တတိယအကြိမ်မြောက်(၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်)နှင့် စတုတ္ထအကြိမ်မြောက်(၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်)မြန်မာနိုင်ငံ EITI သစ်တောကဏ္ဍ အစီရင်ခံစာများ

၁။      တတိယအကြိမ်မြောက်(၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်)နှင့် စတုတ္ထအကြိမ်မြောက်(၂၀၁၇ -၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်) မြန်မာနိုင်ငံ EITI သစ်တောကဏ္ဍအစီရင်ခံစာများအား မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် Independent Administrator(IA)ဖြစ်သည့် BDO မှသက်ဆိုင်ရာ အစိုးရဌာနများ၊ ကုမ္ပဏီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ ဝိုင်းဝန်းပံ့ပိုးမှုဖြင့် ရေးသားပြုစုခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၅)ရက် နေ့၌ မြန်မာ နိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အတည်ပြုချက်ဖြင့် နိုင်ငံတကာ EITI အတွင်း ရေးမှူးရုံးသို့ ယင်းအစီရင်ခံစာအား ပေးပို့ တင်သွင်းနိုင်ခဲ့ပြီး မြန်မာနိုင်ငံ EITI Website နှင့် လူမှုကွန် ယက်စာမျက်နှာများတွင်လည်း ထုတ်ပြန်နိုင်ခဲ့ပါသည်။ ထိုသို့အစီရင်ခံ စာအား အချိန်မှီထုတ်ပြန်နိုင်ရန်အတွက် ပူးပေါင်းပံ့ပိုးကူညီခဲ့သည့်အပေါ် အထူးကျေးဇူးတင်ရှိအပ်ပါသည်။

၂။       သို့ဖြစ်ပါ၍ ယခုထုတ်ပြန်ထားရှိသော တတိယအကြိမ်မြောက်(၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေး နှစ်)နှင့် စတုတ္ထအကြိမ်မြောက် (၂၀၁၇ -၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်) မြန်မာနိုင်ငံ EITI သစ်တောကဏ္ဍ အစီရင်ခံစာများနှင့် နောက်ဆက်တွဲများအား လေ့လာဖတ်ရှု နိုင်ပါသည်။

myanmar_forestry_eiti_final_report_2016-17_final_-_signed

Annex A – Brief Description of Some Minor Forest Products