Customer များသို့ မေတ္တာရပ်ခံချက်

မြန်မာ့စီးပွားရေးဘဏ်၊ ရန်ကုန်တိုင်းဒေသကြီးရုံး ATM Data Center ရှိ Main Server နှင့် မြန်မာ့စီးပွား ရေးဘဏ်ခွဲ(၅၄) ဘဏ်ရှိ ATM စက်များ လုံခြုံမှုရှိစေရန်နှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရန်အတွက် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့ ညနေ(၄ : ၀၀) နာရီအချိန်မှ ဧပြီလ (၁၇) ရက်နေ့ ညနေ (၃ : ၀၀) နာရီအချိန်အထိလည်းကောင်း၊ နေပြည်တော်ဧရိယာရှိ ATM စက် (၁၅) လုံးသည် တစ်နေရာနှင့် တစ်နေရာ လွန်စွာဝေးကွာသောကြောင့် အချိန်ယူဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အဆိုပါစက်များ ကိုမူ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့ နံနက် (၇ : ၀၀)နာရီအချိန်မှ ဧပြီလ (၁၈)ရက်နေ့ နံနက် (၉: ၀၀) နာရီအချိန်အထိလည်းကောင်း ခေတ္တရပ်ဆိုင်းမည်ဖြစ်ပါကြောင်း Customer များအား လေးစားစွာဖြင့် ကြိုတင်အသိပေး မေတ္တာရပ်ခံအပ်ပါသည်။