e-Pension စနစ်ဖြင့် ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်း

မြန်မာ့စီးပွားရေးဘဏ်သည် အငြိမ်းစားဝန်ထမ်းများသို့ ပင်စင်လစာထုတ်ပေးခြင်း လုပ်ငန်းကို (၁-၁၀-၁၉၇၂)နေ့မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ ပင်စင်လစာကို လွယ် ကူလျင်မြန်စွာ အချိန်မရွေးထုတ်ယူနိုင်ရန် ရည်ရွယ်၍ IT နည်းပညာအသုံးပြုသည့် e-Pension စနစ်ဖြင့် အငြိမ်းစားလစာထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လမှစတင်ဆောင်ရွက်ခဲ့ပါသည်။

ယခုအချိန်တွင် အောက်ဖော်ပြပါ ဘဏ်ခွဲပေါင်း(၃၀၂)ဘဏ်တွင် e-Pension စနစ်ဖြင့် ပင်စင်လစာများ ထုတ်ပေးလျက်ရှိပါသည်-

(က)   ခရိုင်ဘဏ်ခွဲ            (၇၄)  ဘဏ်

(ခ)     မြို့နယ်ဘဏ်ခွဲ        (၂၁၃) ဘဏ်

(ဂ)     ဘဏ်ငွေတိုက်ခွဲ      (၁၅)  ဘဏ်

စုစုပေါင်း                (၃၀၂) ဘဏ်

E-Pension Card ပြုလုပ်ရန်အတွက် ဘဏ်ခွဲတွင် အငြိမ်းစားမှ အောက်ဖော်ပြပါအတိုင်း သွားရောက်ဆောင်ရွက်ရမည် ဖြစ်ပါသည်-

(က)   အငြိမ်းစား၏ ဓာတ်ပုံ

(ခ)     အငြိမ်းစား၏ လက်ဗွေ

(ဂ)     အငြိမ်းစား၏ ထိုးမြဲလက်မှတ်

(ဃ)   Card တန်ဖိုး ကျပ်-၃၅၀၀/- ပေးသွင်းရန်

          အငြိမ်းစားများသည် မြန်မာ့စီးပွားရေးဘဏ်သို့ Standing Instruction ပေးအပ်ပြီး ဘဏ်ဝန်ဆောင်ခကျပ်-၂၀၀/- ပေး၍ အောက်ပါနည်းလမ်းများဖြင့်ပင်စင်လစာကို စာရင်းပြောင်း ဆောင်ရွက်နိုင်ပါသည်။ ဘဏ်သို့ လစဉ်လာရောက်ရန်မလိုပါ။

(က)   Current A/C

(ခ)     Saving A/C

(ဂ)     Myanmar Mobile Money (MMM)

(ဃ)   ATM

(င)     MPT Money

(စ)     Wave Money

(ဆ)   Mytel Pay

အငြိမ်းစားများသည် (၆)လတစ်ကြိမ် လူတွေ့စစ်ဆေးခံရန် လိုအပ်ပါသည်။ MMM, MPT Money, Wave Money,  Mytel Pay စနစ်ဖြင့် မိသားစုပင်စင်လစာထုတ်ယူနေသော အငြိမ်းစား များသည် (၃)လတစ်ကြိမ် လူတွေ့စစ်ဆေးခံရန် လိုအပ်ပါသည်။

          e-Pension စနစ်ဖြင့် အငြိမ်းစားလစာထုတ်ယူခြင်းအတွက် ဘဏ်သို့ (၂)ကြိမ် လာရောက်ရန်မလိုအပ်ခြင်း၊ တန်စီစောင့်ဆိုင်းထုတ်ယူရန်မလိုအပ်ခြင်း၊ ဘဏ်ဖွင့်ရက်မည်သည့်နေ့ရက်မဆို ထုတ်ယူနိုင်ခြင်း၊ ကြိုက်နှစ်သက်ရာ စာရင်းပြောင်းနည်းများဖြင့် ထုတ်ယူနိုင်ခြင်းစသော အကျိုးကျေးဇူးများရရှိပါသည်။