု

လုပ်ငန်းစတင်သည့်ရက် ၁.၁.၂၀၂၀
ဝန်ဆောင်မှုရရှိနိုင်မည့်နေရာ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၄) ရန်ကုန်၊ ကမာရွတ်ဘဏ်ခွဲနှင့် MPT Money မှ ခန့်အပ်ထားသော ပြင်ပအေးဂျင့်များ
ဝန်ဆောင်မှုရယူရာတွင်

လိုအပ်သည့်အချက်များ

ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများအနေဖြင့် အထက်ပါ MEB ဘဏ် များတွင် MPT Money စနစ်ဖြင့် အငြိမ်းစားလစာထုတ်ယူခွင့် လျှောက် လွှာတင်ရမည်ဖြစ်ပြီး မိုဘိုင်းဖုန်းနံပါတ်ဖြင့် မှတ်ပုံတင်ခြင်း ပြုလုပ်ရ မည်ဖြစ်ပါသည်။
လူတွေ့စစ်ဆေးခံယူခြင်း MPT Money ဖြင့် အငြိမ်းစားလစာထုတ်ယူသော ဘဏ်နှင့်ဆက်သွယ် ဆောင်ရွက်သူများသည် ဘဏ်သို့ အကြိမ်ကြိမ်လာရောက်ရန်မလိုဘဲ ကိုယ်တိုင်ထုတ်ယူခြင်းဖြစ်ပါက ခြောက်လတစ်ကြိမ်၊ မိသားစုအငြိမ်းစား လစာဖြစ်ပါက သုံးလတစ်ကြိမ် ဘဏ်အရာထမ်းထံတွင် သက်ရှိထင် ရှားရှိကြောင်း လူတွေ့စစ်ဆေးခံရန် လိုအပ်ပါသည်။
ဝန်ဆောင်ခ ၃၀ဝိ/- (ကျပ်သုံးရာတိတိ) ပေးဆောင်ရမည်ဖြစ်ပါသည်။

(ဃ) Mytel Pay ဖြင့် ပင်စင်လစာထုတ်ပေးခြင်းဝန်ဆောင်မှု

လုပ်ငန်းစတင်သည့်ရက် ၁.၃.၂၀၂၀
ဝန်ဆောင်မှုရရှိနိုင်မည့်နေရာ မြန်မာ့စီးပွားရေးဘဏ် အင်းစိန်၊ ကမာရွတ်ဘဏ်ခွဲ နှင့် Mytel Pay မှ ခန့်အပ်ထားသော ပြင်ပအေးဂျင့်များ
ဝန်ဆောင်မှုရယူရာတွင်

လိုအပ်သည့်အချက်များ

ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများအနေဖြင့် အထက်ပါ MEB ဘဏ် များသို့လာရောက်၍ Mytel Pay စနစ်ဖြင့် အငြိမ်းစားလစာ ထုတ်ယူခွင့် လျှောက်လွှာတင်ရမည်ဖြစ်ပြီး မိုဘိုင်းဖုန်းနံပါတ်ဖြင့် မှတ်ပုံတင်ခြင်း ပြုလုပ်ရမည်ဖြစ်ပါသည်။
လူတွေ့စစ်ဆေးခံယူခြင်း Mytel Pay စနစ်ဖြင့် အငြိမ်းစားလစာထုတ်ယူသော customer များ သည် ဘဏ်သို့ အကြိမ်ကြိမ်လာရောက်ရန်မလိုဘဲ ကိုယ်တိုင်ထုတ်ယူ ခြင်းဖြစ်ပါက ခြောက်လတစ်ကြိမ်၊ မိသားစုအငြိမ်းစားလစာ ဖြစ်ပါက သုံးလတစ်ကြိမ် ဘဏ်အရာထမ်းထံတွင် သက်ရှိထင်ရှားရှိကြောင်း လူတွေ့စစ်ဆေးခံရန် လိုအပ်ပါသည်။
ဝန်ဆောင်ခ ၃၀ဝိ/- (ကျပ်သုံးရာတိတိ) ပေးဆောင်ရမည်ဖြစ်ပါသည်။

(င)  OK$ မိုဘိုင်းငွေပေးချေမှုဝန်ဆောင်မှု

လုပ်ငန်းစတင်သည့်ရက် ၂.၁.၂၀၁၉
ဝန်ဆောင်မှုရရှိနိုင်မည့်နေရာ ဘဏ်ခွဲ (၃) ရန်ကုန်၊ ကြည့်မြင်တိုင်၊ ပျဉ်းမနား၊ ဘဏ်ခွဲ (၂) မန္တလေး၊ ဟုမ္မလင်း၊ ကောလင်း၊ မတူပီ၊ မိုးညှင်းနှင့် OK$ ကခန့်အပ်ထားသော ပြင် ပအေးဂျင့်များ
ဝန်ဆောင်မှုရယူရာတွင်

လိုအပ်သည့်အချက်များ

OK$ မိုဘိုင်းငွေပေးချေမှုဝန်ဆောင်မှုကို သုံးစွဲလိုသူများအနေဖြင့် မည် သည့် Sim Card ကိုင်ဆောင်သူမဆို OK$ Application အား Google play store တွင် Download ရယူ၍ စာရင်းသွင်းခြင်း (Registration) ပြုလုပ်ပြီး နီးစပ်ရာ OK$ ကိုယ်စားလှယ်ထံတွင် ထည့်သွင်းအသုံးပြုနိုင် ပြီး Sim Card (1) တွင် ထားရှိရမည်ဖြစ် ပါသည်။ အသေးစိတ်သိရှိလိုပါ က http://bit.ly/2HU0Wot သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။
ရရှိနိုင်သည့်ဝန်ဆောင်မှုများ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ တယ်လီဖုန်းဘီလ် Topup ဖြည့်သွင်းခြင်း၊ ရန်ကုန်လျှပ်စစ်မီတာဘီလ်ကောက်ခံခြင်း
ဝန်ဆောင်ခ ငွေသွင်းခြင်းအတွက် (၂၀ဝိ) ကျပ် ၊ ငွေထုတ်ခြင်းအတွက် (၅၀ဝိ) ကျပ်၊  ရန်ကုန်လျှပ်စစ်မီတာဘီလ်ပေးဆောင်ခြင်းအတွက် ကျပ် (၂၀ဝိ) ပေးရ မည်ဖြစ်ပါသည်။